Angry Bird ခေတ်တုန်းကလို လူကြိုက်များနေတဲ့ Stupid Zombies 3

Playon က ဂိမ်းချစ်သူတွေကို ဒီတခါမှာ Angry Bird ခေတ်တုန်းကလို လူကြိုက်များနေတဲ့ Stupid Zombies 3 နဲ့ Mobile Game လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီဂိမ်းလေးတွေကို ကစားပြီးတဲ့သူက Zombies Shot တွေထဲမှာ သူ့လောက် စွဲမက်ဖွယ်ကောင်းတဲ့ ပစ်ချက်တွေပေးနိုင်တဲ့ ဂိမ်းမရှိသေးဘူးလို့ ထင်ရလောက်အောင် ကောင်းတဲ့ ဂိမ်းဖြစ်ပါတယ်။ Zombie တွေကို အများဆုံးရအောင် ချိန်ရွယ်ပစ်ခတ်ရတာဖြစ်ပြီး သူ့သတ်မှတ် အရေအတွက်အတိုင်း Zombie တွေကို သတ်ပေးရတာဖြစ်ပါတယ်။ ဒါမှ ကြယ်တွေစုဆောင်းနိုင်မှာဖြစ်ပြီး အခန်းတစ်ခန်းအောင်ဖို့ series သုံးခုကို ဖြတ်ပြီး Level တစ်ဆင့်ချင်းတက်သွားနိုင်မှာဖြစ်ပါတယ်။ အခန်းတစ်ခန်းမှာ ကိုယ်သတ်လိုက်တဲ့ Zombie အရေအတွက်ပေါ်မူတည်ပြီး ကြယ်တစ်လုံးကနေ သုံးလုံးထိပေးတာဖြစ်ပါတယ်။

Zombie တွေကို သတ်ဖို့က ကျည်ဆံကို အရေအတွက်နဲ့ ပေးတာဖြစ်လို့ မသေချာတဲ့ပစ်ချက်တွေသာ ဖြစ်ခဲ့မယ်ဆိုရင် ကျည်ဆံတွေဆုံးရှုံးပြီး သတ်မှတ်ထားတဲ့အကောင်အရေအတွက်မရနိုင်တဲ့အတွက် ကိုယ့်ပစ်ချက်တွေကို ဂရုစိုက်ဖို့တော့လိုပါလိမ့်မယ်။

သင်ဟာ Zombie အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကဖြစ်ပြီး သင့်နယ်မြေထဲမှာ တဖြေးဖြေးတိုးပွားလာတဲ့ Zombie တွေကို သတ်ဖို့ Level အသစ်တက်တိုင်း လက်နက်အမိုက်စားတွေရရှိမှာဖြစ်ပါတယ်။ Zombie တွေကို ချိန်တဲ့အခါ Angry Bird လို လိုင်းနဲ့ပြပေးမှာဖြစ်ပြီး ကျည်ဆံက နံရံတွေကို ထိမှန်ပြီး Zomebie တော်တော်များများကိုကျည်တစ်တောင့်တည်းနဲ့သတ်နိုင်မှာဖြစ်ပါတယ်။

Game ဟာ Level 100 အထိပါပြီး Level မြင့်လာလေလေ နယ်မြေကျဉ်းလာလေဖြစ်ပြီး ချိန်ရွယ်ပစ်ခတ်ဖို့ ခက်ခဲလာမှာဖြစ်ပါတယ်။ လက်နက်အသစ်တွေရဖို့ ပထမ Level တွေမှာ ကြယ်များများစုလာနိုင်မှ နောက် Level တွေကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ တကယ့်ကို ရိုးရှင်းလွယ်ကူပြီး online game မဟုတ်လို့ ပေါ့ပေါ့ပါးပါးကစားနိုင်သလို အားလပ်ချိန်တွေနဲ့ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကစားသင့်တဲ့ အကောင်းဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။ Stupid Zombies 3 ဟာ 44.75 MB ပဲရှိပြီး  APK Pure မှာ Star အပြည့်ရထားတဲ့ ဂိမ်းဖြစ်ပါတယ်။ Stupid Zombies 3 ကို အောက်ကလင့်လေးမှာ အလွယ်တကူ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

https://playon.com/stupid-zombies-3/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password