‘Subway Surfers’ Animated Series – ၂၀၁၈ ထဲထွက်မည်

၂၀၁၃ ခုနှစ်ကတည်းက အိပ်မက်တွေပေးပြီးပျောက်သွားတဲ့ ‘Subway Surfers’ Animated Series ဟာ သူ့ရဲ့ Artwork တွေကို ထုတ်ဖော်ပြသလိုက်တာနဲ့အတူ အားလုံးရဲ့မျက်စိရှေ့မှောက်ကိုပြန်ရောက်လာပါတယ်။ ဒီဇာတ်လမ်းကို ၂၀၁၈ နွေရာသီမှာ စတင်ထုတ်လွင့်မှာဖြစ်ပြီး အစပိုင်းမှာတော့ တစ်ပိုင်းကို ၅ မိနစ်ရှိမယ့် အပိုင်းပေါင်း ၁၀ ပိုင်းနဲ့စတင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အပိုင်းတစ်ပိုင်းကို ၂၂ မိနစ်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ Subway Surfers ဆိုတော့ Graffiti လိုက်ဆွဲတာတွေ၊ လမ်းတွေထဲမှာလျှောက်ပြေးတာတွေကတော့ ပါမှာသေချာသလောက်ပါပဲ။ အောက်မှာဖော်ပြထားတဲ့ Artwork တွေကိုကြည့်လိုက်ကြပါဦး။

Mobile Game တွေထဲမှာ အအောင်မြင်ဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Subway Surfers ကတော့ Fan base မနည်းဘူးဆိုတာတော့ ကျိန်းသေပါပဲ။ အဲဒီတော့ ဒီ Animated Series ထွက်ရှိလာရင်အားပေးကြမယ့်သူတွေက ဒုနဲ့ဒေးပါ။ ကျွန်တော်ကတော့ ဘယ်လိုဂိမ်းမဆို Multimedia Franchise အသွင်ကူးပြောင်းတာကိုအားပေးတဲ့အတွက် ထွက်ရှိလာရင်အားပေးဖြစ်မှာပါ။ Subway Surfers ချစ်သူတွေအတွက် ဒီအကြောင်းနဲ့ပတ်သက်ပြီး သတင်းအသစ်တွေထပ်မံရရှိခဲ့တာနဲ့ ဒီနေရာကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password