Stick Hero ကို Upgrade လုပ်ထားတဲ့ပုံစံခံစားရမယ့် Stick Hero 2!

မိတ်ဆွေရဲ့တိုင်းတာတဲ့အရည်အချင်းဘယ်လောက်တော်လဲဆိုတာစမ်းသပ်မဲ့ဂိမ်းလေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီဂိမ်းဟာတိုင်းတာမှုနဲ့ဆိုင်တဲ့ဂိမ်းလေးတစ်ဂိမ်းဖြစ်နေတာကြောင့်ပါ။  Endless Type ဂိမ်းအမျိုးအစားဖြစ်ပါတယ် ။ Endless Type ဖြစ်နေတာကြောင့်ခရီးဘယ်လောက်သွားနိုင်လည်းဆိုတာတော့ မိတ်ဆွေရဲ့အတိုင်းအတာကျွမ်းကျင်မှုအပေါ်မှာပဲမှုတည်ပါတယ်။

 

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character က Ninja လေးတစ်ကောင်ဖြစ်ပါတယ်။ Ninja ပေါက်စလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ မိတ်ဆွေကအဲ့ဒီ Ninja ပေါက်စနေရာကနေ ခရီးတလျှောက်သွားနေရမှာပါ။ ခရီးကမြေညီလမ်းဖြစ်ပြီး တည့်တည့်ပြေးနေရမှာတော့မဟုတ်ပါဘူး။ မိတ်ဆွေကိုယ်တိုင်လမ်းခင်းပြီးသွားရမှာပါ။ ဘာလို့လမ်းခင်းရမလဲဆိုတော့ သွားရမဲ့နေရာတစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်ဖြစ်နေမှာမလို့ပါ။ အမှန်က မိတ်ဆွေ Character ဖြစ်တဲ့ Ninja ဆီမှာပါလာတဲ့ Stick လေးကိုလိုသလောက်ဆွဲဆန့်ပြီး လမ်းအနေနဲ့ပြုလုပ်ပြီးလိုရာကိုသွားရတာပါ။ အဲ့ဒါကို လမ်းခင်းတယ်လို့အလွယ်ပြောလိုက်တာပါ။ အဲ့ဒီလွတ်နေတဲ့နေရာကိုကျော်ပြီးတစ်ခါသွားနိုင်ရင် Score 1 ခုတက်မှာဖြစ်ပါတယ်။

ဆော့ရမယ့်ပုံစံက ကျွန်တော်အပေါ်မှာပြောလိုက်တဲ့ထဲမှာတောင်ပါသွားပါပြီ။ မိတ်ဆွေ ရဲ့Character Ninja လေးဆီမှာပါလာတဲ့ Stick ကိုလိုသလောက်ဆွဲဆန့်ပြီး လွတ်နေတဲ့နေရာတွေကိုလမ်းခင်းပြီးသွားလာနေရမှာဆိုတာပါ။ မိတ်ဆွေက Ninja ရဲ့ Stick ကိုဆွဲဆန့်တဲ့နေရာမှာ လိုအပ်တာထက်ပိုပြီး (သို့) လိုအပ်တဲ့အတိုင်းအတာအထိရောက်အောင် မဆွဲဆန့်နိုင်ခဲ့ရင်တော့အောက်ပြုတ်ကျပြီး Game Over မှာဖြစ်ပါတယ်။ လိုအပ်တဲ့အတိုင်းအတာအထိဆွဲဆန့်ပြီး လမ်းခင်းသွားမှသာ အဆင်ပြေပြေနဲ့ Score အများကြီးရမှာဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာမိတ်ဆွေရဲ့ Character Ninja ကိုအမည်းရောင်အနေနဲ့ပဲမြင်ရမှာပါ။ အဲ့ဒီ Ninja အမည်းလေးကို ထူးခြားတဲ့ပုံစံနဲ့မြင်ချင်ရင်တော့ တခြား Customize လုပ်ပေးထားတဲ့ ဝတ်စုံတွေကို တွေကိုလည်းဝယ်နိုင်ပါတယ်။ Customize လုပ်ထားတဲ့ ဝတ်စုံ တွေကိုတော့ ချယ်ရီသီးတွေနဲ့ဝယ်ရမှာဖြစ်ပါတယ်။  ချယ်ရီသီးတွေကတော့ In-game မှာပဲရှိနေမှာပါ။ မိတ်ဆွေကအဲ့ဒီ ချယ်ရီသီးတွေကို ကိုယ်တိုင်လိုက်စားရမှာပါ။

ကျွန်တော်အပေါ်ကပြောခဲ့တာတွေကို Stick Hero article ဖတ်ဖူးခဲ့တဲ့လူဆိုရင် တော်တော်မြင်ဖူးသလိုပဲလို့ကြည့်နေကျမှာပါ။ ဟုတ်ပါတယ်၊ ကျွန်တော်အပေါ်ကပြောခဲ့တာတွေက Stick Hero article  ထဲကအချက်တွေပါပဲ။ဘာလို့လဲဆိုတော့ Stick Hero နဲ့ Stick Hero 2 ရဲ့ဆော့ရမဲ့ပုံစံတွေကတူတူပဲမလို့ပါ။ ဆော့ရမှာပဲတူတာပါ၊ Option တွေကတော့တော်တော်ပြောင်းသွားပါတယ်။ Stick Hero 2 နဲ့ Stick Hero က ထုတ်လုပ်တဲ့ Developer Website ကတော့မတူပါဘူး။ ဒါပေမဲ့အားလုံးနီးပါးတူနေတာကြောင်းတွဲပေးတာပါ။ Stick Hero 2 ကို Hai Yang ဆိုတဲ့ Developer Website ကထုတ်ထားတာဖြစ်ပြီး၊ Stick Hero ကိုတော့ Ketchapp ကထုတ်ထားတာဖြစ်ပါတယ်။ Stick Hero ဂိမ်းအကြောင်းကိုသေသေချာချာသိပြီးမှ Stick Hero 2 ကိုဖတ်ချင်တယ်ဆိုရင်တော့အောက်က Link ကိုသွားနိုင်ပါတယ်။

https://playon.com/article-stick-hero-170919/

 

Stick Hero 2 မှာပါဝင်လာတဲ့ ပြောင်းလည်းသွားတာလေးတွေကိုပြောပါရစေ။ Stick Hero 2 ကိုစစချင်းဝင်တဲ့ အခါမှာ ဆော့ကစားနိုင်တဲ့ Mode 4 ခုပြထားပါတယ်။ Classic Mode, Stickless Mode, Deckless Mode နဲ့ Cutting Mode ဆိုပြီးပြထားပါတယ်။

-Classic Mode ကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဆော့နည်းအတိုင်းမပြောင်းပဲဆော့ရမှာဖြစ်ပါတယ်။

-Stickless Mode က မိတ်ဆွေ ရဲ့ Ninja လေးက Stick ကိုဆွဲဆန့်တဲ့အခါ Stick ကိုဖျောက်ထားမှာပဲဖြစ်ပါတယ်။ ဆွဲဆန့်တဲ့အချိန် Stick ကိုဖျောက်ထားမှာကြောင့် Stick ရဲ့အရှည်ဘယ်လောက်ရှိမှန်းမသိဘဲ သွားရမှာထက်ပိုဆွဲဆန့်မိလို့ Game Over နိုင်ပါတယ်။

-Deckless Mode ကမိတ်ဆွေရဲ့ Ninja Stick ကိုဆွဲဆန့်တဲ့အချိန်ကျရင် အရှေ့မှာရှိတဲ့လမ်းကိုဖျောက်ထားမှာဖြစ်ပါတယ်။ Stick ကိုဆွဲဆန့်တဲ့အချိန်အရှေ့မှာရှိတဲ့လမ်းကိုဖျောက်ထားမှာကြောင့်ဆွဲဆန့်ရမဲ့အရှည်ကိုမသိလို့ Game Over နိုင်ပါတယ်။

-Cutting Mode ကတော့မိတ်ဆွေသွားနေတဲ့လမ်းထဲကပျောက်ချင်တဲ့အပိုင်းပျောက်သွားနိုင်ပါတယ်။ ပျောက်ချင်တဲ့အပိုင်းပျောက်သွားမှာဖြစ်လို့ သတိမထားမိတဲ့အချိန်ဆို Game Over နိုင်ပါတယ်။

ဒါ့အပြင် Customize လုပ်ပေးထားတဲ့ ဝတ်စုံတွေလည်းပြောင်းထားပါသေးတယ်။ Customize လုပ်ပေးထားတဲ့ ဝတ်စုံတွေက Stick Hero မှာတုန်းက 23 စုံရှိခဲ့ပေမဲ့ Stick Hero 2 မှာတော့ 4 စုံသာရှိတော့ပါတယ်။ Cowboy, Space Suit, King, Monkey King စတဲ့ ဝတ်စုံပုံစံတွေပါ။ Free To Play ပါပဲ။ IOS တစ်ခုတည်းမှာပဲကစားနိုင်မှာဖြစ်ပြီးလွယ်လွယ်ကူကူဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Source : Android Stick Hero 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password