အသွင်သစ်နဲ့ Stickman ဂိမ်း ‘Stickman Cross Golf Battle’ – မကြာမီလာမည်

‘Super Stickman Golf’ Series ဟာ Mobile Platform ပေါ်မှာ အလွန်နာမည်ကြီးတဲ့ Golf ဂိမ်းတွေဖြစ်ပါတယ်။ ‘Stickman Cross Golf Battle’ ဆိုတာက အဲဒီ နာမည်ကြီး Stickman Series ရဲ့ နောက်ဆုံးထွက်မယ့်ဂိမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Developer Djinnworks က အရင်ဂိမ်းတွေနဲ့မတူအောင် အပြောင်းအလဲလေးတွေလုပ်ထားပါတယ်။ ဒီဂိမ်းမှာ အရင်ဂိမ်းတွေနဲ့မတူဘဲ PvP အပိုင်းကို ဦးစားပေးထားမှာဖြစ်ပါတယ်။

Golf ဂိမ်းတွေထုံးစံအတိုင်း ပြိုင်ဖက်ထက် အချက်ရေလျှော့ရိုက်နိုင်အောင်ကြိုးစားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Stickman Golf ဂိမ်းထုံးစံအတိုင်း Coin တွေနဲ့ Golf Ball တွေနဲ့ Accessory မျိုးစုံကို ဝယ်ယူနိုင်ဦးမှာပါ။ သူငယ်ချင်းတွေနဲ့ 1v1 ယှဉ်ပြိုင်တာအပြင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Tournament တွေလည်း ကျင်းပပေးမှာဖြစ်ပါတယ်။ Trailer အရဆိုရင်တော့ ဂိမ်းကတော်တော်ဆော့လို့ကောင်းမယ့်ပုံစံပေါက်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေက ဂိမ်းရဲ့ Official Website ကိုသွားပြီး Beta Test မှာပါဝင်ဖို့ လျှောက်ထားလို့ရပါတယ်။ ဂိမ်းထွက်ရှိမယ့်ရက်ကို အတိအကျမထုတ်ပြန်သေးပေမယ့် များမကြာမီအချိန်အတွင်းမှာဘဲ Android နဲ့ iOS ၂ မျိုးလုံးအတွက် ထွက်ရှိလာမှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password