News

Pubg နဲ့ Xbox ပေါင်းပြီးလုပ်လိုက်တဲ့ Big Suprise

Pubg corps ဟာသူ့ရဲ့အောင်မြင်မှုနဲ့အတူခြေလှမ်းခပ်ကျဲကျဲတွေကိုစတိုင်ကျကျလှမ်းနေပါတယ်။ Mobile version မှာလည်းအောင်မြင်မှုတွေရရှိနေတဲ့ Pubg ဟာအခုလည်း Microsoft Xbox (အဆိုတော်မဟုတ်ဘူးနော်ဂိမ်းစက်ကိုပြောတာ?)နဲ့ ပူးပေါင်းပြီးအားလုံးကိုအံ့အားသင့်သွားစေမယ့် suprise event တစ်ခုကိုကြေညာခဲ့ပါတယ်။ Event နာမည်ကိုတော့ Summer of PUBG လို့နာမည်ပေးထားပြီးလုံးဝကိုလန်းတဲ့ Give away event တစ်ခုပါ။ ဘာတွေပေးလဲဆိုတာဆက်မပြောပြပေးခင်မှာ သွားရည်သုတ်ဖို့အဝတ်တစ်ခုတော့ယူထားစေချင်ပါတယ် (ကျွန်တော်လည်းအခုစာရေးရင်းသုတ်နေရပါတယ်?)။ ဟုတ်ကဲ့ဆက်ကြည့်လိုက်ရအောင်။

Give away ဆိုတော့ Pubg key chain လေးကနေပြီးတော့ Pubg ထဲကသေနတ်အဆင့်လောက်အထိမှန်းဆနိုင်ပါတယ်။ ဒါပေမဲ့သင်မှန်းတာလွဲသွားပါပြီ?)။ အခုပေးမှာက Pubg ထဲက bus ကားပါ ?)။ သင်ဖတ်လိုက်တာ ဟုတ်ပါတယ်အမှန်ပါပဲ ဂိမ်းထဲမှာအဖွဲ့လိုက်တက်စီးပြီးသူများကိုလိုက်တိုက်နေတဲ့ bus ကားနဲ့ပုံစံတူတဲ့ကားကို West Coast Customs ကား work shop နဲ့ပူးပေါင်းတပ်ဆင်ပြီး give away ပေးမှာပါ။ အပြင်မှာတကယ်မောင်းလို့ရတဲ့အပြင်ကားရဲ့နောက်ကြည့်မှန်ကိုလည်း ဒယ်အိုးပုံပြုလုပ်ပြီးအလှဆင်ထားပါတယ်?)။ အခုကစပြီးသွားရည်တွေသုတ်ရပါတော့မယ်။ west coast custom ဟာသူ့ဆီမှာအလုပ်လုပ်တဲ့ Pubg ပရိတ်သတ်တစ်ယောက်ရဲ့အကူအညီနဲ့ကားရဲ့အတွင်းပိုင်းကိုလည်းပြင်ဆင်ခဲ့ပါသေးတယ်။ ဘာတွေလဲဆိုတော့ Pubg logo ပါဝင်တဲ့ကားကြမ်းခင်း၊ Pubg အသင့်ဆော့ကစားနိုင်တဲ့ Xbox ဂိမ်းစက်လေးလုံးနဲ့ 4k Tv လေးလုံးကိုတပ်ဆင်ထားပါတယ်??)။ ဒါဆိုရင်တော့သင်ဟာခရီးသွားနေရင်းတောင်သူငယ်ချင်းတွေနဲ့ squard ဆော့နိုင်မှာပါ (ဂေါ်ပြီလေ?)။ ကားရဲ့အသေးစိတ်ကိုတော့အောက်က video မှာငမ်းနိုင်(အဲလေ) ကြည့်နိုင်ပါတယ်ခင်ဗျ?)။

Bus ဟာ ပထမဆုဖြစ်ပြီး ဒုတိယဆုတစ်ဆုနဲ့ နှစ်သိမ့်ဆု ဆယ်ဆုကိုလည်း give away ပေးသွားမှာပါ။ ဒုတိယဆုအနေနဲ့ 55 လက်မ Samsung QLED TV, Pubg-Xbox One X bundle၊ Xbox Live Gold နဲ့ Xbox Game Pass membership အပြင် Xbox elite controller ဂိမ်းခလုတ်တစ်ခုကိုရရှိမှာဖြစ်ပြီး Pubg အခွေတစ်ခွေနဲ့ Xbox elite ခလုတ်တစ်ခုပါဝင်တဲ့နှိစ်သိမ့်ဆုကိုတော့ဆယ်ဆုပေးအပ်သွားမှာပါ။

လာမယ့် သြဂုတ်လ 31 ရက် ကနေနောက်လ 3 ရက်နေ့အထိ ဝါရှင်တန်မြို့မှာကျင်းပမဲ့ PAX West event မှာမဲဖောက်သွားမှာဖြစ်ပြီးစိတ်မကောင်းစရာအနေနဲ့ကတော့ဒီ give away မှာအမေရိကန်နိုင်ငံက player တွေပဲပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်?)။ နောက်ထပ်စိတ်ဝင်စားစရာသတင်းတွေကိုတင်ပြပေးသွားဦးမှာမို့လို့ Playon ကို like နဲ့ see first လုပ်ထားဖို့အကြုံပြုရင်းဒီနေ့တော့ဒီလောက်နဲ့ရပ်နားခွင့်ပြုပါဦးခင်ဗျာ။

Ref

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password