ထူးခြားဆန်းသစ်တဲ့ Zombie Shooting ဂိမ်းလေးတစ်ခုဖြစ်တဲ့ Stupid Zombies 2

Zombie Shooting ဂိမ်းလို့ပြောလိုက်တာနဲ့ Zombie တွေရန် ကထွက်ပြေးပြီး စိတ်လှုပ်ရှားဖွယ်သေနတ်ပစ်ရမယ်လို့ အများစုကထင်ကြမှာပါ။ ဒီ Zombie Shooting ဂိမ်းလေးဟာအများစုထင်နေကြတာနဲ့ ကွဲပြားနေတာကိုတွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ စိတ်လှုပ်ရှားမှုမပါဝင်ပဲ အေးအေးဆေးဆေး Physics သဘောတရားတွေနဲ့ ပစ်ခတ်သွားရမှာမလို့ပါ။  Physics သဘောတရားက မိတ်ဆွေသေနတ်ပစ်တဲ့ အခါမှာအသုံးပြုရမှာဖြစ်ပါတယ်။

In-game System နဲ့တွဲ လိုက်မှာ ပိုပြီးမြင်သာမှာဖြစ်သာကြောင့် In-game System အကြောင်းလေးစတင်ပါရစေ။ စစချင်းမိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ Zombie တွေပြည့်နက်နေမှာဖြစ်ပါတယ်။ အဲ့ဒီ Zombie တွေက မိတ်ဆွေကို အန္တရာယ်မပြုသလို လှုပ်ရှားနေမှာလည်း မဟုတ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး။ မလှုပ်မရှားပဲ ရပ်နေတဲ့ Zombie တွေကို မိတ်ဆွေအနေနဲ့ ပစ်သတ်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ Zombie တွေကမိတ်ဆွေအရှေ့တည့်တည့်မှာ ရှိနေမှာမဟုတ်တဲ့ အတွက်ထင်သလောက်တော့ မလွယ်ပါဘူး။ အပေါ်တွေ၊ ဘေးတွေ၊ နံရံနောက်မှာတွေ စတဲ့နေရာပေါင်းစုံမှာ ရှိနေမှာပါ။ အဲ့ဒါတွေကြောင့် Physics သဘောတရားကအရေးပါလာပဲဖြစ်ပါတယ်။ Physics, Physics ဆိုပြီးပြောတာက လူထင်ကြီးအောင်ပါ။ အမှန်တော့ Physics သဘောတရားတွေကို ဒီဂိမ်းရဲ့ Developer တွေကမိတ်ဆွေ အတွက်လုပ်ပေးထားပြီးသားဖြစ်ပါတယ်။ သေနတ်ကို ချိန်လိုက်တာနဲ့ ကျည်ဆံက ဘယ်တွေကိုဘယ်လိုရောက်မှာ စတဲ့အချိန်အဆ Physics သဘောတရားတွေကို ဂိမ်း Developer တွေက မိတ်ဆွေ ပစ်ခတ်ချိန်မှာပေါ်လာအောင်ပြုလုပ်ပေးထားတာကိုတွေ့ရမှာပါ။

 

ဒီဂိမ်းအပြီးအဆုံး ဆော့ဖို့ Level 600 ကျော်လောက်ကိုမိတ်ဆွေက ဖြတ်ကျော်သွားရမှာဖြစ်ပါတယ်။ ကျည်ဆံတွေက အကန့်အသတ်နဲ့ ပေးထားတာဖြစ်လို့ Target ကိုသေချာမှ ပစ်တာအကောင်းဆုံးဖြစ်ပါတယ်။ ပြီးတော့ မိတ်ဆွေက တွေ့သမျှ Zombie တွေကို အကုန်သတ်မှ နိုင်မှသာ နောက် Level တစ်ခုတက်ရောက်နိုင်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် မိတ်ဆွေ Zombie တွေကိုပစ်ခတ်နိုင်ဖို့လက်နက်ပေးထားပါတယ်။ လက်နက်အနေနဲ့ ကတော့ Shot Gun တစ်လက်သာပေးထားတာဖြစ်ပါတယ်။ Character အနေနဲ့လည်း ပုံထဲမှာတွေ့မြင်နေရတဲ့ Character တစ်ကောင်ပဲပေးထားမှာဖြစ်လို့ မိတ်ဆွေစီမှာ ရွေးချယ်ဖို့ Option ကမရှိသလောက်ပါပဲ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ ကစားနိုင်ပါတယ်။ Puzzle ဘက်အနည်းငယ်ရောက်ပြီး ထူးခြားတဲ့ Zombie ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

 

Image Source : Stupid Zombie 2 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password