Update အသစ်ကို 50% Discount နဲ့ ကြိုဆိုမယ့် Super Mario Run

Nintendo ဟာ သူ့ရဲ့ Mobile Platform ပေါ်က Mario ဂိမ်းဖြစ်တဲ့ Super Mario Run အတွက် ပထမဦးဆုံးသော အကြီးစား update ကို လာမယ့်စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီ Update မှာ Remix 10 ဆိုတဲ့ gameplay mode အသစ်တစ်ခု ပါဝင်လာမှာပါ။ ဒီ Mode မှာ နဂိုရှိပြီးသား Level ၁၀ ခုက အပိုင်းလေးတွေကို shuffle လုပ်ပြီး ဆော့ကစားရမှာ ဖြစ်ပါတယ်။

ဒီ Remix 10 Mode ကို ကစားပြီးတော့ Character အသစ်ဖြစ်တဲ့ Princess Daisy ကို unlock ပြုလုပ်လို့ရဦးမှာ ဖြစ်ပါတယ်။ Princess Daisy မှာ နှစ်ဆင့်ခုန်လို့ရတဲ့ Double-Jump speical move ပါဝင်တဲ့အတွက် ကစားတဲ့နေရာမှာ အများကြီးအထောက်အကူပြုမယ့် character ဖြစ်ပါတယ်။

ဒါ့အပြင် နဂိုရှိပြီးသား Level တွေအားလုံးကို အောင်မြင်ပြီးမှ ဆော့ကစားလို့ရမယ့် World Star လို့အမည်ရတဲ့ World အသစ်တစ်ခုလည်း ပါဝင်လာဦးမှာပါ။ World Star မှာ mechanic အသစ်တွေလည်း ပါဝင်လာဦးမှာ ဖြစ်တဲ့အတွက် Mario ပရိသတ်တွေအတွက် ကျေနပ်ဖွယ်ရာ Update တစ်ခု ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဒီ Update ကို ကြိုဆိုတဲ့အနေနဲ့ World အားလုံးကို unlock လုပ်ရတဲ့ နဂိုစျေး $9.99 ကို ထက်ဝက် Discount ပေးသွားဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Super Mario Run ကို ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင် ဒီအချိန်ဟာ အဲဒီအကြံကို အကောင် အထည်ဖော်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

Super Mario Run ဟာ Side-Scrolling Runner Game တစ်ခုဖြစ်ပြီးတော့ Nintendo ရဲ့ ပထမဦးဆုံးသော Mobile platform ပေါ်က Mario ဂိမ်း ဖြစ်ပါတယ်။ Super Mario Run အကြောင်း အသေးစိတ်ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်ဆော့ကစားကြည့်ချင်သူတွေကတော့ ဒီနေရာမှာ သွားရောက်ရယူနိုင်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password