Series လိုက်ထွက်ရှိထားတဲ့ Zombie Shooting ဂိမ်းလေးတစ်ခုဖြစ်တဲ့ Stupid Zombies

Stupid Zombies အပြင် Stupid Zombies 2, Stupid Zombies 3 တွေပါထွက်ရှိထားတာကြောင့် အောင်မြင်တဲ့ဂိမ်းတွေထဲမှာ တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ Zombie Shooting ဂိမ်းလို့ပြောလိုက်တာနဲ့ Zombie တွေရန် ကထွက်ပြေးပြီး စိတ်လှုပ်ရှားဖွယ်သေနတ်ပစ်ရမယ်လို့ အများစုကထင်ကြမှာပါ။ ဒီ Zombie Shooting ဂိမ်းလေးဟာအများစုထင်နေကြတာနဲ့ ကွဲပြားနေတာကိုတွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ စိတ်လှုပ်ရှားမှုမပါဝင်ပဲ အေးအေးဆေးဆေး Physics သဘောတရားတွေနဲ့ ပစ်ခတ်သွားရမှာမလို့ပါ။  Physics သဘောတရားက မိတ်ဆွေသေနတ်ပစ်တဲ့ အခါမှာအသုံးပြုရမှာဖြစ်ပါတယ်။


In-game System နဲ့တွဲ လိုက်မှာ ပိုပြီးမြင်သာမှာဖြစ်သာကြောင့် In-game System အကြောင်းလေးစတင်ပါရစေ။ စစချင်းမိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ Zombie တွေပြည့်နက်နေမှာဖြစ်ပါတယ်။ အဲ့ဒီ Zombie တွေက မိတ်ဆွေကို အန္တရာယ်မပြုသလို လှုပ်ရှားနေမှာလည်း မဟုတ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး။ မလှုပ်မရှားပဲ ရပ်နေတဲ့ Zombie တွေကို မိတ်ဆွေအနေနဲ့ ပစ်သတ်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ Zombie တွေကမိတ်ဆွေအရှေ့တည့်တည့်မှာ ရှိနေမှာမဟုတ်တဲ့ အတွက်ထင်သလောက်တော့ မလွယ်ပါဘူး။ အပေါ်တွေ၊ ဘေးတွေ၊ နံရံနောက်မှာတွေ စတဲ့နေရာပေါင်းစုံမှာ ရှိနေမှာပါ။ အဲ့ဒါတွေကြောင့် Physics သဘောတရားကအရေးပါလာတာပဲ ဖြစ်ပါတယ်။ သေနတ်ကို ချိန်လိုက်တာနဲ့ ကျည်ဆံက ဘယ်တွေကိုဘယ်လိုရောက်မယ်ဆိုတာကိုမိတ်ဆွေကိုယ်တိုင်စဉ်းစားရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းကို ပစ်နိုင်မှသာ Zombie တွေကိုပစ်နိုင်ပြီးအနိုင်ရရှိမှာဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ Stupid Zombies 3 မှာတော့ ကျည်ဆံသွားရာလမ်းကြောင်းကို မိတ်ဆွေစချိန်တည်းကပြထားပေးမှာဖြစ်လို့ပိုမိုလွယ်ကူမှာပါ။ အကယ်၍မိတ်ဆွေက ကိုယ်တိုင်ချိန်ဆရတာကြိုက်တယ်ဆိုရင်တော့ Stupid Zombies ကိုပိုပြီးဆော့သင့်ပါတယ်။ ဒါကတော့လမ်းကြုံတုန်းလေး အကြံပြုတာပါ။

ဒီဂိမ်းအပြီးအဆုံး ဆော့ဖို့ Level 200 ကျော် လောက်ကိုမိတ်ဆွေက ဖြတ်ကျော်သွားရမှာဖြစ်ပါတယ်။ ကျည်ဆံတွေက အကန့်အသတ်နဲ့ ပေးထားတာဖြစ်လို့ Target ကိုသေချာမှ ပစ်တာအကောင်းဆုံးဖြစ်ပါတယ်။ အရှေ့မှာ တွေ့သမျှ Zombie တွေကို အကုန်သတ်နိုင်မှ နောက် level တစ်ခုကိုရောက်ရှိမှာဖြစ်ပါတယ်။ Chapter အနေနဲ့ ၃ ခုဆော့ရမှာဖြစ်ပါတယ်။ Chapter တစ်ခုစီမှာ Stage ၄ ခုပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီ Stage တွေထဲမှာမှ Level တွေဖော်ပြထားမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေက Shot Gun တစ်လက်နဲ့ Character တစ်ကောင်နဲ့သာ အပြီးထိဆော့သွားရမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ ကစားနိုင်ပြီး ထူးခြားတဲ့ Zombie ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

 

 

Image Source : Stupid Zombies 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password