E-sport လောကမှာကြယ်ပွင့်တစ်ပွင့်အဖြစ်တည်ရှိနေတဲ့ Miracle ~ အကြောင်းများ(The Story of Miracle)!

သင်ဟာ Miracle ရဲ့ Fan ဆိုရင်ဒီ article လေးကတော့သင့်အတွက်ပါပဲ။ ဘာလို့လဲဆိုတော့ ဒီ article လေးထဲမှာ Miracle အကြောင်း စုံစုံလင်လငဖော်ပြပေးထားတာကြောင့်ပါ။ Miracle ဟာယခုလက်ရှိမှာ Dota 2 Player တစ်ယောက်အဖြစ် E-sport  လောကမှာရပ်တည်နေပြီး Team Liquid မှာကစားနေတာပဲဖြစ်ပါတယ်။

 

Miracle ရဲ့နာမည်အရင်းကAmer Al-Barkawi ဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့ ၁၉၉၇ ခုနှစ် မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်က Polish နိုင်ငံသူ ဖြစ်ပါတယ်။ Polish ဆိုတာက Europe ရဲ့ အလယ်တည့်တည့်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်။ ဖခင်ကတော့ Jordan နိုင်ငံသားဖြစ်ပါတယ်။ Jordan ဆိုတာကတော့ Europe နဲ့ Africa ကြားမှာတည်ရှိနေတာပဲဖြစ်ပါတယ်။ အဲ့တော့ Amer Al-Barkawi(Miracle) ဟာ Polish နဲ့ Jordan နေရာနှစ်ခုလုံးမှာ Citizenship ရရှိထားတာလည်းဖြစ်ပြီး Jordan မှာနေထိုင်ပါတယ်။ Amer Al-Barkawi(Miracle) မှာအစ်ကိုတွေရှိပါတယ်။

၂၀၀၉ ခုနှစ်မှာ သူ့အစ်ကိုတွေနဲ့ Net Café တစ်ခုကို လိုက်သွားဖြစ်ရာမှ Defense Of The Ancient(Dota) ဆိုတဲ့ဂိမ်းကို စဆော့ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၉ ဆိုတော့ Miracle အသက်က 12 လောက်ပဲရှိဦးမှာပါ။ အဲ့ဒီ အသက် ၁၂ နှစ် ထဲက Miracle ဟာ Dota ဆိုတဲ့ဂိမ်းကိုစွဲလမ်းနေပြီဖြစ်ပါတယ်။ စွဲလမ်းသွားတာကြောင့် Dota ကိုနေ့တိုင်းလိုလိုဆော့ဖြစ်ပြီး သူ့ရဲ့ Skill ကိုလည်း အမြဲတိုးတက်နေအောင် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ 2013 ရောက်တော့ ကျွန်တော်တို့အခုစွဲစွဲလမ်းလမ်းဆော့နေကြတဲ့ Dota 2 စတင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Dota 2 ကိုလည်း Miracle တော်တော်ဆော့ဖြစ်ပြီး Dota 2 မှာ သူ့ရဲ့ Solo Rank က 5200 MMR အထိရှိနေပါတယ်။ ဒါပေမဲ့သူ့ရဲ့ Goal က တစ်ကမ္ဘာလုံးရဲ့ Dota 2 player တွေထဲမှာ Highest MMR ဖြစ်ချင်တာကြောင့် MMR တိုးလာအောင်ဆက်ပြီးကြိုးစားဆော့နေဆဲပါပဲ။ အဲ့ဒီအချိန်တုန်းက Miracle က Public Player တစ်ယောက်အနေနဲ့ရပ်တည်နေတာပါ။ Team လဲမရှိသလို Tournament တွေမှာလည်းဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူး။ သူ့ကိုယ်သူ Pro တစ်ယောက်လို့မခံယူထားတာကြောင့်ပါ။

ဒါပေမဲ့ 2015တော့ Miracle ဟာ မှာ Balkan Bears အမည်ရှိတဲ့အဖွဲ့ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ Balkan Bears အသင်းက Europe ရဲ့ E-sport Organization တစ်ခုဖြစ်ပြီး 2013 မှာစတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ လအနည်းငယ်အကြာမှာတော့ Miracle ကBalkan Bears အဖွဲ့ရဲ့ ထုတ်ပယ်ခြင်းကိုခံလိုက်ရပါတယ်။ သိပ်မကြာပါဘူး၊ Balkan Bears အဖွဲ့ဟာလည်း Disband ဖြစ်သွားပါတယ်။ အဲ့တော့ Miracle ဟာလည်းထုံးစံအတိုင်း Public Player တစ်ယောက်အနေနဲ့ရပ်တည်ပြီး Solo Rank တွေတက်လာအောင်ဆက်လက်ကြိုးပမ်းပါတော့တယ်။ ဆော့ရင်းဆော့ရင်းနဲ့ Skill တွေကြမ်းလာပြီး Rank တွေလည်းတဖြည်းဖြည်း များလာတာကြောင့် Miracle, Miracle ဆိုပြီး Dota 2  player တွေရဲ့ပါးစပ်မှာစွဲလာခဲ့တာပဲဖြစ်ပါတယ်။ Miracle ရဲ့ Rank ဟာတဖြည်းဖြည်းတက်လာပြီးနောက်ဆုံး Highest Rank အနေနဲ့ရပ်တည်နေ ပြီး 8K MMR ရှိတဲ့ w33 ကိုတောင်ကျော်တက်သွားပါတယ်။ Wow! Opps!

 

Miracle ကအဲ့ဒီအချိန်တုန်းက Hit ဖြစ်နေတဲ့ Public Player တစ်ယောက်ဖြစ်နေတာကြောင့် Notail က ဆက်သွယ်လာခဲ့ပါတယ်။ 28th August 2015 မှာ အခုလက်ရှိ OG Team ထဲက Player တစ်ယောက်ဖြစ်တဲ့ Notail ဟာ Monkey Business ဆိုတဲ့ အဖွဲ့ကိုစတင်တည်ထောင်ခဲ့ပါတယ်။  Notail နဲ့ Skype ကနေစကားတွေပြော၊ ဂိမ်းတော်တော်များများလည်းတွဲဆော့ဖြစ်ပြီး ခင်တဲ့အနေအထားဖြစ်နေပါပြီ။ Miracle ဟာ Notail နဲ့ တွဲဆော့ကြည့်ပြီးတော့မှ သူ့ကိုယ်သူ Pro player တွေနဲ့ တွဲဆော့နိုင်ပြီး Tournament မှာပါဝင်ပြိုင်နိုင်တာကိုသိလာပါပြီ။ 64 ရက်ကြာတော့ Monkey Bussiness ကို OG အနေနဲ့ပြန်လည်တည်ထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ကတော့ –

Amer Al-Barkawi  (Miracle ~)

Johan Sundstein (Notail)

David Tan (MoonMeander)

Andreas Franck Nielsen (Crit)

Tal Aizik (Fly) တို့ပဲဖြစ်ပါတယ်။

OG ရဲ့ Captain ကတော့ Fly ပါ။ ဘယ်ဘက် ကဟာတွေကတော့ Player တွေရဲ့ တကယ့်နာမည်အရင်းတွေပါ။ ခြေလှမ်းအစအနေနဲ့ The FrankFurt Major သွားရောက်ယှဉ်ပြိုင်ပါတယ်။ FrankFurt ရဲ့ Final BO5 game 4 မှာ Captain ဖြစ်တဲ့ Fly က Miracle ရဲ့ Signature Hero တစ်ကောင်ဖြစ်တဲ့ Shadow Field ကို Miracle အတွက် Pick ပေးပြီး Map ကိုသေချာ Control လုပ်နိုင်ခဲ့ တာကြောင့် The FrankFurt Major ရဲ့ Winner ဖြစ်ခဲ့တာဖြစ်ပါတယ်။  Miracle ဟာ 11th May 2016 မှာ ပထမဦးဆုံး Solo MMR 9k ကိုရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် The Manila Major နဲ့ EsL ONE မှာလည်း ပထမ ရအောင်ကြိုးပမ်းပေးခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာ OG ဟာ လူတော်တော်များများရဲ့ အကြိုက်ဆုံး Team တစ်ခုဖြစ်လာခဲ့ပါတယ်။ The International 2016 မှာတော့ OG ဟာအနည်းငယ်လွဲချော်မှုတွေကြောင့် TNC ကို 2-0 နဲ့ရှုံးပြီး ထွက်ခွာခဲ့ရပါတယ်။ 15 ရက်အကြာမှာတော့ Miracle ဟာ OG အသင်းမှထွက်ခွာခဲ့ပါတယ်။ အားလုံးကိုကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် Tal Aizik (Fly)  နဲ့ Johan Sundstein (Notail) ကိုကျေးဇူးအများကြီးတင်ကြောင်းပြောခဲ့ပါတယ်။

Miracle ဟာ 16th September 2016 မှာတော့ Team Liquid ကိုဝင်ခဲ့ပါတယ်။ Miracle ကLiquid ရဲ့ Captain ဖြစ်သူ Kuroky နဲ့ Brotherhood Relationship ဖြစ်တာကြောင့် Miracle အတွက်တော့ အဆင်ပြေပါတယ်။ Liquid နဲ့အတူ Dream League Season 6, Starseries Season 3, Dota 2 Asia Championships 2017, Starladder i-League Invitational, Epicenter 2017, Dream League Season 7 စတာတွေအပြင် The International 2017 ရဲ့ Agies ကြီးကိုပါသိမ်းပိုက်နိုင်ထားတာကြောင့် အောင်မြင်ချက်ကတော့ နိုင်းလောက်ပါပဲ။ Miracle က Tournament 29 ခုကနေ $2,942,665.85 ရှာပြီးနေပြီဖြစ်တဲ့ E-sport Player တစ်ယောက်ဖြစ်ပါတယ်။ ကဲ Miracle ရဲ့ Fan တွေကျေနပ် ကြလိမ့်မယ်လို့ယူဆမိပါတယ်။

E-sport ရဲ့ Talented Player တွေရဲ့ Story တွေကိုအခုလိုဖော်ပြဖို့ အစီအစဉ်ရှိသေးတာမို့ ဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းပါရစေ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password