
NetEase Game Company က ခလှမ်းကျဲကျဲနဲ့ Mobile Game လောကထဲ တိုးဝင်လာတာဖြစ်ပြီး မကြာသေးခင်ကမှ ထုတ်လိုက်တဲ့ အမိုက်စား Game ဖြစ်တဲ့ Survivor Royale ဆိုတဲ့ Android Mobile Game လေးနဲ့ Playon ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းသွားကိုမှ ကြိုက်ပြီး Counter Strike ကို နှစ်သက်တဲ့ သူတွေအတွက်ကတော့ တကယ်ကို အကြိုက်တွေ့စေမယ့်ဂိမ်းမှာပဲ။ စတင်ကစားသူတွေ Guide Line အတိအကျပေးမှာဖြစ်ပြီး သင့်ကို Battel Field ထဲမှာ အကောင်းဆုံးတိုက်ခိုက်တတ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။ ဂိမ်းရဲ့ လုပ်ဆောင်ချက်က ခက်ခက်ခဲခဲ သိပ်မပါပဲ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ စိတ်ပါဝင်စားအောင် ဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။
Survivor Royale ရဲ့ သဘောကတော့ မိမိလွတ်မြောက်ရေးနဲ့ နောက်ဆုံးကျန်ခဲ့သူဖြစ်ဖို့ လူ အယောက် 100 လာက်နီးပါးရှိတဲ့ Battel Field ထဲမှာ ရှင်သန်နိုင်ဖို့ ပစ်ခတ်ရမှာဖြစ်ပါတယ်။ တစ်ယောက်ထဲ ကစားနိုင်သလို ကိုယ့် အပြင် နောက် တစ်ယောက်ယောက် ပါ အကူခေါ်ပြီး ကစားနိုင်ပါတယ်။ကိုယ် ဇာတ်ကောင်ကို ကိုယ်ကြိုက်တဲ့ပုံစံ ခပ်မိုက်မိုက်ပုံစံ ဆင်လို့ရပြီး လက်နက်တွေနဲ့ ဆေးဝါးအပြင် တခြား ပစ္စည်းတွေကို PUBG ကလို Battel Field ထဲမှာ ရယူနိုင်မှာဖြစ်ပါတယ်။
ပြဿနာတခုရှိတာက Online Game ဖြစ်တဲ့အတွက် WiFi Sever မကောင်းရင် ကိုယ်မသိလိုက်ပဲ တိုက်ခိုက်ခံလိုက်ရမှာဖြစ်ပါတယ်။
ဂိမ်းရဲ့ ကောင်းမွန်လွန်းတဲ့ အတွေ့အကြုံကတော့ လေထီးခုန်တာ ကားမောင်းတာနဲ့ မြေပြင်ပေါ်က စစ်ပွဲတွေကို ရောက်ရှိသွားတာဖြစ်ပြီး လက်နက်တွေကို စိတ်ကြိုက်လဲလှယ်နိုင်ပါတယ်။ အိမ်တွေကို ဝင်တဲ့အခါမှာလဲ မျက်ရည်ယိုဗုံးတွေ ပစ်နိုင်ပြီးတော့ တဖက် ရန်သူကို သတ်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းက ရန်သူများများသတ်နိုင်လေ Point တက်လေဖြစ်ပြီး ကိုယ်ကြိုက်နှစ်ရာ လက်နက်အဆန်းတွေ ဝယ်နိုင်မှာလည်း ဖြစ်ပါတယ်။
လေထီးခုန်တဲ့အခါလဲ Battel Field ထဲရောက်အောင် ချိန်ပြီး ခုန်ဆင်းရမှာဖြစ်သလို လမ်းမ ပေါ်တွေ့တဲ့စစ်ကားတွေကိုလဲ တက်မောင်းလို့ရတာဟာ ကစားသူတွေကို စိတ်ကြိုက်တွေ့စေတဲ့အချက်ဖြစ်ပါတယ်။ Gmail နဲ့ ချိတ်ပြီး ကစားမယ်ဆိုရင်တော့ နိုင်ငံတကာ ကစားသမားတွေနဲ့ သင့်ရဲ့ သေနတ်ပစ်လက်ရည် ကို အကောင်းဆုံးစမ်းသပ်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းက အသံပိတ်ပြီး ကစားရင် အဆင်မပြေနိုင်ပါဘူး။ အကြောင်းကတော့ အနီးအနားတဝိုက်မှာ ပစ်ခတ်နေလားဆိုတာနဲ့ တချို့သတိပေးချက်တွေကို နားထောင်မှ သိတာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ လက်ရှိ မအိပ်ပဲတောင် ကစားမိတဲ့ ဂိမ်းဖြစ်ပြီး Playon ပရိသတ်ကြီးအနေနဲ့ စိတ်ပါဝင်စားလို့ ကစားချင်တယ်ဆိုရင်တော့ Survivor Royale : Online Mobile Game မှာ Download ရယူနိုင်မှာပဲဖြစ်ပါတယ်။
Image Source : Survivor Royale