ArticleNews

ရက်အနည်းငယ်အတွင်းမှာ ထွက်ရှိလာတော့မယ့် Storm Boy: The Game

မကြာခင်ထွက်ရှိလာမယ့် Storm Boy ဂိမ်းကတော့ ၁၉၆၄ က Colin Thiele ရဲ့ Storm Boy novel ကို အခြေခံထားပြီး Blowfish ကဖန်တီးထားတာပဲဖြစ်ပါတယ်။

မူရေး မြစ်နားမှာရှိတဲ့ South Australia က ကမ်းခြေအဖြစ်ဂိမ်းရဲ့ ပတ်ဝန်းကျင်ကို novel ထဲကအတိုင်းပုံဖော်ထားသလို Storm Boy ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ သူမွေးစားလိုက်တဲ့ Pelican ပေါက်စလေး တဖြည်းဖြည်းအရွယ်ရောက်လာပြီး ကောင်လေးနဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာပုံကိုလည်း novel ကိုအခြေခံပြီးဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။ Pelican ဆိုတာကတော့ ငှက်အမျိုးအနွယ်ဝင်ဖြစ်ပြီး မြန်မာလိုဆိုရင်တော့ ငှက်ကြီးဝံပို လို့အမည်တွင်ပါတယ်။ ဂိမ်းကတော့ Adventure အမျိုးအစားဖြစ်ပြီး ဖန်တီးထားမှုလက်ရာကိုတော့ အောက်က Trailer မှာတစ်ချက်ရှိုးလိုက်ပါဉီး။

ဒီဂိမ်းမှာဆိုရင်မိတ်ဆွေက ကောင်လေးနေရာကဆော့ကစားရမှာဖြစ်သလို Mr.Percival အမည်ရှိတဲ့ Pelican နေရာကလည်းဆော့ကစားရမှာဖြစ်ပါတယ်။ ကမ်းခြေနားကသဲမှာပုံဆွဲတာ၊ ခရုခွံလိုက်ကောက်တာ၊ ရွက်လွှင့်တာ၊ Mr.Percival နဲ့အတူ fetch ကစားတာ၊ Pelican ကိုအစာကျွေးတာ၊ သဲလျှောစီးတာ အစရှိတာတွေအပါအဝင် mini ဂိမ်းပုံစံ ဂိမ်းမျိုးတွေ အများကြီးတွေ့မြင်ရမှာဖြစ်တယ်လို့ Blowfish ကဆိုထားပါတယ်။ Adventure type မျိုးကိုမှ သာသာယာယာဆော့ကစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းကမိတ်ဆွေအတွက်ပါပဲ။

Storm Boy ကတော့ Android, iOS အပါအဝင် PS4, XBOX ONE, Nintendo အစရှိတဲ့ console platform တွေကိုလည်းရောက်ရှိလာမှာဖြစ်ပါတယ်။ Android အတွက်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာရောက်ရှိလာမယ်လို့ သိရပါတယ်။ Novel ကိုအခြေခံထားပြီး interactive ဖြစ်တဲ့ပုံစံမျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ဆော့ကစားနေတဲ့ကာလမှာ novel တစ်ခုပြန်ဖတ်နေရသလို ခံစားသွားရမယ့်ဂိမ်းမျိုးဖြစ်တာကြောင့် တော်တော်များများကြိုက်နှစ်သက်မယ်လို့ယုံကြည်ပါတယ်။

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password