Sword Art Online ပရိသတ်တွေအတွက် Sword Art Online: Memory Defrag

Sword Art Online (SAO) ဆိုတဲ့ နာမည်ဟာ ဂျပန်ကာတွန်း (Anime) ပရိသတ်တွေအတွက် မစိမ်းကားလှတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲဟာ ကမ္ဘာတစ်ဝန်းမှာ အထူးနာမည်ကျော်ကြားတာမို့ ဂိမ်းတွေလည်း အများကြီးထွက်ရှိပြီး ဖြစ်ပါတယ်။ ယခု မိတ်ဆက်ပေးချင်တာကတော့ Sword Art Online ဂိမ်းတွေထဲက mobile platform အတွက် နောက်ဆုံးထွက်ရှိထားတဲ့ Sword Art Online: Memory Defrag ဆိုတဲ့ဂိမ်းပဲ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ အရင်ဂိမ်းအချို့လို SAO ဇာတ်လမ်းရဲ့ arc တစ်ခုတည်းကို အခြေခံထားတာမဟုတ်ပဲ Sword Art Online ၊ ALfheim Online နဲ့ Gun Gale Online arc သုံးခုလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ဂိမ်းရဲ့ အဓိကဇာတ်လမ်းကတော့ anime ထဲကအတိုင်းပဲဖြစ်တာမို့ anime ကြည့်ပြီးသူတွေက စကားပြောခန်းအများစုကို ကျော်ချင်ကျော်လို့ရပါတယ်။ Anime မကြည့်ဖူးသူတွေအတွက် ဇာတ်လမ်းအကျဉ်းလေး ပြောပြချင်ပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Kirito ဟာ Sword Art Online ဆိုတဲ့ Virtual Reality ဂိမ်းထဲမှာ ပိတ်မိနေပြီး ဂိမ်းထဲကနေ ပြန်ထွက်ဖို့အတွက် အဲဒီဂိမ်းကို အောင်နိုင်အောင် ကစားရမှာပါ။ တစ်ခုရှိတာက ဂိမ်းထဲက ဇာတ်ကောင် သေတာနဲ့ အပြင်က ကစားတဲ့သူပါ လိုက်သေမှာ ဖြစ်တဲ့အတွက် ကစားချင်သလို ကစားလို့မရပါဘူး။ ဒီဇာတ်လမ်းကတော့ Kirito နဲ့ သူ့ရဲ့သူငယ်ချင်းအပေါင်းအပါတွေ ဒီသေမင်းဂိမ်းထဲကနေ လွတ်မြောက်အောင် ကြိုးစားရတဲ့ စွန့်စားခန်း အကြောင်းပဲ ဖြစ်ပါတယ်။

Bandai Namco ဟာ ဒီဂိမ်းကိုတော့ အရင် SAO mobile ဂိမ်းတွေနဲ့မတူအောင် Action-RPG အနေနဲ့ ထုတ်လုပ်ထားပါတယ်။ တိုက်ပွဲထဲကို ရောက်သွားပြီဆိုရင် character တစ်ယောက်ကို ထိန်းချုပ်ပြီး ရန်သူတွေကို တိုက်ခိုက်ရမှာပါ။ လက်တစ်ချောင်းတည်းနဲ့ ထိန်းချုပ်လို့ရအောင် ဖန်တီးထားတာမို့ အစပိုင်းမှာတော့ နည်းနည်း အခက်အခဲ တွေ့နိုင်ပါတယ်။ အထူးသဖြင့် parry လုပ်ရတာက တော်တော်လေး လေ့ကျင့်ပြီးမှ အဆင်ပြေပြေ သုံးတတ်မှာပါ။ Switch mechanic ကို အဆင်ပြေအောင် ထည့်သွင်းထားတာကိုတော့ တော်တော် သဘောကျမိပါတယ်။ ရန်သူချတာကို parry လုပ်ပြီးတာနဲ့ အခြား character တစ်ယောက်နဲ့ နေရာချင်း လဲလို့ရပါတယ်။ နေရာလဲပြီး ဝင်လာတဲ့ character က ရန်သူကို critical attack နဲ့ ချမှာဖြစ်လို့ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့အတွက် အရေးပါတဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် combat interface ကို ဘယ်သန်၊ ညာသန် နှစ်မျိုးလုံးအတွက် အဆင်ပြေအောင် ပြောင်းလို့ရတာမို့ လူတိုင်းအတွက် အဆင်ပြေစေမှာပါ။

 .         

Character တွေမှာ talent စနစ် ပါဝင်တဲ့အတွက် RPG အရသာကို ခံစားရမှာပါ။ ဒါ့အပြင် ပုံမှန် RPG ဂိမ်းတွေမှာပါဝင်တဲ့ လက်နက်ကို အဆင့်မြင့်တင်တာတွေ၊ skill လေ့လာတာတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လက်နက်နဲ့ character တွေကို gacha ကနေ ကံစမ်းရယူရမှာ ဖြစ်တဲ့အတွက် ကံတော့ ကောင်းဖို့လိုပါတယ်။ ဆန္ဒရှိတယ်ဆိုရင်တော့ ပိုက်ဆံနဲ့ Memory Diamond တွေဝယ်ပြီး ကံစမ်းနိုင်ပါတယ်။ ဒီဂိမ်းဟာ SAO ဇာတ်လမ်းတစ်ခုလုံးကို ကျကျနန ပြောပြသွားမှာဖြစ်လို့ SAO အကြောင်း မသိသူတွေအတွက် SAO Fandom ထဲဝင်ဖို့ လမ်းစကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ SAO ပရိသတ်တွေကတော့ မိမိကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တွေကို ရယူစုဆောင်းနိုင်မှာ ဖြစ်ပြီး gameplay ကလည်း မဆိုးလှတာမို့ အကြိုက်တွေ့ကြမှာပါ။ Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာဖြစ်တဲ့အတွက် မိမိအကြိုက်နဲ့ကိုက်မကိုက် သိရအောင် စမ်းသပ် ဆော့ကစားကြည့်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Image Sources:

http://sao-md.bn-ent.net/en/

https://itunes.apple.com/us/app/sword-art-online-memory-defrag/id1192559270?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password