Basketball ဆော့ရတာဝါသနာပါကြတဲ့ Mobile Player များအတွက် Stickman Basketball 2017!

Stickman Basketball ဆိုတဲ့အတိုင်းမိတ်ဆွေက Stickman တွေနေရာက ဆော့ကစားရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ပြိုင်ဘက်ကလည်း မိတ်ဆွေနဲ့ အမျိုးတူတဲ့ Stickman လေးတွေဖြစ်နေမှာပါ။ Basketball ဆော့ကစားရမဲ့ ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေက အဖွဲ့နဲ့လှုပ်ရှားရမှာဖြစ်ပါတယ်။ တစ်ဖွဲ့မှာ Stickman ၆ ယောက်ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝန်းက Basketball အဖွဲ့ ၁၁၅ ခုကိုထည့်သွင်းပေးထားတာကြောင့် မိတ်ဆွေက မိမိရဲ့ Idol အသင်းကိုရွေးချယ်ကစားနိုင်မှာဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေက Stickman ၆ ယောက်လုံးကို ဟန်ချက်ညီညီထိန်းချုပ်ပြီးဆော့နိုင်မှသာ ပြိုင်ဘက်အသင်းကိုအနိုင်ရရှိမှာလည်းဖြစ်ပါတယ်။ ဆော့ကစားရာမှာ အရေးကြီးဆုံးအချက်နှစ်ချက်သာရှိပါတယ်။ အဲ့ဒါကတော့ လူပေးတဲ့နေရာ နဲ့ ဂိုးသွင်းတဲ့နေရာပါ။ လူပေးတာ မှန်မှန်ပေးနိုင်မှသာ ဂိုးသွင်းနိုင်မှာကြောင့် အဲ့ဒီ နှစ်ချက်လုံးကတစ်ချက်ကိုတစ်ချက်မှီခိုနေတာလို့ဆိုရမှာပါ။

ပြိုင်ဘက်အသင်းကဘောလုံးရ သွားပြီဆိုရင်လည်း စိတ်ပျက်ပြီးထိုင်ကြည့်မနေပဲ ဘောလုံးကိုလိုက်လုပြီး မိမိဂိုးကိုလာမသွင်းနိုင်အောင် ပိတ်ပြီးကာကွယ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်တည်း Team Work ကိုထိန်းချုပ်ရမှာကြောင့် ဆော့ရပျော်မှာပါ။


In-game System ဘက်တစ်ချက်လှည့်ပါရစေ။ ဂိမ်းထဲဝင်လိုက်ရင် Seasons, Quick Game, Tutorial ဆိုပြီးမိတ်ဆွေဆော့နိုင်တဲ့ Option ၃ ခုရှိနေတာကိုတွေ့ရမှာပါ။

  • Seasons မှာတော့ ရာသီပြိုင်ပွဲတွေ ရှိနေမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေကိုအနိုင်ယူပြီး ဆု ကြေးငွေတွေရရှိနိုင်မှာဖြစ်ပါတယ်။
  • Quick Game မှာတော့ မိတ်ဆွေရဲ့ပြိုင်ဘက်တွေက AI တွေပါ။ လူပေး၊ ဂိုးသွင်းကောင်းတဲ့ AI တွေဖြစ်တာကြောင့် ပေါ့သေးသေးတော့မဟုတ်ပါဘူး။
  • Tutorial ကတော့ မိတ်ဆွေလေ့ကျင့်နိုင်တဲ့နေရာပဲဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းကို အနိုင်ယူဖို့ Strategy အကောင်းဆုံးချ နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲမစခင်မှာ မိမိကြိုက်နှစ်သက်ရာ အဖွဲ့တွေနဲ့ အရောင်တွေကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့တွေအနေနဲ့ က ၁၁၅ ဖွဲ့ရှိနေမှာဖြစ်ပြီး စစချင်းမှာတော့ အချို့သာ Unlock ဖြစ်နေမှာဖြစ်ပါတယ်။ ပြီးရင်တော့ မိတ်ဆွေအဖွဲ့အတွက် အနီ၊ အမည်း၊ အညို၊ အဖြူ စတဲ့အရောင်တွေကိုရွေးချယ်နိုင်ဉီးမှာပါ။

ပြိုင်ပွဲမှာ မိတ်ဆွေအသုံးပြုရမဲ့ ခလုတ်တွေကတော့ Shoot, Pass နဲ့ Steal/Block ပဲဖြစ်ပါတယ်။

  • Shoot ကတော့ဘောလုံးကို အဝေးက ဂိုးလှမ်းသွင်းရမဲ့အချိန်မှာအသုံးပြုရမှာဖြစ်ပါတယ်။
  • Pass ကတော့ လူပေးတဲ့အချိန်အသုံးပြုရမှာပါ။
  • Steal/Block ကတော့ပြိုင်ဘက်စီက ဘောလုံးကိုလုတဲ့အချိန်မှာအသုံးပြုရမှာဖြစ်ပါတယ်။

 

နောက်ဆုံးတစ်ခုကတော့ ပြိုင်ပွဲတိုင်းမှာ Easy, Normal, Hard, Pro ဆိုပြီးရွေးချယ်နိုင်တာပါ။ အဲ့ဒီရွေးချယ်မှုကတော့ မိတ်ဆွေရဲ့ မိမိကိုယ်ကို ယုံကြည်ချက်ရှိမှုအပေါ်မှာလိုက်ပြီးဖြစ်သွားမှာပါ။ 60 FPS(Frame Per Second) နဲ့ပြုလုပ်ထားတာကြောင့် ကြည့်ရတာအဆင်ပြေနေမှာလည်းဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Sport အမျိုးအစားဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Stickman Basketball 2017 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password