မိုလ်ဘိုင်းလ် ပေါ်ကို ရောက်လာပြီဖြစ်တဲ့ Super Mario

Super Mario ဂိမ်းတွေဟာ Nintendo ပိုင်ဆိုင်တဲ့ဂိမ်းဖြစ်ပြီး Nintendo ထုတ်တဲ့ ဂိမ်း platform တွေပေါ်မှာပဲ ဆော့လို့ရတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အချစ်တော် Super Mario ဂိမ်းကို ဆော့ကစားချင်ရင် 3DS တို့၊ Wii တို့ လို console တွေရှိမှ ရခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင်တော့ Super Mario ကို mobile ပေါ်မှာ ဆော့ကစားလို့ ရနေပြီ ဖြစ်ပါတယ်။ ဂိမ်းရဲ့ နာမည်ကတော့ Super Mario Run ဖြစ်ပြီးတော့ Nintendo ရဲ့ ပထမဆုံးသော mobile platform ပေါ်က Super Mario ဂိမ်းဖြစ်ပါတယ်။

Super Mario ဂိမ်းဆိုတော့ အရမ်းကြီး ထွေထွေထူးထူး ရှင်းပြနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။ 2D platform မှာ အကောင်တွေကိုရှောင်၊ မှိုပွင့်နဲ့ အကြွေစေ့တွေ လိုက်စားရတဲ့ ကစားနည်းကို ကျွန်တော်တို့အားလုံး ရင်းနှီးကြမှာပါ။ ဒါပေမယ့် Nintendo က Super Mario Run ကို mobile မှာ ဆော့ရတာ အဆင်ပြေအောင် ထိန်းချုပ်မှု အပိုင်းမှာ အနည်းငယ် ပြင်ဆင်ထားပါတယ်။ ဒီဂိမ်းမှာတော့ Mario ဟာ အလိုအလျှောက် ပြေးနေမှာ ဖြစ်ပြီး ကစားသူတွေအနေနဲ့ Mario ခုန်တာကိုပဲ ထိန်းချုပ်လို့ရမှာပါ။ Mario ကို ခုန်ခိုင်းဖို့အတွက်ကတော့ ဖုန်းမျက်နှာပြင်ကို တစ်ချက် တို့ထိလိုက်ရုံပါပဲ။ ဒီလိုလုပ်လိုက်ခြင်းဟာ phone ၊ tablet တွေပေါ်မှာ လက်တစ် ဖက်တည်းနဲ့ ဆော့ကစားလို့ ရသွားစေတဲ့အတွက် ဆော့ရတာကို ပိုမို ချောမွေ့သွားစေပါတယ်။

ဒီဂိမ်းမှာ အဓိက ကစားနည်း ၃ ခု ပါဝင်ပါတယ်။ World Tour ကတော့ ပုံမှန် Mario ကစားနည်းဖြစ်ပြီးတော့ Toad Rally ဆိုတာကတော့ အခြားကစားသူတွေနဲ့ ယှဉ်ပြိုင်ကစားရတာမျိုး ဖြစ်ပါတယ်။ ရရှိတဲ့ အကြွေစေ့အရေအတွက်နဲ့ style move တွေ ဘယ် လောက်လုပ်နိုင်လည်း ဆိုတာရဲ့ နှစ်ခုပေါင်းရလဒ်ကို ကြည့်ပြီး ပိုများတဲ့သူက အနိုင်ရရှိမှာပါ။ အနိုင်ရတဲ့အခါ ပြိုင်ပွဲကိုလာကြည့်တဲ့ Toad တွေက မိမိရဲ့ Kingdom ကို လိုက်လာမှာ ဖြစ်ပြီး Toad တွေ များလာတာနဲ့အမျှ မိမိ Kingdom ဟာ ပိုမို ကြီးမားလာမှာ ဖြစ်ပါတယ်။ တတိယ ကစားနည်းကတော့ Kingdom Builder ပဲ ဖြစ်ပါတယ်။ Kingdom Builder မှာ အိမ်အမျိုးမျိုး ဆောက်နိုင်မှာဖြစ်ပြီး အိမ်တွေကို World Tour ကရတဲ့ အကြွေစေ့တွေနဲ့ ဆောက်ရမှာပါ။ ပါဝင်တဲ့ ကစားနည်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာမို့ ဘယ်ကစားနည်းကိုဆော့ဆော့ နောက်ကစားနည်းကို အထောက်အကူပြုနေစေမှာပါ။

       

ဒီဂိမ်းမှာတော့ အကြွေစေ့တွေ လိုက်လံစုဆောင်းရတာဟာ အခန်းတွေ အောင်နိုင်အောင် ဆော့ရတာနည်းတူ အရေးကြီးပါတယ်။ အခန်းတိုင်းမှာ လျှို့ဝှက်ထားတဲ့ အကြွေစေ့ ၅ ခုရှိပြီး အကုန်လုံးကို တစ်ကြိမ်တည်းနဲ့ အရယူနိုင်ပါက နောက်ထပ် လျှို့ဝှက် အကြွေစေ့အသစ်တွေ ထွက်ပေါ်လာမှာပါ။ အဲဒီအကြွေစေ့တွေကို ရယူဖို့လည်း ပိုမို ခက်ခဲလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခန်းတိုင်းကို ပြန်ဆော့ရတာ ပျင်းဖို့မကောင်းပါဘူး။

အရေးကြီးတာ တစ်ခုကတော့ Super Mario Run ကို ဆော့ဖို့အတွက် အင်တာနက် ကွန်နက်ရှင် လိုအပ်တာပဲဖြစ်ပါတယ်။ အဲဒီတော့ လေယာဉ်ပေါ်လို နေရာမျိုးမှာ ကစားလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်ထပ် အရေးကြီးတာတစ်ချက် ကျန်ပါသေးတယ်။ ဒီဂိမ်းကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပေမယ့် အဲဒါက နမူနာ version ပါ။ ပါဝင်တဲ့ ကမ္ဘာ ၆ ခုလုံးကို ဆော့ကစားချင်တယ် ဆိုရင်တော့ $9.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ free ဆိုပေမယ့် free မဟုတ်ပါဘူး။ ဒီပမာဏဟာ mobile ဂိမ်းတစ်ခုအနေနဲ့ဆိုရင် အတော် များတဲ့ ပမာဏဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ရတာ တန်သလား လို့မေးရင် Mario ပရိသတ်တွေအတွက်ကတော့ အရမ်းကို တန်ပါတယ် လို့ပြန်ဖြေရမှာပါ။ နောက်ထပ် ကမ္ဘာအသစ်တွေ ထပ်ထည့်ပေးမယ်ဆိုရင်တော့ ပိုလို့တောင် ကောင်းဦးမှာပါ။ တစ်ဖက်လှည့်နဲ့ တွေးကြည့်ရင်တော့ တစ်ကြိမ်တည်း $10 ပေးလိုက်ရတာက micro-transaction အများကြီးထက်စာရင် တော်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိ စိတ်တိုင်းကျ ဟုတ်မဟုတ်ကို စမ်းသပ်ဆော့ကစားနိုင်တဲ့အတွက် Mario ပရိသတ်တွေ မဆော့လိုက် မရှိရလေအောင် လက်တို့ အသိပေးလိုက်ပါတယ်။

Image sources:

https://itunes.apple.com/us/app/super-mario-run/id1145275343?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password