News

Steam ဂိမ်းတွေကို Android, iOS ပေါ်မှာ Stream ပြီး ဆော့လို့ရတော့မည်

Mobile Gaming ကတော့ တဖြည်းဖြည်းနဲ့ Next Level ကို ရောက်တော့မယ့် အထာရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ Valve က ဒီနေ့လေးတင်ပဲ သူ့ရဲ့ Product တစ်ခုဖြစ်တဲ့ Steam Link ကို Android နဲ့ iOS ပေါ်မှာ အသုံးပြုလို့ရအောင် Steam Link App ထုတ်ပေးသွားမယ်လို့ ကြေညာလိုက်လို့ပဲ ဖြစ်ပါတယ်။

Steam Link ဆိုတာက ကိုယ့် PC ရဲ့ Steam Library ထဲက ဂိမ်းတွေကို TV တွေပေါ်မှာ ဆော့ကစားလို့ရအောင် ချိတ်ဆက်ပေးတဲ့ Device ဖြစ်ပါတယ်။ အဲဒီတော့ Steam Link အားဖြင့် ကိုယ့်ရဲ့ဧည့်ခန်းထဲမှာ ဇိမ်နဲ့ထိုင်ပြီး Wide Screen TV တွေမှာ PC ဂိမ်းတွေ ဆော့လို့ရသွားစေပါတယ်။ ဒါ့အပြင် Keyboard နဲ့ Mouse တင်မကပဲ Steam ရဲ့ကိုယ်ပိုင် Steam Controller အပါအဝင် အခြားနာမည်ကြီး Controller အမှတ်တံဆိပ်တော်တော်များများကိုလည်း Support လုပ်ပါသေးတယ်။

အခုတော့ အဲဒီလို ဇိမ်နဲ့ဆော့ရတဲ့ Feel က Android နဲ့ iOS ပေါ်ကိုပါ ရောက်လာတော့မှာပါ။ လာမယ့် မေလ ၂၁ ရက်နေ့မှာ Mobile Platform တွေအတွက် Steam Link App ကို ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီ App ကနေတစ်ဆင့် ကိုယ့် PC မှာ Run ထားတဲ့ဂိမ်းတွေကို ကိုယ့် Mobile Device ပေါ်မှာ ဆော့လို့ရတော့မှာဖြစ်ပါတယ်။ အဲဒီလို ချိတ်ဆက်ဆော့ကစားဖို့အတွက် ကိုယ့်ရဲ့ Mobile Device ဟာ PC နဲ့ Wired Ethernet Connection နဲ့ဖြစ်စေ၊ 5Ghz Wireless Connection နဲ့ဖြစ်စေ ချိတ်ဆက်ထားရမှာပါ။ ဒါ့အပြင် နဂိုက Support လုပ်တဲ့ Controller တွေအပြင် Mobile Gaming Controller တွေဖြစ်တဲ့ MFi Controller တွေကိုလည်း အသုံးပြုလို့ရစေမှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက သတင်းကတော့ ကောင်းပေမယ့် အဲလိုဇိမ်ကျကျဆော့ရဖို့ ပိုက်ဆံတော့ နည်းနည်းလိုက်ရမယ့် သဘောရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ Wifi နဲ့ချိတ်မယ်ဆိုရင် သင့်အနေနဲ့ 5Ghz Wifi ထုတ်လွှင့်ပေးနိုင်တဲ့ Dual Band Router လိုအပ်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် Wired Ethernet နဲ့ချိတ်မယ်ဆိုရင် သင့်အနေနဲ့ Android, iOS Platform ပေါ်မူတည်ပြီး မတူညီတဲ့ Adapter အတွဲတွေ လိုအပ်မှာဖြစ်ပါတယ်။ ဒါက Steam Link စက်ရဲ့ စျေးမပါဝင်သေးပါဘူး။ ဒါပေမယ့်လည်း ဇိမ်ကျကျဆော့ရဖို့ ဒီလောက်တော့ ရင်းရမှာပါပဲ။

Valve ကြေညာသွားတဲ့အထဲမှာ Steam Video app လည်းပါဝင်ပါသေးတယ်။ ဒီ App ကိုတော့ လာမယ့် ၂-၃ လအတွင်းမှာ ထုတ်ပေးသွားမယ်လို့ ဆိုထားပါတယ်။ ဒီ App ကတော့ Steam ပေါ်က ရုပ်ရှင်တွေကို Mobile Device တွေပေါ်မှာ Stream လုပ်ပြီး ကြည့်ရှုလို့ရစေမှာဖြစ်ပါတယ်။ သူကတော့ Steam Link လောက် လိုအပ်ချက်မများပါဘူး။ ပုံမှန် Wifi နဲ့အသုံးပြုနိုင်သလို Mobile Internet နဲ့လည်း အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Source: Steam

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password