Stickman တွေရဲ့ကမ္ဘာမှာအထာကျကျစကိတ်စီးပြိုင်ရမယ့် Stickman Skate Battle!

စကိတ်စီးတယ်ဆိုတာ အထာကျတဲ့ အားကစားတစ်ခုထဲမှာအပါအဝင်ဖြစ်ပါတယ်။ အထာကျတဲ့ အားကစားတစ်ခုဆိုပေမယ့် တတ်မြောက်ဖို့မလွယ်ကူလှပါဘူး။ Professional အဆင့်ဖြစ်ဖို့ဆိုရင်ပိုလို့တောင်ခက်ခဲပါသေးတယ်။ စကိတ်အပြားတစ်ခုအပေါ်မှာ ခန္ဓာကိုယ်ကို Balance ဖြစ်အောင်ထိန်းရတာကြောင့်ခက်ခဲတာပဲဖြစ်ပါတယ်။ စိတ်ရှည်ပြီး ဇွဲရှိမှသာ Professional အဆင့်ထိရောက်ရှိနိုင်တဲ့ အားကစားတစ်ခုလည်းဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေက Stickman လေးနေရာက စကိတ်စီးရမှာဖြစ်ပါတယ်။ မဆော့တတ်မှာတော့ စိတ်ပူစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဂိမ်းစစဝင်ကတည်းက မိတ်ဆွေက Train ပေးမှာမို့လို့ပါ။ သူတို့ Train ပေးမယ့် Tutorial ကိုမအောင်ရင် မိတ်ဆွေကို In-game ထဲက Mode တွေကိုပေးဆော့မှာမဟုတ်ပါဘူး။ Tutorial မှာ သူတို့လုပ်ခိုင်းတာမဟုတ်ဘဲ မိတ်ဆွေလုပ်ချင်ရာလုပ်နေရင်လည်း အဲ့ဒီ Tutorial ကို Restart ပြန်ပြန်လုပ်မှာလည်းဖြစ်ပါတယ်။

Tutorial အောင်သွားပြီဆိုရင်တော့ Real Challenge တွေစတင်ဆော့နိုင်မှာဖြစ်ပါတယ်။ Challenge ကဘာလဲဆိုတော့ စကိတ်ပြိုင်စီးရမှာဖြစ်ပါတယ်။ ပြိုင်ရမယ့်လူက Global က Player တွေနဲ့ပဲဖြစ်ပါတယ်။ 1 Vs 1 ပြိုင်ရမှာဖြစ်ပါတယ်။ ပန်းတိုင်ကိုပြိုင်စီးရတဲ့ Racing ပုံစံမျိုးမဟုတ်ဘဲ မိမိရဲ့ Talent ကိုချပြရမှာပဲဖြစ်ပါတယ်။ ဆိုလိုတာက တစ်ယောက်တစ်လှည့်အရှေ့ကိုထွက်ပြီး စကိတ်ကို မိမိဘယ်လောက် အထိကျွမ်းကျွမ်းကျင်ကျင်စီးနိုင်လည်း ဆိုတာပြသရမှာဖြစ်ပါတယ်။

မိတ်ဆွေရဲ့ စကိတ် ကိုပိုင်ပိုင်နိုင်နိုင် စီးနိုင်မှုအပေါ်ကိုလိုက်ပြီး အမှတ်တွက်သွားမှာဖြစ်ပါတယ်။ မိတ်ဆွေ စကိတ်ပေါ်ကပြုတ်ကျ ရင်တော့ ပြိုင်ဖက်အလှည့်ရောက်ရှိသွားမှာဖြစ်ပါတယ်။ Round ၂ ခု (သို့) ၃ ခုသာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီ Round တွေမှာအမှတ်ပိုများနေတဲ့ Player က အနိုင်ရှိမှာဖြစ်ပြီးဆုငွေရရှိမှာပါ။

တခြား Player အရှေ့မှာ အရှက်ကွဲမှာကြောက်တယ်ဆိုရင်တော့ Training နဲ့ Tutorial Option နှစ်ခုမှာ စိတ်ကြိုက်စကိတ်စီးလေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ အမှတ်ပိုရနိုင်တဲ့ စကိတ်စီး အကွက်တွေ နဲ့ ပြုတ်မကျအောင်ထိန်းဆော့ဖို့အကောင်းဆုံး Option နှစ်ခုလို့လဲဆိုနိုင်ပါတယ်။


Top Score, Domination, Capture The Ramp အပြင် Tournament စတဲ့ Option တွေမှာလည်းမိတ်ဆွေဝင်ရောက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ စစချင်း Top Score တစ်ခုသာဆော့နိုင်မှာဖြစ်ပြီးကျန်တဲ့ Option တွေကိုတော့ မိတ်ဆွေ Rank များလာတဲ့အချိန်မှဆော့နိုင်မှာဖြစ်ပါတယ်။ Plaza, Pool, The Ramp စတာအပါအဝင် မိတ်ဆွေဆော့ကစားရမဲ့နေရာ ၈ နေရာရှိပါတယ်။ Rook, Colt, Buddy, Beach girl အပါအဝင် Stickman ၂၃ ယောက်လည်းပါဝင်ပါသေးတယ်။ စကိတ်အမျိုးအစား ၂၀ ကျော်ပါဝင်ပြီး In-game Coin (သို့) မိတ်ဆွေရောက်ရှိနေတဲ့Rank နဲ့ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး မိမိရဲ့ စကိတ်စီး Talent ဘယ်လောက်ရှိလဲဆိုတာစမ်းသပ်နိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Stickman Skate Battle 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password