Comic နဲ့ Animated ဇာတ်လမ်းတွေထွက်ရှိတော့မယ့် Summoners War

ဒီတစ်ကြိမ်မှာတော့ Summoners War ချစ်သူတွေ ပျော်လိုက်လို့ရပါပြီ။ Com2uS နဲ့ ‘The Walking Dead’ ဖန်တီးရှင် Skybound Entertainment တို့ပူးပေါင်းပြီး Summoners War ကို Comic စာအုပ်နဲ့ Animated ဇာတ်လမ်းတွဲတွေ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ကြေညာသွားလို့ပဲဖြစ်ပါတယ်။ ‘The Walking Dead’ comic ကိုဖန်တီးခဲ့သူ Robert Kirkman က သူတို့ Skybound အဖွဲ့အနေနဲ့ Summoners War ကို Multimedia Franchise တစ်ခုအသွင်ပြောင်းလဲသွားဖို့ အရမ်းပဲစိတ်အားထက်သန်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုယ်နှစ်သက်တဲ့ဂိမ်းတွေကို အခြား Media တွေမှာမြင်တွေ့ချင်တာ Gamer တိုင်းရဲ့ဆန္ဒပါပဲ။ ဒါပေမယ့် လက်တွေ့မှာ Game ဇာတ်လမ်းကို အခြား Media တွေအသွင်ပြောင်းလဲဖို့က တော်တော်မလွယ်တဲ့ကိစ္စပါ။ Movie Script အသွင်ပြောင်းလဲရာမှာ အခက်အခဲရှိတာ၊ Fanbase ပမာဏပေါ်မူတည်တာ စတာတွေဟာ Game တွေ Multimedia Franchise အသွင်ပြောင်းလဲရာမှာ အကြီးမားဆုံးတံတိုင်းကြီးတွေဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ဒီလိုသတင်းကောင်းတွေကြားရတိုင်း ကိုယ်သိပ်မသိတဲ့ဂိမ်းဆိုရင်တောင် ဝမ်းသာပေးမိပါတယ်။

ဒီ Summoners War Comic နဲ့ Animated Series တွေ ထွက်ရှိလာရင်ဘယ်လိုနေမယ်ဆိုတာကိုလည်း တော်တော်လေးကိုစိတ်ဝင်စားမိပါတယ်။ ဒါတွေကိုဖန်တီးမယ့်သူတွေက နှယ်နှယ်ရရတွေမဟုတ်တော့ လူတိုင်းကြိုက်နှစ်သက်ကြမယ့် ဇာတ်လမ်းတွဲတွေဖြစ်လာမယ်လို့ ယုံကြည်ထားချင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password