ရေပေါ်ကအိမ်လေးပေါ်မှာ အထာကျကျသားရိုင်းကောင်တွေကိုပစ်ခတ်ရမယ့် Swamp Attack!

ဒီဂိမ်းမှာမိတ်ဆွေရဲ့ အဓိကတာဝန်ကတော့ ရေပေါ်ကအိမ်လေးကိုကာကွယ်ရမှာဖြစ်ပါတယ်။ ရေအောက်ကသားရိုင်းကောင်တွေ၊ Zombie တွေမဖျက်ဆီးနိုင်အောင်ကာကွယ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ အိမ်ကိုဖျက်ဆီးမယ့်ကောင် တွေ က သာမာန်မဟုတ်တာကြောင့် လက်ဗလာကြီးနဲ့ရင်ဆိုင်ရမှာမဟုတ်ဘဲ လက်နက်အစုံအလင်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေ အဓိကအသုံးပြုရမယ့် လက်နက်ကတော့ သေနတ်ပဲဖြစ်ပါတယ်။ မိတ်ဆွေက အဲ့ဒီသေနတ်တွေနဲ့ ကျွန်တော်အပေါ်ဆုံးမှာပြောခဲ့သလို အိမ်လေးပေါ်ကနေအထာကျကျပစ်ခတ်ရမှာဖြစ်ပါတယ်။ ဘာလို့အထာထာကျကျလို့ ပြောလဲဆိုတော့ မိတ်ဆွေရဲ့ Character က ခုံလေးကို လှုပ်၊ ရေဒီယို ထဲကသီချင်းဖွင့်ပြီးပစ်ခတ်မှာမို့လို့ပါ။ မိတ်ဆွေကာကွယ်ရမယ့် အိမ်မှာ သွေတန်းရှိပါတယ်။ ရန်သူတွေမိတ်ဆွေရဲ့အိမ်နားကိုကပ်ပြီး တစ်ချက်ချတိုင်း သွေးတန်းကြီးကလျော့သွားမှာဖြစ်ပါတယ်။ အဲ့ဒီသွေးတန်းကြီးကုန်သွားရင်တော့ Game Over မှာဖြစ်ပါတယ်။

 

 

စစချင်း မိတ်ဆွေဆီမှာပိုင်ဆိုင်တဲ့ လက်နက်တွေကတော့ Shotgun နဲ့ Dynamite အချို့သာဖြစ်ပါတယ်။ Uzi, M16, Flamethrower, Minigun စတာတွေအပြင် အခြားသောလက်နက်တွေလည်းပါဝင်တာကိုတွေ့ရမှာပါ။ ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေ၊ အိမ်နီးချင်းတွေကို အကူအညီတောင်းပြီးပစ်ခတ်ခိုင်းတာတွေ စတဲ့ Option တွေလည်းပါဝင်ပါတယ်။

 

 

နောက်တစ်ခုကတော့ မိတ်ဆွေဆော့ရမယ့် Mission တွေပါ။ Mission တွေအနေနဲ့က ၃၀၀  ကျော်လောက်ပါဝင်တာကိုတွေ့ရမှာပါ။ Episode အနေနဲ့ကတော့ ၈ ခုပါ။ Mission တွေ မြင့်လာတာနဲ့အမျှ အမျိုးအစားမတူတဲ့ Zombie တွေ၊ သားရိုင်းကောင်တွေ တွေ့မြင်လာမှာဖြစ်ပြီး ပိုမိုလည်းကြမ်းတမ်းလာမှာဖြစ်ပါတယ်။ အဲ့ဒီတော့ မိတ်ဆွေဘက်ကလည်း လက်နက်တွေကို အမြဲတမ်း Upgrade လုပ်နေရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းနဲ့ အတူ Multiplayer လည်းကစားနိုင်ပါသေးတယ်။ Multiplayer မှာကတော့ သားရိုင်းကောင်တွေကြားမှာ  ပိုကြာကြာ survive လုပ်နိုင်တဲ့လူကသာအနိုင်ရမှာဖြစ်ပါတယ်။

Free To Play ဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Action နဲ့ Shooting နှစ်မျိုးကိုရောစပ်ဖန်တီးထားပြီး အထာကျကျပစ်ခတ်ရမယ့်ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : https://play.google.com/store/apps/details?id=com.outfit7.movingeye.swampattack

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password