Reviews

Zombie များကို တိုက်ခိုက်ရှင်းလင်းရမယ့် Dead Monster Attack

သနားကြင်နာမှု၊ချစ်ခြင်းမေတ္တာတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ မရှိတဲ့ နေရာမှာ သင်တစ်ယောက်ထဲ အသက်ရှင်သန်အောင် ပြုလုပ်ရမယ့် ဂိမ်းကတော့ Dead Monster Attack လို့ခေါ်တဲ့ Zombie များကို တိုက်ခိုက်ရတဲ့ Shooting ဂိမ်းအမျိုးအစားတစ်ခုဘဲ ဖြစ်ပါတယ်။

သင်အနေနဲ့ ဘယ်သူ့ကိုမှ ယုံကြည်လို့ရမှာ မဟုတ်ဘဲ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ လက်နက်ကိုသာ ယုံကြည်အားကိုးရမှာ ဖြစ်ပါတယ်။ မြို့ထဲမှာက သေဆုံးပြီးသား Zombie များစွာ ရှိလို့နေပြီးတော့ သင့်အနေနဲ့ ထိုအရာများကို သုတ်သင် ရှင်းလင်း တိုက်ခိုက်ရမှာလဲ ဖြစ်ပါတယ်။

ဂိမ်းထဲမှာ ဆိုရင်တော့ မတူညီတဲ့ Missions သုံးခုအနေနဲ့ ပါဝင်ပြီးတော့ သင့်အနေနဲ့ သက်ဆိုင်ရာ mission တာဝန်များကို ဆောင်ရွက်ပြီးစီးပါက cash များရရှိကာ တစ်ခြားခြားသော လက်နက်ကိရိယာများ၊ဗုံးအမျိုးအစားများနဲ့ ကျည်ကာ သို့မဟုတ် အသက်ကယ်ဝတ်စုံများကို ဝယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ mission အမြောက်အများပြီးမြောက်ရင်း မတူညီတဲ့ စွမ်းအားမြင့် လက်နက်ကိရိယာများနဲ့ ပစ်ခတ်နိုင်မှာ ဖြစ်လို့နေပါတယ်။

ပြီးပြည့်စုံတဲ့ သေနတ်ပစ်သမားတစ်ယောက် အနေနဲ့ သင့်ကိုယ်တိုင် ဆောင်ရွက်ရမယ့် ဒီဂိမ်းကိုတော့ google play store မှာရရှိနိုင်ပြီး free to play အဖြစ်တည်ရှိနေတာကြောင့် မိတ်ဆွေများအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password