News

ကြောင်ချစ်သူတွေအတွက် အောက်တိုဘာလ ၄ ရက်မှာထွက်ရှိလာမယ့် Super Cat Tales 2

Super Cat Tales 2 ရဲ့ အဆက်ဖြစ်တဲ့ Cat Tales 2 ကို အောက်တိုဘာလ ၄ ရက်နေ့မှာ ကစားလို့ရမယ်လို့သိရပါတယ်။
ဂိမ်းပုံစံက Mario ကို inspire လုပ်ထားတာကြောင့် ကစားရမယ့်ပုံစံကို အထွေအထူး ရှင်းပြဖို့ မလိုလောက်တော့ ဘူးလို့ ထင်ပါတယ်နော့်။ ဂိမ်းထဲမှာ player က ကြောင်တစ်ကောင်ရဲ့နေရာကနေ ကစားရမှာဖြစ်ပါတယ်။ Level တစ်ခုတက်လာလေလေ ပိုပိုပြီးခက်လာမှာဖြစ်တာကြောင့် စိတ်ကို အဆင်သင့် ပြင်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်နော်။ Trailer လေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

Trailer အရ ဂိမ်းထဲမှာ unlock လုပ်စရာကြောင်တွေ တော်တော်များတဲ့ပုံပါပဲ။ ကြောင်ချစ်သူတွေအတွက် ကွက်တိပဲပေါ့။ ကြောင်တစ်ကောင်ချင်းဆီမှာ မတူညီတဲ့ စွမ်းအင်တွေရှိနေမှာလား…ဒါမှမဟုတ် Cosmetic ပုံစံ ဒီဇိုင်းသက်သက်ပဲလား ဆိုတာတော့ ဂိမ်းထွက်လာမှ သေချာသိရမှာပါ။ ပထမထွက်ရှိထားတဲ့ Cat Tales ကလည်း သူ့ဟာနဲ့သူ အောင်မြင်မှုရထားတာကြောင့် အခုထွက်လာမယ့် Cat Tales 2 လည်း လူကြိုက်များမယ်ဆိုတာ သေချာသလောက်ပါပဲ။

ဂိမ်းပုံစံလေးက Mario နဲ့ တူတယ်ဆိုတော့ ကစားရတာ ဆွဲဆောင်မှုရှိနေမှာပါ။ အဲ့တော့ Playon က gamer တွေအတွက် ကစားဖို့ ဂိမ်းတစ်ခု တိုးလာပြန်ပြီပေါ့နော်။ အောက်တိုဘာလ ၄ ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်တာကြောင့် မဖြစ်မနေ ကစားကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်နော်။

“မှတ်ချက် – ဒီဂိမ်းဟာ အောက်တိုဘာလ ၄ ရက်နေ့မှာထွက်ရှိမယ်လို့ကြေညာထားပေမယ့် အခုထိတော့ Playstore ပေါ်မှာမတွေ့ရသေးပါဘူး။ iOS အတွက်ကတော့ Coming soon ပါတဲ့နော်။”

Ref: Droidgamers 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: