ထူးထူးဆန်းဆန်းကွင်းတွေမှာ ကစားရမယ့် Super Stickman Golf 3

Super Stickman Golf 3 ဆိုတာက Noodlecake Studios ရဲ့ နာမည်ကျော် Super Stickman Golf series ထဲက နောက်ဆုံးထွက်ဂိမ်း ဖြစ်ပါတယ်။ Super Stickman Golf ဆိုတာကတော့ သမားရိုးကျ Golf ဂိမ်းတွေကနေ လုံးလုံးကွဲထွက်နေပြီး ထူးထူးဆန်းဆန်းကွင်းတွေမှာ ကြံကြံဖန်ဖန်စဉ်းစားပြီး ကစားရတဲ့ Golf ဂိမ်းဖြစ်ပါတယ်။ တတိယမြောက်ဂိမ်းဖြစ်တဲ့ ဒီဂိမ်းဟာ အရှေ့ဂိမ်းတွေနဲ့ ကစားရပုံချင်း ဆင်တူပြီး ပိုမိုစိတ်ဝင်စားဖွယ်ရာဖြစ်အောင် ကစားနည်းအသစ်တွေ ထပ်မံထည့်သွင်းထားပါတယ်။

ကစားနည်းကတော့ Golf ဂိမ်းတွေ ထုံးစံအတိုင်း ရိုက်ချက်အနည်းဆုံးနဲ့ ကျင်းတွေကို ပြီးဆုံးအောင် ကစားရမှာပါ။ ရိုက်ချင်တဲ့ဖက်ကိုချိန်၊ ရိုက်မယ့်အားကိုရွေးချယ်ပြီးတော့ ရိုက်တဲ့ခလုပ်ကို နှိပ်လိုက်ရုံပါပဲ။ ပြောတော့သာ လွယ်တာပါ။ တကယ်တမ်းဆော့ပြီဆိုရင် Super Stickman Golf ရဲ့ ထူးထူးဆန်းဆန်း ဂေါက်ကွင်းဒီဇိုင်းတွေက သင့်ကို ပညာကောင်းကောင်းပေးမှာပါ။ လေထဲမှာ ရောက်နေတဲ့ကျင်း၊ မြေကြီးအောက် အဝေးကြီးမှာ ရှိနေတဲ့ကျင်း၊ လေဆာတန်းတွေနဲ့ ကာထားတဲ့ကျင်း အစရှိတာတွေကတော့ သင်ကြုံတွေ့ရမယ့် ဂေါက်ကွင်းတွေထဲက ဥပမာအချို့ ဖြစ်ပါတယ်။

 .         

သင်ဟာ အဲဒီကွင်းတွေကို သမားရိုးကျနည်းနဲ့ရိုက်နေရင် သတ်မှတ်ထားတဲ့ ရိုက်ချက်အတွင်း ပြီးဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ Game Developer တွေက အဲဒီလောက် မရက်စက်ပါဘူး။ သင့်ကိုကူညီဖို့အတွက် Power Ups တွေ ထည့်သွင်းပေးထားပါတယ်။ နံရံမှာ ကပ်နေမယ့် ဂေါက်သီး၊ လေထဲမှာ ရပ်လိုက်လို့ရမယ့် ဂေါက်သီး၊ အောက်ပြန်ကျလာတဲ့အချိန် ဦးတည်ရာကို ပြောင်းလို့ရတဲ့ ဂေါက်သီး အစရှိပြီး Power Ups တွေအများကြီး ပါဝင်ပါတယ်။ အဲဒါတွေကို ဉာဏ်ရှိသလိုသုံးပြီး ရိုက်ချက်အနည်းဆုံးရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုက်ပြီးရင် ဂေါက်သီးကိုလှည့်ပြီး ဦးတည်ရာ အနည်းငယ်ပြောင်းပေးလို့ရမယ့် Spin Mechanic လည်း ပါဝင်လာပါတယ်။ သင့်ရိုက်ချက်က ကျင်းကို အနည်းငယ်ကျော်သွားပါသလား။ ဒါဆိုရင် ဂေါက်သီးကို အနောက်ဖက်ကို Spin ထည့်ပေးပြီး ကျင်းဘက်ကို ပြန်ခေါ်လို့ရပါတယ်။ အဲဒီနည်းနဲ့ ပုံမှန်အခြေအနေမှာ မဖြစ်နိုင်တဲ့ ရိုက်ချက်မျိုးကို ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Card Pack တွေကနေရတဲ့ Hat တွေကလည်း gameplay အပေါ် အထောက်အကူ ပြုပါသေးတယ်။ Power Ups တွေ ပိုပေးမယ့် Hat ၊ ရေထဲမှာရပ်ပြီး ရိုက်လို့ရမယ့် Hat ၊ ဂေါက်သီးသွားမယ့်လမ်းကြောင်းကို ပြသပေးမယ့် Hat အစရှိပြီး အမျိုးစုံပါဝင်ပါသေးတယ်။ ဒါကြောင့် စိတ်ကူးဉာဏ်ရှိသလို အကွက်အဆန်းတွေနဲ့ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။

 .         

ဒီလို အလန်းစား Super Stickman Golf 3 ကိုတော့ Android ရော iOS ပေါ်မှာပါ အခမဲ့ရယူဆော့ကစားနိုင်မှာပါ။ Power Ups နဲ့ Hat တွေအပါအဝင် အခြား collectible တွေအားလုံးကို Card Pack တွေကနေ ရရှိမှာ ဖြစ်ပါတယ်။ Card Pack တွေကို ဂိမ်းဆော့ရင်းရတဲ့ currency နဲ့ ဝယ်ယူနိုင်သလို ပိုက်ဆံနဲ့လည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ $2.99 နဲ့ Premium version ကို ဝယ်ယူလိုက်ရင်တော့ Golf Course အများကြီး ဆော့လို့ရမှာ ဖြစ်သလို Ads တွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ Super Stickman Golf 3 ဟာ အပျင်းပြေ ခဏတဖြုတ်ဆော့ကစားဖို့ အလွန်သင့်တော်တဲ့ ဂိမ်းဖြစ်တဲ့အပြင် ကစားရတာ ပျော်စရာကောင်းတာမို့ သင့်ဖုန်းထဲမှာ ထည့်သွင်းဖြစ်အောင် ထည့်သွင်းထားဖို့ အကြံပေးလိုက်ရပါတယ်။

Image Source:

http://stickmangolf.club/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password