၂၀၁၈ ထဲထွက်ရှိမယ့် Tank MOBA ဂိမ်း ‘Panzer League’

ဒီတလောမှာတော့ Developer တွေအားလုံး MOBA ဂိမ်းတွေပဲထုတ်တော့မှာလားလို့ ထင်ရလောက်အောင် MOBA နဲ့ပတ်သက်တဲ့သတင်းတွေချည်းပဲ မြင်နေရပါတယ်။ Square Enix ရဲ့ Flame Versus Blaze ၊ Tencent ရဲ့ Arena of Valor ပြီးတော့သတင်းထွက်လာကတော့ CipSoft ရဲ့ Panzer League ဖြစ်ပါတယ်။ CipSoft က တဖြည်းဖြည်းနဲ့ကျယ်ပြန့်လာတဲ့ MOBA စျေးကွက်ထဲကို ဒီတိုင်းဝင်လာရင် အောင်မြင်ဖို့မလွယ်ဘူးလို့ယူဆပုံရပါတယ်။ ဒါကြောင့် Fantasy Hero တွေနဲ့ပြည့်နှက်နေတဲ့ Mobile MOBA လောကထဲကို သူ့ရဲ့ Concept အသစ်နဲ့ထိုးဖောက်ဖို့ကြိုးစားလာပါတယ်။

ဒီဂိမ်းမှာ ကစားသူတွေဟာ တင့်ကားတွေကိုထိန်းချုပ်ပြီး ရန်သူအသင်းကိုတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ 4v4 ပုံစံနဲ့ကစားရမှာဖြစ်ပြီး မြေပုံပေါ်မှာရှိတဲ့ Objective တွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားရမှာပါ။ ပါဝင်တဲ့တင့်ကားတွေကလည်း MOBA ဂိမ်းတွေထုံးစံအတိုင်း တစ်စီးနဲ့တစ်စီး စွမ်းဆောင်ရည်ချင်း ကွဲပြားကြမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့တင့်ကားတွေကိုအလှဆင်ဖို့ Cosmetic Item တွေပါ ပါဝင်ဦးမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက တင့်ကားတွေက ခေတ်လွန်ဒီဇိုင်းတွေဖြစ်လို့ Panzer League ဟာ Historical Tank တွေကိုပဲ ခံစားလို့ရတဲ့ တင့်ကားချစ်သူတွေအတွက်တော့ မဟုတ်ပါဘူး။

Panzer League ကိုလောလောဆယ် Android မှာ Soft Launch လုပ်ထားပါတယ်။ အသွင်အဆန်းနဲ့ MOBA ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စောင့်ကြည့်ရမယ့်စာရင်းထဲတော့ ထည့်သွင်းထားသင့်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်နဲ့ MOBA စျေးကွက်မှာ နေရာတစ်နေရာ ရယူနိုင်မယ့်ဂိမ်းဖြစ်လာမလားဆိုတာကတော့ Official Release လုပ်မယ့် ၂၀၁၈ ကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password