DJ တီးရတာကြိုက်နှစ်သက်တဲ့ Mobile Player များအတွက် Super Pads – Become a DJ!

အခုနောက်ပိုင်းမှာ Electronic Dance Music(EDM) ပွဲတွေကျွန်တော်တို့နိုင်ငံမှာလူငယ်တွေတော်တော်များများကြိုက်ကြပြီးခေတ်စားလာတာမိတ်ဆွေသိမှာပါ။ လူကြီးတွေကတော့ဆူညံတယ် ဘာညာဆိုပြီးမကြိုက်ကြတာများပါတယ်။EDMဆိုတာကသီချင်းတွေကိုပိုကောင်းအောင်နဲ့လူတွေကိုစိတ်လွတ်ကိုယ်လွတ်ပျော်ပါးကခုန်နိုင်အောင်လုပ်ပေးနိုင်တဲ့ Tool လို့ပြောလို့ပါရစေ။ဒါပေမဲ့စိတ်လွတ်ကိုယ်လွတ်ကခုန်သောင်းကျန်းနိုင်တဲ့သီချင်းတိုင်းလည်း EDM လို့ပြောလို့မရပြန်ဘူး။ ဥပမာ Marshmello တီးတဲ့သီချင်းတွေဆို အရမ်းကြီးသောင်းကျန်းလို့တော့မရဘူး။ ဒါပေမဲ့ သူ့ Flow နဲ့သူတော့နားထောင်ရတာအဆင်ပြေပြီး အေးဆေးလေးမြူးနိုင်ပါတယ်။ ကျွန်တော်လည်း DJ အမျိုးအစားတွေ  Track အနေအထားတွေသေချာမလေ့လာထားတော့ ပြောတာတွေအနည်းငယ်မှားနိုင်ပါတယ်။EDMပွဲတွေမှာရှိတဲ့လူတော်တော်များများကလူငယ်တွေဆိုတာမိတ်ဆွေသတိထားမိမှာပါ။လူငယ်တွေတော်တော်များများလာကြတယ်ဆိုတာကလည်းသူတို့ရဲ့စိတ်ထွက်ပေါက်တစ်ခုလိုဖြစ်နေလို့ပါ။ Budget တော်တော်ထိခိုက်တာကိုလည်းတွေ့ရမှာပါ။

EDM နဲ့ပတ်သက်ပြီးကျွန်တော့်ရဲ့အတွေ့အကြုံအနည်းအငယ်ကိုပြောပြီးပြီဖြစ်လို့ Super Pads ဂိမ်းအကြောင်းလေးလှည့်ပါရစေ။အတွေ့အကြုံတွေဘာတွေကြီးကြီးကျယ်ကျယ်ပြောနေလို့ကျွန်တော့်ကိုအထင်မကြီးသွားနဲ့ဦး၊ ကျွန်တော်က EDM ပွဲဆိုလို့ Full Moon ပဲသွားဖူးတာဗျ။

ဒီ Super Pads ဂိမ်းလေးက Action, Adventure, Puzzle, Casino စတဲ့ပုံစံတွေကနေကွဲထွက်နေတဲ့ Music ဂိမ်းအမျိုးအစားပဲဖြစ်ပါတယ်။ အနိုင်အရှုံးဆိုတာလည်းမသတ်မှတ်ထားသလို၊ Score တွေနဲ့ လည်းမပိုင်းထားပါဘူး။ အနိုင်အရှုံးကမိတ်ဆွေကိုယ်တိုင်ပဲသတ်မှတ်ရမှာပါ။ မိတ်ဆွေတီးရမယ့်သီချင်းကို အဆုံးထိ သံစဉ်မမှားဘဲ တီးနိုင်ရင်နိုင်ပြီလို့သတ်မှတ်နိုင်ပြီး၊ မှားသွားရင်တော့ရှုံးပြီလို့သတ်မှတ်နိုင်ပါတယ်။

                                            

စစဆော့ချင်းမှာတော့မိတ်ဆွေတီးရတာအဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ်တီးနေကျမဟုတ်တာရယ်၊ သံစဉ် Key အကွက်တွေမသိတာကြောင့်ရယ်ပါ။ Key အကွက်လေးတွေကတော့ 12 ကွက်ပေးထားပါတယ်။ အဲ့ဒီ 12 ကွက်ရဲ့ 1 ကွက်ချင်းဆီမှာ သံစဥ်တစ်ခုထည့်ပေးထားပါတယ်။ အဲ့ဒါတွေနဲ့ မိတ်ဆွေကသီချင်းတစ်ပုဒ်ဖြစ်အောင်တီးရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေမတီးတတ်သေးရင် ညာဘက်အပေါ်ဆုံးက How To Play ကိုနှိပ်ပြီး youtube ကအဖြူကောင်တီးထားတာကိုကြည့်နိုင်ပါတယ်။ သူ့လက်ကွက်တွေကိုသေချာကြည့်ပြီး မိတ်ဆွေလေ့လာနိုင်ပါတယ်။ အဲ့ဒီအဖြူကောင်ကျေးဇူးကြောင့် ကျွန်တော်တောင် Closer ကိုသေသေချာချာတီးတတ်နေပါပြီ။ Closer, Shape of you, Something Just Like This, Paris, In The Name of Love, Faded, Alone စတဲ့သီချင်းတွေအပြင်ခေတ်စားနေတဲ့ သီချင်းပေါင်းများစွာကိုလည်းပါဝင်ပါတယ်။ စစချင်းမှာ Closer တစ်ပုဒ်လောက်ပဲပေးထားမှာဖြစ်ပါတယ်။ ကျန်တဲ့ကိုယ်တီးချင်တာတွေကိုတော့ မိတ်ဆွေကိုယ်တိုင် Download ဆွဲရမှာပဲဖြစ်ပါတယ်။ Super Pads နဲ့ သီချင်းတွေအကုန်တီးနိုင်ရင်တော့  Professional တစ်ယောက်နီးနီးဖြစ်လာမှာပါ။

Free To Play ပါ။ ကစားတာကတော့ Free To Play ဆိုပေမယ့် ကိုယ်တီးချင်တဲ့သီချင်းလေးတွေကို Download တဲ့အခါမှာတော့ ဖုန်းဘေလ်နည်းနည်းတော့ကုန်မှာပါ။ HD resolution ဖြစ်ပြီးဆော့ရတာမိုက်တဲ့အပြင် Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Image Source:

https://play.google.com/store/apps/details?id=com.opalastudios.pads&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password