Reviews

Tabby Award ရရှိခဲ့တဲ့ မီနီ Battle Royale ဂိမ်း Battlelands Royale

ဒီတစ်ခေါက်မှာတော့ Tablet တွေနဲ့ iPad တွေအတွက် Tabby Award ရခဲ့တဲ့ Battle Royale ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက Battle Royale ဂိမ်းတစ်ခုဆိုပေမယ့် PUBG တို့ Fortnite တို့လို အကြမ်းစားပုံစံမျိုးမဟုတ်ပါဘူး။ Cute type ပုံစံမျိုးလေးပါ။

Battlelands Royale ရဲ့ ထိန်းချုပ်မှုစနစ်က အရမ်းကို ရိုးရှင်းပါတယ်။ သင့်ဖုန်း မျက်နှာပြင်ရဲ့ဘယ်ဘက်အခြမ်းက ကျွန်းပတ်ပတ်လည်ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုရမှာဖြစ်ပြီး ညာဘက်အခြမ်းကို ကိုယ်ရည်မှန်းချက်ရောက်အောင်လုပ်ဖို့နဲ့ ပစ်ခက်တဲ့နေရာမှာ သုံးနိုင်မှာဖြစ်ပါတယ်။အဲ့တာကြောင့် ဂိမ်းထဲမှာ အနိုင်ရရှိဖို့အတွက် အခြားခလုတ်တွေအသုံးပြုဖို့ မလိုတော့ပါဘူး။

ဂိမ်းကို ကစားနေရင်းနဲ့ လက်နက်တွေက ကျွန်းပေါ်ကို ပြုတ်ပြုတ်ကျလာမှာပါ။ Battlelands Royale နဲ့ Fortnite/PUBG တို့ရဲ့အဓိက ကွာခြားချက်ကတော့ ဂိမ်းကစားချိန် ၅မိနစ်ထက် မပိုတာပါ။ မီနီဂိမ်းအသေးစားလေးဆိုတော့ ကစားရတာလည်း အချိန်သိပ်မပေးရပါဘူးနော်။ သူက Battle Royale ဂိမ်းကိုမှ အသေးစားမီနီဂိမ်းပုံစံလေးဖြစ်တာကြောင့် Battle Royale ကို ပုံစံတစ်မျိူးနဲ့ ကစားချင်ရင်ရွေးချယ်သင့်ပါတယ်။

Battlelands Royale ကို Android ရော iOS ရောမှာ ကစားလို့ရနေပါပြီ။နမူနာဗီဒီယိုလေးကို အောက်မှာ ပြပေးထားပါတယ်။ Tabby award တောင်ရရှိထားတဲ့ဂိမ်းလေးဆိုတော့ Battle Royale ဂိမ်း crazy ဆိုရင် လုံးဝကို ကစားဖူးသင့်တယ်နော်…B)B)B)

သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ…တကယ့်ကို ချစ်ဖို့ကောင်းလွန်းတဲ့ Battle Royale ဂိမ်းလေးပါနော်…XD XD XD

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password