News

ကမ္ဘာ့ဖလားဘောလုံးပွဲကို အချိန်နဲ့တစ်ပြေးညီ ဆင်နွှဲနေတဲ့ Stickman Soccer 2018

ကမ္ဘာဖလားပွဲကို လူတွေပဲဆင်နွှဲလို့ရတယ်မထင်လိုက်ပါနဲ့… Stickman လေးတွေလဲ ဆင်နွှဲနေကြပါတယ်!(😂) ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဘောလုံးပြိုင်ပွဲ “ကမ္ဘာဖလားပြိုင်ပွဲ”ကိုမနေ့ကစပြီး ရုရှားမှာ စပြီးကျင်းပနေတယ်ဆိုတာ အားလုံးပဲသိပြီးသားဖြစ်မှာပါ။ အဲ့သတင်းက သိပ်ပြီး မထူးခြားပါဘူး။ အဲ့ထက်ထူးခြားတဲ့ အကြောင်းအရာက Stickman Soccer 2018 မှာလည်း အားကျမခံ အချိန်နဲ့ တပြေးညီ “World Cup” ကမ္ဘာဖလားဘောလုံးပွဲကိုဝင်ရောက်ဆင်နွှဲလို့ရနေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ အဲ့တော့ ကမ္ဘာဖလားပွဲကြည့်ရင်း Stickman Soccer 2018 ရဲ့ “World Cup” ကိုလည်း ဝင်ရောက် ခြေစမ်းကန်ကြည့်ဖို့ မမေ့ကြနဲ့ဦးနော်..။

Stickman Soccer 2018 က အပျော်တမ်းပေါ့ပေါ့ပါ့ပါ့ကစားနိုင်မယ့် arcade ပုံစံ ဘောလုံးပြိုင်ပွဲဂိမ်းဖြစ်ပြီး Djinnworks မှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဂိမ်းထဲမှာ ဘောလုံးအတူတူကန်မယ့် player ၇၅ သန်းကျော်နဲ့ အဖွဲ့ ၁၅၀ ဖွဲ့ကို စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်တာကြောင့် စည်စည်ကားကားနဲ့ ကစားရတာ အရမ်းကို မိုက်ပါတယ်။ အခုဆိုရင်ကမ္ဘာဖလားပြိုင်ပွဲအရှိန်နဲ့ player အရေအတွက်လည်း ပိုပြီးမြှင့်တက်နေတယ်လို့သိရပါတယ်။

 

Stickman Soccer 2018 ထဲမှာ ကမ္ဘာ့ဖလား ပွဲဘယ်လို ဆင်နွှဲမှာလဲ???

“World Cup” update အသစ်မှာ ကိုယ်ကြိုက်တဲ့ ပွဲစဉ်တွေကိုရွေးချယ် ကစားနိုင်မှာဖြစ်ပါတယ်။ စိတ်ပါရင် National နဲ့ Clubs အသင်းတွေနဲ့တောင် ရောသမမွှေလို့ရတယ်လို့သိရပါတယ်။ Turkish နဲ့ Brazilian club အသင်းတွေကိုလည်း ထပ်ပေါင်းထည့်ပေးဦးမှာဖြစ်တဲ့အတွက် ထွက်ခါစ တုန်းကထက် ပိုပြီး ကစားလို့ ကောင်းလာမှာပါ။ Stickman အကောင်မဲမဲ လေးတွေအားကြိုးမာန်တက်ဘောလုံးကန်နေကြတဲ့ Official Trailer လေးထဲကိုဝင်ကြည့်လိုက်ကြပါဦး။

ဒါလေးကတော့ YouTuber တစ်ယောက်တင်ထားတဲ့ မနေ့က ကမ္ဘာဖလားအဖွင့်ပြိုင်ပွဲ Russia Vs Saudi Arabia – 2018 FIFA World Cup Group A Match ဗီဒီယိုလေးဖြစ်ပါတယ်။

World Cup – Stickmen Soccer 2018 က အမြင်မှာကြည့်ရတာနည်းနည်း ကလေးဆန်ပေမယ့် ကောင်းမွန်စွာဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အခြား နာမည်ကြီး Stickman Soccer ဂိမ်းတွေနဲ့ ပုံစံချင်းဆင်ပြီး အရမ်းကိုမိုက်တဲ့ element တွေထပ်ပေါင်း ထည့်ထားပါတယ်။ သင်က ဘောလုံးဝါသနာပါတဲ့ gamer တစ်ယောက်ဆိုရင်တော့ World Cup – Stickmen Soccer 2018 မှာဝင်ပြိုင်ပြီး အပြီအပြင် နွှဲလိုက်တော့နော်။

Download link – Android/ IOS

 

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password