ArticleNews

ဒီဇင်ဘာမှာ Globally ထွက်မယ့် shooter ဂိမ်းအသစ်ကို ကြေညာလိုက်တဲ့ Supercell

နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Clash of Clans နှင့် Clash Royale ဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ Supercell ဂိမ်းကုမ္ပဏီဟာ လာမယ့်ဒီဇင်ဘာလမှာ Globally ထွက်လာတော့မယ့် သူတို့ရဲ့ ဂိမ်းအသစ် Brawl Stars အတွက် pre-register ဖွင့်ပေးလိုက်ပါပြီ။ Supercell ဟာ အသယ်အရွယ်မျိုးစုံ ကစားနိုင်မယ့် ဂိမ်းတွေကို အောင်မြင်စွာ ဖန်တီးပေးနိုင်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Clash of Clans နဲ့ Clash Royale တို့ကလည်း e-Sport လောကမှာ နာမည်တစ်ခုအနေနဲ့တည်ရှိနေတဲ့ ဂိမ်းတွေပါ။ အခု ထွက်ရှိလာမယ့် shooter ဂိမ်းကိုလည်း အသက်အရွယ် မျိုးစုံအတွက် ကစားဖို့ မျှော်လင့်ထားပြီး အရင်က ထွက်ရှိခဲ့တဲ့ ဂိမ်းတွေကို ကျော်တက်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဂိမ်းရဲ့ pre-register နမူနာ ဗီဒီယိုလေးကို အောက်မှာကြည့်ကြည့်လိုက်ပါဦး။

အယ်…. Trailer ကြီးကဘာကြီးလည်း ဘာမှလည်းမပါဘူး။ 🤪) Trailer မှာဂိမ်းနဲ့ပတ်သက်တာမမြင်တွေ့ခဲ့ရတာမို့ gameplay ဗီဒီယိုတစ်ခုကို ထပ်မံဖော်ပြပေးလိုက်ပါတယ်နော်။

Brawl Stars ထဲမှာ တစ်သင်းမှာ ၃ ယောက်ပါတဲ့အဖွဲ့ ၂ ဖွဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂိမ်းရဲ့ပုံစံက အခု နာမည်ကြီးနေတဲ့ Supercell ဂိမ်းတွေရဲ့ trademark colorful art style နဲ့ တူတယ်လို့သိရပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီကို စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ အဆုံးမဲ့ စွမ်းအားတွေ ဖန်တီးပေးထားမှာဖြစ်ပါတယ်။ Brawl Stars က Official မထွက်ခင် Soft Launch မှာကတည်းက လူကြိုက်များခဲ့တာပါ။

Android အတွက် ပြီးခဲ့တဲ့ ဇွန်လမှာ region အကန့်အသတ်နဲ့ soft launch ထွက်ခဲ့ပါတယ်။ June 15, 2017 မှာ iOS အတွက် Canadian App Store မှာ soft launch ထွက်ရှိခဲ့ပြီး Soft launch မှာ download လုပ်သူ ၃ သန်း ရရှိခဲ့သည်အထိကို လှမ်းလှမ်းတောက်အောင်မြင်ခဲ့ပါတယ်။ Global launch ဆိုရင်တော့ပြောနေဖို့တောင် မလိုတော့ပါဘူး။ Pre-register လုပ်သူတင် ၁ သန်းရှိနေပါပြီ။ GamePlay ပုံစံက အရမ်းကို မိုက်လွန်းတာကြောင့် Fortnite နဲ့ Clash Royale ပေါင်းထားတဲ့ ဂိမ်းလို့တောင် နာမည်တပ်ကြပါတယ်။ Pre-register လုပ်တဲ့သူ ၂သန်းထိ ရောက်သွားရင်တော့ pre-register လုပ်တဲ့သူတွေအတွက် ထိုက်တန်တဲ့ ဆုလက်ဆောင်တွေ ပြန်ပေးမယ်လို့ Supercell က ကတိပေးထားပါတယ်။

Android နဲ့ iOS နှစ်မျိုးစလုံးနဲ့ ကစားလို့ရမယ်လို့သိရပြီး အခုအချိန်မှာ Global launch အတွက် pre-register လုပ်ထားလို့ ရနေပါပြီနော်။ စိတ်ဝင်စားရင် အောက်ကလင်ခ့်လေးမှာ pre-register လေး ဝင်လုပ်လိုက်ကြပါ။ ၂ သန်းပြည့်ရင် ဆုလက်ဆောင်တွေပေးမှာဆိုတော့ ဝင်ပြီး အားဖြည့် ပေးလိုက်ကြအောင်နော်။

Pre-register now!

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password