Ketchapp Website ထဲကပေါ့ပေါ့ပါးပါးဆော့ကစားနိုင်တဲ့ Mini ဂိမ်းတစ်ခု ဖြစ်တဲ့ Stick Hero!

မိတ်ဆွေရဲ့တိုင်းတာတဲ့အရည်အချင်းဘယ်လောက်တော်လဲဆိုတာစမ်းသပ်မဲ့ဂိမ်းလေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီဂိမ်းဟာတိုင်းတာမှုနဲ့ဆိုင်တဲ့ဂိမ်းလေးတစ်ဂိမ်းဖြစ်နေတာကြောင့်ပါ။ Ketchapp ရဲ့ထုံးစံအတိုင်းဒီဂိမ်းဟာလည်း Endless Type ဂိမ်းအမျိုးအစားဖြစ်နေတာကိုတွေ့ရမှာပါ။ Endless Type ဖြစ်နေတာကြောင့်ခရီးဘယ်လောက်သွားနိုင်လည်းဆိုတာတော့ မိတ်ဆွေရဲ့အတိုင်းအတာကျွမ်းကျင်မှုအပေါ်မှာပဲမှုတည်ပါတယ်။

 

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character က Ninja လေးတစ်ကောင်ဖြစ်ပါတယ်။ Ninja ပေါက်စလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ မိတ်ဆွေကအဲ့ဒီ Ninja ပေါက်စနေရာကနေ ခရီးတလျှောက်သွားနေရမှာပါ။ ခရီးကမြေညီလမ်းဖြစ်ပြီး တည့်တည့်ပြေးနေရမှာတော့မဟုတ်ပါဘူး။ မိတ်ဆွေကိုယ်တိုင်လမ်းခင်းပြီးသွားရမှာပါ။ ဘာလို့လမ်းခင်းရမလဲဆိုတော့ သွားရမဲ့နေရာတစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်ဖြစ်နေမှာမလို့ပါ။ အမှန်က မိတ်ဆွေ Character ဖြစ်တဲ့ Ninja ဆီမှာပါလာတဲ့ Stick လေးကိုလိုသလောက်ဆွဲဆန့်ပြီး လမ်းအနေနဲ့ပြုလုပ်ပြီးလိုရာကိုသွားရတာပါ။ အဲ့ဒါကို လမ်းခင်းတယ်လို့အလွယ်ပြောလိုက်တာပါ။ အဲ့ဒီလွတ်နေတဲ့နေရာကိုကျော်ပြီးတစ်ခါသွားနိုင်ရင် Score 1 ခုတက်မှာဖြစ်ပါတယ်။

 

ဆော့ရမဲ့ပုံစံကကျွန်တော်အပေါ်မှာပြောလိုက်တဲ့ထဲမှာတောင်ပါသွားပါပြီ။ မိတ်ဆွေ ရဲ့Character Ninja လေးဆီမှာပါလာတဲ့ Stick ကိုလိုသလောက်ဆွဲဆန့်ပြီး လွတ်နေတဲ့နေရာတွေကိုလမ်းခင်းပြီးသွားလာနေရမှာဆိုတာပါ။ မိတ်ဆွေက Ninja ရဲ့ Stick ကိုဆွဲဆန့်တဲ့နေရာမှာ လိုအပ်တာထက်ပိုပြီး (သို့) လိုအပ်တဲ့အတိုင်းအတာအထိရောက်အောင် မဆွဲဆန့်နိုင်ခဲ့ရင်တော့အောက်ပြုတ်ကျပြီး Game Over မှာဖြစ်ပါတယ်။ လိုအပ်တဲ့အတိုင်းအတာအထိဆွဲဆန့်ပြီး လမ်းခင်းသွားမှသာ အဆင်ပြေပြေနဲ့ Score အများကြီးရမှာဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာမိတ်ဆွေရဲ့ Character Ninja ကိုအမည်းရောင်အနေနဲ့ပဲမြင်ရမှာပါ။ အဲ့ဒီ Ninja အမည်းလေးကို ထူးခြားတဲ့ပုံစံနဲ့မြင်ချင်ရင်တော့ တခြား Customize လုပ်ပေးထားတဲ့ ဝတ်စုံတွေကို တွေကိုလည်းဝယ်နိုင်ပါတယ်။ Customize လုပ်ထားတဲ့ ဝတ်စုံ တွေကိုတော့ ချယ်ရီသီးတွေနဲ့ဝယ်ရမှာဖြစ်ပါတယ်။  ချယ်ရီသီးတွေကတော့ In-game မှာပဲရှိနေမှာပါ။ မိတ်ဆွေကအဲ့ဒီ ချယ်ရီသီးတွေကို ကိုယ်တိုင်လိုက်စားရမှာပါ။Customize လုပ်ပေးထားတဲ့ Ninja လေးရဲ့ဝတ်စုံဟာ update လုပ်ထားတဲ့ အသစ်တွေပါအပါအဝင် 23 စုံလောက်ရှိပါတယ်။ ဝတ်စုံတွေကဘာတွေလည်းဆိုတာတော့ကျွန်တော်လည်းသေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ Customize လုပ်ထားတဲ့ဟာတွေကမဝယ်ရင် ချယ်ရီသီးပုံပဲပြထားတာကြောင့်ပါ။ ကျွန်တော်လည်းဆော့တာမကြာသေးတာမို့မဝယ်ရသေးတာကြောင်းမသိတာပါ။ ပြီးတော့ မိတ်ဆွေ Score တွေအများကြီးရတဲ့အချိန်မှာ Share ဆိုတဲ့ခလုတ်နဲ့ Social Media ပေါ်မှာ Share နိုင်ပါသေးတယ်။

Stick Hero 2 ဆိုတာလည်းရှိပါသေးတယ်။ Ketchapp ကထုတ်တာမဟုတ်ပေမဲ့ပုံစံကတော်တော်ဆင်တူဖြစ်နေတာကြောင့် Stick Hero article ထဲမှာတွဲပြောထားတာပါ။Stick Hero 2 မှာဘာတွေပြောင်းလဲသွားလဲ၊ ဘာတွေ update လုပ်ထားလဲဆိုတာကို Stick Hero 2 ဆိုတဲ့ခေါင်းစဥ်နဲ့ Article တစ်ခုထပ်တင်ပေးထားမှာမလို့ မိတ်ဆွေအား ဆက်လက်စောင့်ကြည့်စေချင်ပါတယ်။Stick Hero ဂိမ်းလေးကတော့ Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာဆော့နိုင်ပြီးလွယ်လွယ်ကူကူဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.ketchapp.stickhero

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password