Arena of Valor ကို Superman ရောက်လာပြီ

Superman တစ်ယောက် အခုရုံတင်နေတဲ့ Justice League မှာ လက်စွမ်းပြနေသလို Arena of Valor ရဲ့ EU Server မှာလည်း ရှယ်လက်စွမ်းပြနေပါတယ်။ စထွက်ထွက်ချင်း ၂၄ နာရီအတွင်းမှာ Free ရယူနိုင်ခဲ့တာကြောင့် လူတကာက Superman မှ Superman ဖြစ်နေကြတာပါ။ သဲသဲလှုပ်ဖြစ်မယ်ဆိုလည်းဖြစ်ချင်စရာပါ၊ Superman က အတားအဆီးတွေကိုဖြတ်ပျံနိုင်ပြီး သူ့ရဲ့ Movement Speed ကိုလည်းမြှင့်နိုင်ပါတယ်။ ပြီးတော့ Physical Damage နဲ့ Disease အများစုဟာလည်း သူ့အပေါ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူ့ရဲ့ Iconic Ability တွေဖြစ်တဲ့ Heat Vision နဲ့ Ice Breath တို့ကိုလည်း ဂိမ်းထဲမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Superman ရဲ့ Ability တွေကို အောက်ကဗီဒီယိုမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Garena မှာဆော့နေကြသူတွေကတော့ Superman ရောက်ရှိလာဖို့ စောင့်ရဦးမှာဖြစ်ပါတယ်။ US မှာတော့ ဒီဂိမ်းကို အခုထိမထုတ်သေးတာမို့ US Account သုံးတဲ့ကိုယ်တွေကတော့ ငုတ်တုတ်ထိုင်စောင့်နေရတုန်းပါ။ ဒါနဲ့ အခုမှ Arena of Valor အကြောင်းကြားဖူးသူတွေ မျက်စိမလည်သွားကြပါနဲ့။ Tencent နဲ့ DC Comics တို့ကြားကသဘောတူညီချက်အရ DC ဇာတ်ကောင်တွေကို Hero အဖြစ်နဲ့ထည့်သွင်းပေးနေတာဖြစ်ပါတယ်။ Superman ပြီးတော့ သိပ်မကြာခင်မှာ Wonder Woman ရောက်ရှိလာမှာဖြစ်လို့ သတင်းကောင်းကိုသာစောင့်မျှော်နေကြပါလို့…

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password