ပြိုင်ဘက်ကို အမှုန့်ဖြစ်အောင်ပြုလုပ်ပြီး ပန်းဝင်အောင်ကြိုးစားရမယ့် SUP Multiplayer Racing!

ပြိုင်ဘက်ကို မိတ်ဆွေကအမှုန့်ဖြစ်အောင်ပြုလုပ်နိုင်သလို ပြိုင်ဘက်ကလည်းမိတ်ဆွေကို အမှုန့်ဖြစ်အောင်လုပ်ဖို့ ကြံစည် နေမှာဖြစ်ပါတယ်။ စိတ်မပုပ်ပဲ ပန်းတိုင်ကိုဝင်ဖို့တစ်ခုတည်းက အာရုံထားပြီးဆော့မယ်ဆိုရင် လည်းအဆင်ပြေပါတယ်။ ဒါပေမယ့် ပျော်ဖို့တော့ကောင်းတော့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပုထုစဉ်လူသားတွေက သူများကို ကလိလိုက်ရမှ ပျော်ပြီးကျေနပ်တာကြောင့်ပါ။ အားလုံးကိုဆိုလိုတာမဟုတ်ပါဘူး။

ပြိုင်ပွဲတစ်ခုမှာ မိတ်ဆွေအပါအဝင် Player ၄ ဉီးအထိဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုပြီးရင် ဆုငွေတွေရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေပြိုင်ပွဲမှာရရှိခဲ့တဲ့ အဆင့်အပေါ်မှုတည်ပြီး ဆုကြေးတွေကပြောင်းလဲသွာမှာဖြစ်ပါတယ်။ ဘယ်ညာရွေ့ပြီး ဆော့ရုံပဲဖြစ်တာကြောင့် ဆော့ရမယ့် ပုံစံကရိုးရှင်းပါတယ်။ ဒီဂိမ်းမှာထူးခြားတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ရဲ့ပြိုင်လမ်းကို ကိုယ်တိုင် Edit လုပ်နိုင်တာပဲဖြစ်ပါတယ်။

နောက်တစ်ခုထူးခြားတာက Emoji တွေပါဝင်တာပါ။ Emoji တွေကတော့ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ပြိုင်ဘက်ကို စချင်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ လေတိုက်ချင်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဒေါသထွက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

In-game System အကြောင်းလေးတစ်ချက်ဖော်ပြပါရစေ။ ဂိမ်းစစချင်းမှာ World Cup, Shop, Create Tracks, Events အစရှိတဲ့ Option တွေကိုတွေ့ရမှာဖြစ်ပါတယ်။ Shop ကတော့ In-game ထဲက Gem တွေဝယ်နိုင်တဲ့နေရာဖြစ်ပါတယ်။ Create Tracks ဆိုတာကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း မိမိရဲ့ပြိုင်လမ်းကို ကိုယ်တိုင် Edit လုပ်နိုင်တဲ့နေရာပဲဖြစ်ပါတယ်။ Event ကတော့ Developer တွေထည့်သွင်းပေးထားတဲ့အချိန်မှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

World Cup ကတော့ မိတ်ဆွေပြိုင်ပွဲဝင်ရမဲ့နေရာပဲဖြစ်ပါတယ်။ World Cup ထဲ မှာ Garage, Upgrade, Skins, Power-up, race အစရှိတဲ့ Option တွေရှိနေဉီးမှာဖြစ်ပါတယ်။

  • Garage ထဲမှာတော့ မတူညီတဲ့ကားအမျိုးအစား အလန်းတွေနဲ့ အထာကျတဲ့  Character မျိုးစုံကိုတွေ့ရမှာဖြစ်ပါတယ်။ ကားတစ်စီးနဲ့တစ်စီးက Power, Weight, Speed, Nitro, Handling အစရှိတာတွေက ကွဲပြားနေမှာဖြစ်ပါတယ်။
  • Upgrade ကတော့ ကားတစ်စီးရဲ့ Power, Weight, Speed, Nitro, Handling အစရှိတာတွေကို Update လုပ်နိုင်တဲ့နေရာဖြစ်ပါတယ်။
  • Power-up ကတော့ Challenge တွေဝင်ပြိုင်ပြီး အနိုင်ရရှိခြင်းဖြင့် မိမိကားရဲ့ Power ကိုတိုးမြင့်နိုင်မှာဖြစ်ပါတယ်။
  • Skins ကတော့မိတ်ဆွေလက်ရှိကားရဲ့ အရောင်၊ Design အစရှိတာတွေကိုပြောင်းလဲနိုင်တဲ့နေရာပဲဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ ပြိုင်လမ်းကြီးကိုကိုယ်တိုင် ဖန်တီးနိုင်ပြီး Global က Player တွေနဲ့ ယှဉ်ပြိုင်ဆော့ကစားရမယ့် Multiplayer Racing ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : SUP Multiplayer Racing

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password