Mobile Game လို့မထင်ရလောက်အောင်လှတဲ့ Black Desert Mobile

Pearl Abyss ကတော့ သူ့ရဲ့ Trailer တွေနဲ့ ကျွန်တော်တို့ကို တမင်နှိပ်စက်နေသလားမှတ်ရပါတယ်။ မကြာခင်ထွက်မယ့် သူ့ရဲ့ Mobile MMORPG ဖြစ်တဲ့ Black Desert Mobile ရဲ့ Trailer အသစ်တွေထွက်တိုင်း သူ့ရဲ့ Graphic လှချက်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်ဖြစ်သွားရပါတယ်။ ဂိမ်းရဲ့ Interface မပါတဲ့ Scene တွေကို အခြားသူတစ်ယောက်ကိုသွားပြလိုက်ရင် Mobile ဂိမ်းလို့တောင်ထင်မှာမဟုတ်ပါဘူး။ Environment ဆွဲထားတာတွေလှပသလို Weather Effect တွေ၊ Battle Animation တွေ၊ Particle Effect တွေက လုံးဝအပျံစားပါပဲ။

Character Customization နဲ့ Battle Animation တွေအကြောင်းကို ပြီးခဲ့တဲ့ Post မှာ ဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ မှာပြုလုပ်ခဲ့တဲ့ Media Showcase ပြီးတော့လွှင့်တင်ခဲ့တဲ့ Trailer မှာတော့ ငါးမျှားတာ၊ သစ်ခုတ်တာ၊ အကောင်တွေလိုက်ဖမ်းတာ၊ အပင်တွေစိုက်ပျိုးတာ၊ အိမ်ဆောက်တာ စတဲ့ဂိမ်းထဲမှာပြုလုပ်ရမယ့် Activity တွေအပြင် Combat Animation အသစ်တွေကိုပါ ထပ်မံဖော်ပြခဲ့ပါတယ်။ သူ့အရှေ့တုန်းက Trailer တွေအတိုင်းပဲ လှချက်ကတော့ ကမ်းကုန်ပါပဲ။ ဒါ့အပြင် Class တစ်ခုချင်းစီရဲ့ Customization နဲ့ Battle Animation တွေကိုလည်း ဗီဒီယိုသပ်သပ်စီနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။

Black Desert Mobile ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ ကိုရီးယားနိုင်ငံအတွက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး Pre-Register လုပ်လို့ရနေပြီဖြစ်ပြီး Register လုပ်တယ်ဆိုရင် In-Game Reward တွေရရှိမှာဖြစ်ပါတယ်။ Global Version ကတော့ အစီအစဉ်ရှိတယ်လို့ပဲပြောသွားပြီး ထွက်ရှိမယ့်အချိန်အတိအကျကို မဖော်ပြသွားခဲ့ပါဘူး။ System Requirement နဲ့ပတ်သက်ပြီးတော့ Galaxy S5 အထိ Support လုပ်ပေးမယ်လို့ဆိုသွားတဲ့အတွက် ဒီနှစ်ပိုင်းထွက်တဲ့ Device တွေအားလုံးနဲ့အိုကေမယ်လို့ ယူဆလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ အောက်မှာဖော်ပြထားတဲ့ Trailer တွေကိုကြည့်ပြီး မြန်မြန်ထွက်ဖို့ဆုတောင်းနေရုံပဲရှိပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password