NewsReviews

Battle royale နဲ့ MOBA ပေါင်းစပ်ထားတဲ့ Survival Heroes တရားဝင်ထွက်ရှိလာပြီ

Battle royale နဲ့ MOBA ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း လက်ရှိမှာ ဂိမ်မာ အများစုရဲ့ စိတ်အာရုံကိုဖမ်းစားထားနိုင်တဲ့ ဂိမ်းအမျိုးအစားတွေဖြစ်ပါတယ်။ အဲ့လိုလူကြိုက်များတဲ့ ဂိမ်းအမျိုးအစား ၂ ခုကိုပေါင်းစပ်ထားတဲ့ Survival Heroes ဟာတော့ ပြီးခဲ့တဲ့လအနည်းငယ်က Beta version အနေနဲ့ထွက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Official အနေနဲ့ထွက်ရှိလာပြီဖြစ်ပါတယ်။

လူကြိုက်များ ဂိမ်းအမျိုးအစား ၂ ခုကို gameplay တစ်ခုတည်းမှာခံစားရမှာဆိုတော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အမှန်တိုင်းပြောရရင်အဲ့လို Battle royale နဲ့ MOBA ပေါင်းစပ်ထားတဲ့ အရသာကအသစ်စက်စက်ကြီးတော့မဟုတ်ပါဘူး။ အနီးစပ်ဆုံးပြောရရင် ပြီးခဲ့တဲ့လအနည်းငယ်တုန်းက MOBA ဂိမ်းအကောင်းဆုံးတွေထဲမှာပါဝင်တဲ့ Dota2 မှာဆိုရင် Underhollow, Mobile Legend မှာဆိုရင် Survival mode အစရှိတာတွေမှာ Battle royale နဲ့ MOBA ပေါင်းစပ်ထားတဲ့အရသာကို ကောင်းကောင်းကြီးခံစားခဲ့ရဖူးတာပဲဖြစ်ပါတယ်။ ဆိုတော့ ဒီအရသာဟာ အသစ်ဆက်ဆက်ကြီး မဟုတ်ပေမယ့် အရမ်းကြီးရိုးနေတဲ့ထဲမှာလည်းမပါ ပါဘူး။

ဂိမ်းစစချင်းမှာ လေထီးတစ်ခုနဲ့ မြေပြင်ကိုဆင်းရတာ၊ အယောက် ၁၀၀ ထဲမှာ ရှင်သန်သူက ကိုယ်ဖြစ်ဖို့ကြိုးစားရတာတွေ၊ လမ်းတလျှောက်ကပစ္စည်းတွေကိုလိုက်စုဆောင်းရတာတွေ က Battle royale ရဲ့အငွေ့အသက်တွေဖြစ်နေပြီး ရန်သူနဲ့ချတဲ့ Combat တွေ၊ Isometric view တွေကတော့ MOBA နဲ့ဆိုင်တဲ့အငွေ့အသက်တွေပါပဲ။ စိတ်ဝင်စားသွားပြီဆိုရင်တော့ အောက်ပါလင့်ခ်ကနေ Download ဆွဲဆော့ကစားနိုင်ပါပြီနော်။ 😄)

Download link – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: