Tank ကားကြီးတွေနဲ့ အချင်းချင်းပစ်ခတ်နေရမယ့် Tank Hero!

Tank ကားကြီးတွေအများကြီးတွေ့မြင်ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ Tank ကားကြီးတွေအများကြီးရှိပေမဲ့မိတ်ဆွေ ဘက်မှာတော့ တစ်ယောက်မှရှိနေမှာမဟုတ်ပါဘူး။ ရှိသမျှ Tank ကားကြီးတွေရဲ့ Target ကမိတ်ဆွေဖြစ်နေမှာကြောင့် အများနဲ့တစ်ယောက်ဆော့ရမယ့်ဂိမ်းပါ။ အဓိကလက်နက်အနေနဲ့ ကတော့ Tank ကားတွေမှာပါတဲ့ ဒုံးကျည်တွေပါ။ အဲ့ဒီ ဒုံးကျည်တွေက မိတ်ဆွေဆီမှာရော မိတ်ဆွေရဲ့ ရန်ဘက်Tank ကားတွေမှာရော ပါနေမှာဖြစ်ပါတယ်။ အဲ့ဒါနဲ့ မိတ်ဆွေက ပစ်လိုက်၊ ရန်သူပစ်တာကိုရှောင်လိုက်နဲ့ ဆော့နေရမှာပါ။

မိတ်ဆွေ ပစ်ရမယ့် Battle Field က ကွင်းပြင်ကြီးလိုဖြစ်နေမှာမဟုတ်ဘဲ ထောင်ချောက်တွေ၊ ပစ္စည်းတွေနဲ့ပြည့်နေမှာဖြစ်ပါတယ်။ မိတ်ဆွေက ပေးထားတဲ့ပစ္စည်း တွေကိုအကာအကွယ်ယူပြီး ပစ်ခတ်ရင် နိုင်ဖို့အခွင့်အရေးကပိုများပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေကို အသက် ၃ ခုပေးထားမှာဖြစ်ပါတယ်။ ရန်သူပစ်တာကို ထိမိတာ (သို့) ထောင်ချောက်တွေနဲ့ ထိမိတာ ဆိုရင်တော့ မိတ်ဆွေရဲ့ အသက်ကိုနှုတ်သွားမှာဖြစ်ပါတယ်။ တစ်ခါထိမိရင် အသက်တစ်ခု နှုတ်သွားမှာဖြစ်ပါတယ်။ မိတ်ဆွေ သုံးခါထိမိရင်တော့ Game Over မှာဖြစ်ပါတယ်။ Battle Field မှာရှိသမျှ Tank ကားတွေအားလုံးကိုမိတ်ဆွေက ပျက်စီးသွားအောင်ပစ်ခတ်နိုင်ရင်တော့Level တစ်ခုအောင်သွား မှာဖြစ်ပါတယ်။

 

စစချင်းမှာ Campaign, Survival နဲ့ Time Trial ဆိုပြီး Option ၃ ခုရှိနေမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေဆော့နိုင်တဲ့ Level 120 ကျော်ပါဝင်ပါတယ်။ မိတ်ဆွေ ပစ်ခတ်ရမယ့် Battle Field ကလည်း မတူညီတဲ့နေရာ ၃ မျိုးကျော်ရှိတာကိုတွေ့ရမှာပါ။ မိတ်ဆွေရွေးချယ်ဖို့ မတူညီတဲ့လက်နက် ၅ မျိုးကိုလည်းပေးထားပါသေးတယ်။ ဗုံး၊ မီးသေနတ် စတာတွေအပါအဝင်ပါ။ အဲ့ဒီလက်နက်တွေကိုတော့ မိတ်ဆွေကိုယ်တိုင် Unlock လုပ်ရမှာဖြစ်ပါတယ်။

 

 

မိတ်ဆွေ ရဲ့ ရန်သူတွေ ဖြစ်တဲ့ AI Tank အမျိုးအစား အနေနဲ့ ၅ မျိုးရှိတာကိုတွေ့ရမှာပါ။ မိမိရဲ့ Tank ကားကိုထိန်းချုပ်နိုင်တဲ့ Skill ကိုစမ်းသပ်ချင်ရင် တော့ Survival Mode မှာစမ်းသပ်နိုင်မှာဖြစ်ပါတယ်။ Survival Mode မှာ မိတ်ဆွေ ရဲ့ Tank ကိုဝိုင်း ဖိုက်ဖို့ Tank ကားတွေအများရှိနေမှာပါ။ မိတ်ဆွေက အဲ့ဒီTank ကားပစ်ခတ်ပြီး ရှင်သန်အောင် အစွမ်းကုန် ကြိုးစားနေရမှာပဲဖြစ်ပါတယ်။ Tablet တွေကိုပါ Support ပေးပါတယ်။ Offline ဆော့နိုင်တဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ Strategy ကောင်းကောင်းရှိပြီး လျင်မြန်မှုရှိမှသာ အနိုင်ရရှိမယ့်ဂိမ်းလေးဖြစ်ပါတယ်။

Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Android မှာတော့ Free To Play ပေမဲ့ IOS မှာတော့ Dollar 0.99 နဲ့ဝယ်ယူနိုင်ပါတယ်။ 3D Action တွေပါဝင်ပြီး File Size က 16MB သာရှိတဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=com.clapfootgames.tankhero

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password