
Playon မှာ Stickman နဲ့ပတ်သက်တဲ့ ဂိမ်းတွေအများကြီးကို review အနေနဲ့ရေးထားပြီးဖြစ်တာကြောင့် စိတ်ဝင်စားရင် Website ကိုမွှေနှောက်နိုင်ပါတယ်။ အခု Stickman Archer ဆိုတဲ့ဂိမ်းမှာတော့ မိတ်ဆွေက လေးမြှားပစ်တာတော်တဲ့ Stickman တစ်ယောက်နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ မိတ်ဆွေလိုပဲ လေးမြှားပစ်တာတော်တဲ့ Stickman တစ်ကောင်ရှိနေဉီးမှာဖြစ်ပါတယ်။
မိတ်ဆွေရဲ့တာဝန်က အဲ့ဒီ Stickman ကိုမြှားနဲ့ပစ်သတ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေပစ်သလို ဟိုကလည်းပြန်ပြီးပစ်မှာပါ။ ရှောင်လို့မရပဲ ပေးထားတဲ့နေရာကသာ ပစ်ရမှာဖြစ်တာကြောင့် အရင်သေတဲ့လူကအရှုံးဖြစ်ပါတယ်။ တခြားအစိတ်အပိုင်းတွေကို မြှားမှန်ရင် ချက်ချင်းမသေပေမယ့် Headshot ဆိုရင်တော့ တန်းပြီးသေမှာဖြစ်ပါတယ်။ Single Player နဲ့ Multiplayer ဆိုပြီး mode နှစ်မျိုးကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။
- Single Player မှာတော့ AI တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ Endless ဆော့ကစားရမှာဖြစ်လို့ Score တွေသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ AI တစ်ကောင်ကိုသတ်နိုင်ရင် score တစ်ခုတက်သွားမှာဖြစ်ပါတယ်။ Score တွေများလာတဲ့အခါကျရင် AI တွေရဲ့ Skill တွေကပိုတက်လာမှာဖြစ်ပြီး တည်နေရာတွေကလည်း ရွေ့လျားလာမှာဖြစ်တာကြောင့် အနည်းငယ်ပိုခက်လာမှာဖြစ်ပါတယ်။
- Multiplayer ကတော့ မိတ်ဆွေရဲ့ သူငယ်ချင်းနဲ့ ဆော့နိုင်တဲ့ option ဖြစ်ပါတယ်။ 1 Vs 1 ပါ။ Battle ၁ ပွဲမှာ အချိန် ၃ မိနစ်ပေးထားမှာဖြစ်ပါတယ်။ ပေးထားတဲ့အချိန် ၃ မိနစ်အတွင်းမှာ အများဆုံးသတ်နိုင်တဲ့ Player ကသာအနိုင်ရရှိမှာဖြစ်ပါတယ်။
လေးမြှား၊ Tenis ဘောလုံး၊ လှံ၊ ဓား၊ ပုဆိန်၊ လက်ပစ်ဗုံး အစရှိတဲ့လက်နက်တွေကိုတွေ့ရမှာပါ။ လက်နက်တစ်ခုချင်းစီကို Damage ပိုကြမ်းလာအောင် Coin နဲ့ upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Coin ကိုတော့ရန်သူကိုသတ်ဖြတ်ရာက ရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့အချိန်အစကိုတိုးတက်စေနိုင်မယ့် ဂိမ်းလေးဖြစ်ပါတယ်။
NEW Stickman Archer Fight gameplay 📱🎮 Andoid/IOS: https://t.co/kIpyE4fW33 via @YouTube
— Utree 3 (@Utreethree) September 29, 2017
Free to play ပါ။ Android နဲ့ IOS platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စွဲမက်စရာ မြှားပစ်ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Image Source : Stickman Archer Fight