News

Moba နဲ့ Battle Royale ပေါင်းစပ်ထားတဲ့ Survival Heroes – MOBA Battle Royale

2018 ဆိုတဲ့နှစ်ကတော့ Mobile game လောကအတွက်မှတ်ကျောက်တင်ခံရမယ့်နှစ်တစ်နှစ်ပါပဲ။ ဒီနှစ်ထဲမှာပဲ အားလုံးသိကြတဲ့အတိုင်းဒိပ်ဒိပ်ကျဲ pc ဂိမ်းတွေက mobile အတွက်ထွက်လာကြတယ်၊ ထပ်ပြီးတော့လဲနောက်ထပ်ဂိမ်းတွေထပ်ရောက်လာဖို့အစီအစဉ်တွေအများကြီးရှိနေပါတယ်။ တစ်နေ့တစ်နေ့အသစ်ထွက်လာတဲ့ဂိမ်းတွေဂိမ်းတွေဆိုတာအထူးအဆန်းတွေချည်းပါပဲ။ အသစ်တွေအများကြီးထဲကမှအထူးအဆန်းနဲ့အလန်းလေးတစ်ခုကို playon ပရိတ်သတ်ကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Age of Wusu, Dragon Revolt စတဲ့ဂိမ်းတွေရဲ့ထုတ်လုပ်သူ Snail အနေနဲ့ Survival Heroes ဆိုတဲ့ဂိမ်းကို စာမလာ သတင်းမကြားဗြုန်းစားကြီးဆိုသလိုဖွင့်ချလိုက်ပါတယ်။

ROS, PUBG, Fortnite အစရှိတဲ့ battle royale ဂိမ်းတွေတစ်ခေတ်ဆန်းလာချိန်မှာ ML နဲ့ HE လို Moba တွေဟာဂိမ်းထဲကို battle royale mode တွေထည့်သွင်းလာကြပါတယ်။ ဒါပေမယ့်လည်း Moba ဟာ Moba အရသာအတိုင်းပဲကောင်းတာအားလုံးအသိပါ battle royale mode ထည့်သွင်းလိုက်ပေမယ့်လည်းဆော့ကစားသူနည်းပါးပြီးဟိုမရောက်ဒီမရောက်ဖြစ်ကုန်ပါတယ်။ Snail ဟာ ဒီအကွက်ကိုမြင်မိပြီးသူတစ်ယောက်ထဲကြိတ်ကြံနေတဲ့ပုံပါပဲ။ Moba လည်းမဟုတ်၊ battle royale လည်းမဟုတ်ပဲ ဟိုဘက်ရောဒီဘက်ပါရောက်တဲ့ Moba Battle Royale ဆိုတဲ့ဂိမ်းအမျိုးအစားတစ်ခုကို surprise ဖန်တီးပြလိုက်ပါတယ်။ ဂိမ်းမထွက်ခင်ကသတင်းသဲ့သဲ့သာကြားရပြီးထွက်လာတဲ့အခါမှာအားလုံးကိုပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ အဆိုပါဖန်တီးမှုကတော့ Survival Heroes – MOBA Battle Royale ဆိုတဲ့ဂိမ်းပါပဲ။

Snail ဟာယခင်က MMORPG ဂိမ်းတွေကိုထုတ်လုပ်ခဲ့တဲ့ developer ဖြစ်ပြီးသူ့မှာ Moba အတွေ့အကြုံရော battle royale အတွေ့အကြုံပါမရှိပါဘူး။ အခုလို အစိမ်းသက်သက်နယ်ပယ်တစ်ခုကိုခြေလှမ်းလိုက်တာဟာ Snail အတွက်တော့သတ္တိကောင်းလွန်းတဲ့ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ Beta test တွေအပြီးမှာတော့ကောင်းမွန်တဲ့ user feedback တွေပြန်ရခဲ့လို့အောင်မြင်မယ့်အလားလားကောင်းတွေတွေ့နေရပါပြီ။

Ok ဂိမ်းကိုတစ်ချက်ကြည့်ကြရအောင်……။ ထုံးစံအတိုင်း player အယောက်တစ်ရာအတွက်မြေပုံကျယ်ကြီးပေါ်ကိုမိုးပေါ်ကနေဆင်းရမှာပါ။ Solo, Duo ကနေ လေးယောက်အထိ team up ဆော့ကစားလို့ရပါမယ်။ Camera view နဲ့ control ကတော့ Moba style နဲ့လာပါမယ်။ ထူးခြားတာကမြေပုံမှာခြုံတွေမြူတွေနဲ့ monster တွေထည့်ပေးထားပြီး ဗျူဟာကျကျကစားလို့ရအောင်လုပ်ပေးထားပါတယ်။ ဘယ်မှာမှမတွေ့ရသေးတဲ့ Unique heroes တွေနဲ့မိမိကြိုက်ရာလက်နက်ကိုကောက်ယူအသုံးပြုနိုင်တာက player အတော်များများမတွေ့ကြုံဖူးသေးတဲ့အရသာအသစ်တစ်မျိုးပါ။

အဲ့ဒါအပြင် teleport, heal, scout စတဲ့ Moba item တွေလဲသုံးလို့ရပါတယ်။ မတူညီတဲ့လက်နက်အမျိုးပေါင်းသုံးဆယ်ကျော်နဲ့ skill ရာပေါင်းများစွာကိုသုံးပြီးတွေ့သမျှရန်သူကိုလိုက်သတ်မလား? ဒါမှမဟုတ်ခြုံတစ်ခုထဲမှပဲထောင်ခြောက်ထောင်ပြီးရန်သူကိုစောင့်မလား? မိမိရွေးချယ်မှုနဲ့စိတ်ကြိုက်ဆော့ကစားနိုင်တာက player တွေကိုအကြိုက်တွေ့စေတဲ့အချက်ပါ။ အခြားအရာတွေကတော့ပြောပြရင်အရသာပေါ့သွားမှာစိုးတဲ့အတွက်ကိုယ်တိုင်ပဲ explore လုပ်ဖို့အတွက်တိုက်တွန်းပါရစေခင်ဗျ။ အားနည်းချက်အနေနဲ့ကတော့ graphic ပိုင်းမှာအနည်းငယ်လိုအပ်နေသေးတယ်လို့မြင်မိပါတယ်။

Survival Heroes ဟာ free to play အမျိုးအစားဖြစ်ပြီး wepon skin, character skinတွေကိုတော့ in-app purchase နဲ့ဝယ်ယူနိုင်မှာပါ။ မကြာသေးမီကာလက beta test ဆော့ကစားလို့ရပြီးအခုချိန်မှာတော့ beta server တွေပိတ်သွားပါပြီ😞)။ ဒါပေမဲ့ Playstore မှာ SEA region အတွက် pre-register လုပ်လို့ရနေပြီးမကြာခင်အချိန်အတွင်းမှာ Andriod နဲ့ iOS နှစ်ခုလုံးအတွက်တစ်ပြိုင်နက်ထွက်ရှိလာမှာဖြစ်ပါတယ်။

Pre-register link – Survival Heroes – MOBA Battle Royale

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: