
မြေပုံအကျယ်ကြီးတစ်ခုမှာ လျှောက်သွားပြီးလုပ်ချင်ရာကိုစိတ်ကြိုက်လုပ်လို့ရတဲ့ sand box rpg ဂိမ်းတစ်ခုကိုလိုက်ရှာနေပါသလား။ ဒီစာကိုဖတ်မိတာသင့်အတွက်ကံကောင်းသွားစေပါတယ်။ သင်ရှာနေတဲ့ဂိမ်းမျိုးကိုမှသင်မျှော်လင့်ထားတဲ့လုပ်ဆောင်ချက်တွေထက်ပိုကောင်းတဲ့ဂိမ်းတစ်ခုကို mobile ပေါ်မှာဆော့ကစားနိုင်တော့မှာပါ။ Steel And Flesh ဂိမ်းကို Virtual Studio ကရေးသားထားပြီး free to play အမျိုးအစားဖြစ်ပါတယ်။ ဂိမ်းအနေနဲ့ offline ကစားလို့ရသလို in-app purchase လုံးဝမပါဝင်တာကြောင့်စမ်းကြည့်ဖို့မမှားတဲ့ဂိမ်းတစ်ခုလို့ recommand ပေးပါရစေ။
ရောမခေတ်မှာဂိမ်းကို ဇာတ်အိမ်တည်ထားပြီး တီးလုံးအငွေ့အသက်တွေကအစ ရောမခေတ်ကိုထင်ဟပ်စေပါတယ်။ ရောမအင်ပါယာ၊ အင်္ဂလန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် အစရှိတဲ့နိုင်ငံနိုင်ငံဆယ်နိုင်ငံအပြင် ပင်လယ်ဓားပြ၊ တောပုန်းဓားပြနဲ့ သူပုန်ဆိုပြီး clan သုံးခုပါဝင်ပါသေးတယ်။ နိုင်ငံဆယ်ခုရဲ့မြို့တွေဟာမြေပုံပေါ်မှာအရောင်အလိုက်တည်ရှိနေမှာဖြစ်ပြီး ဓားပြတွေသူပုန်တွေကိုတော့နေရာတိုင်းလိုလိုတွေ့ရမှာပါ။ မြို့ပေါင်း ရာနဲ့ချီကိုကုန်းပေါ်မှာတင်မကပဲ ရေထဲအထိ explore လုပ်ရမှာဆိုတော့ အတော်ကျယ်တဲ့မြေပုံကိုပိုင်ဆိုင်ထားတဲ့ဂိမ်းဖြစ်ပါတယ်။ ဒါ့အပြင် player အနေနဲ့လည်းကိုယ်ပိုင် clan တစ်ခုကိုတည်ထောင်ပြီးဆော့ရမှာပါ။
Gameplay ပိုင်းကိုသွားကြရအောင် ဂိမ်းစစချင်းမှာတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း player ဟာ clan တစ်ခုကို create လုပ်ရမှာဖြစ်ပြီး game ရဲ့ difficulty ကိုရွေးချယ်ရမှာပါ။ difficulty ဟာ ဂိမ်းအပေါ်များစွာသက်ရောက်မှမရှိပဲ ပိုခက်တာကိုရွေးရင် in game ပိုက်ဆံပဲလျော့သွားမှာပါ။ Clan တစ်ခုကိုတည်ထောင်ပြီးပေမဲ့ player ဟာလုံးဝကို power မရှိကျော်ကြားမှုလည်းမရှိတဲ့သာမန်ခရီးသွားတစ်ယောက်ဘဝကနေစတင်ဆော့ကစားရမှာပါ။ အဲ့ဒီလို့ဆော့ကစားရာမှာမြေပုံပေါ်ကိုလျောက်သွားပြီးမြို့တစ်ခုကနေတစ်ခုကိုကုန်သွယ်ရင်းပိုက်ဆံရှာဖွေရမှာ ဖြစ်ပါတယ်။ ဥပမာ – ငါး၊ ငါးခြောက်တွေပေါတဲ့ဆိပ်ကမ်းမြို့ကနေငါးတွေကိုဈေးပေါပေါနဲ့ ဝယ်လို့ရပြီးကုန်းတွင်းပိုင်းမြို့တွေကဈေးကြီးကြီးနဲ့ပြန်ရောင်းလို့ရတာမျိုးပါ။
အဲ့ဒီလိုကုန်သွယ်ရတာကနေရာဒေသအလိုက်ကုန်ပစ္စည်းအမျိုးအစား များစွာရှိသလိုအချိန်နဲ့ရာသီဥတုကိုလိုက်ပြီး ဝယ်လိုတဲ့ကုန်ပစ္စည်းကပြောင်းလဲနေတာကြောင့်သင်ဟာကုန်သည်တစ်ယောက်အနေနဲ့ smart ဖြစ်နေဖို့လိုအပ်ပါတယ်။ လှည်းတွေမြင်းတွေဝယ်ပြီးကုန်သွယ်မှုကိုတိုးချဲ့ရမှာဖြစ်ပါတယ်။ လက်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိပြီဆိုရင်တော့မြို့တစ်မြို့ထဲကိုဝင်ရောက်ပြီးကိုယ့်နောက်လိုက်တွေကိုစတင်စုဆောင်းလို့ရပါပြီ။ ဒီနေရာမှာပြောချင်တာက မြို့ထဲကိုဝင်လိုက်တာနဲ့ FPS mode ကိုပြောင်းလဲသွားပါတယ်။ battle ဆိုင်ရင်လည်းထိုနည်း၎င်းပါပဲ။ ဒီလို file size နဲ့ဒီလိုမထင်မရှားဂိမ်းတစ်ခုမှာမမျှော်လင့်မိတဲ့ လုပ်ဆောင်ချက်မျိုးပါ။ General လို command ပေးရတဲ့ဂိမ်းမျိုးကနေ FPS ဖြစ်သွားတာဟာအရမ်းကိုလန်းပါတယ်။
မြို့ထဲမှာလူတွေကို စကားလိုက်ပြောပြီးနောက်လိုက်တွေစုဆောင်းနိုင်သလို မြင်းနဲ့စီးချင်းထိုးတဲ့ရောမခေတ်ကစားပွဲတွေကိုလောင်းကြေးနဲ့ဝင်ကစားနိုင်ပါသေးတယ်။ လက်နက်တွေ၊ မြင်းတွေသံချပ်ကာတွေအပြင်မြို့တွေမှာမြေတွေလိုက်ဝယ်လို့ရပါတယ်။ နောက်လိုက်တွေ အင်အားအနည်းငယ်ရှိတာနဲ့ရွာငယ်တွေကနေအစ မြို့တော်ကြီးတွေအထိမိမိအင်အားရှိသလောက်လိုက်သိမ်းလို့ရပါပြီ။ ထပ်ပြီးသဘောကျမိတဲ့အချက်ကမြို့သိမ်းတိုက်ပွဲတွေပါ။ Player အနေနဲ့အေးအေးဆေးဆေး auto attack နဲ့သိမ်းနိုင်သလိုကိုယ်တိုင်လဲ FPS mode နဲ့ပါဝင်တိုက်ခိုက်လို့ရပါတယ်။ ရောမဇာတ်ကားတွေထဲကမြို့သိမ်းတဲ့ကိရိယာတွေအတိုင်း နံရံတက်တဲ့စင်မြင့်တွေ၊ တံခါးဖျက်တဲ့ ram တွေနဲ့ catapult တွေအထိအစုံအလင်ပါဝင်တာကြောင့်စိတ်ဝင်စားဖို့ကောင်းစေမှာအမှန်ပါပဲ။
မြို့တစ်မြို့ကိုရပြီဆိုတာနဲ့အဲ့မြို့ကနေ စစ်သားစုဆောင်းလို့ရပြီဖြစ်သလိုဂိမ်းထဲကအချိန်တစ်လမှာတစ်ခါအခွန် ငွေလည်းရနေမှာပါ။ ဂိမ်းရဲ့ရည်မှန်းချက်ကတော့နိုင်ငံတွေအထိလိုက်သိမ်းပိုက်ပြီးနောက်ဆုံးမှာမိမိကိုယ်ကို ဘုရင်အဖြစ်ကြေညာနိုင်ဖို့ပါ။ ဘုရင်ဖြစ်ဖို့ကတော့အချိန်အတော်လေးပေးရပါလိမ့်မယ်။
အားနည်းချက်အနေနဲ့ကတော့ mobile platform ဖြစ်တာနဲ့အညီ graphic တွေကရယ်စရာပုံတွေဖြစ်နေတာပါ။ command mode ကနေကစားနေရင်မသိသာပေမဲ့ FPS mode နဲ့ဆော့တဲ့အခါမှာလက်နက်လုပ်ဆောင်ချက်တွေကအစ detail ဖြစ်အောင်လုပ်ထားတာကြောင့် graphic ကမလိုက်နိုင်တော့ပါဘူး။ ဒါပေမဲ့သူ့ file size နဲ့သူကတော့သင့်တင့်မျှတတဲ့ graphic ကိုပိုင်ဆိုင်ထားပါတယ်။
အားလုံးကိုခြုံပြောရရင် မရိုးရလောက်အောင်လုပ်စရာတွေများတဲ့ဒီဂိမ်းဟာဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပေမဲ့ သင့်ရဲ့အချိန်တွေကိုတော့ကောင်းကောင်းဖြုန်းတီးပါလိမ့်မယ်ဆိုတာသတိပေးပါရစေ။ ဒါပေမဲ့လည်း sandbox rpg သမားတွေနဲ့ function ကောင်းတဲ့ဂိမ်းတွေကိုနှစ်သက်သူတွေအတွက်တော့အဖိုးတန်ဂိမ်းတစ်ခုဖြစ်တာကြောင့် စာအရှည်ကြီးနဲ့မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ Steel And Flesh ကိုအောက်ပါ link မှာ download ရယူနိုင်ပါတယ်။