Reviews

ဂိုဏ်းစတားတစ်ယောက်အနေနဲ့ နေထိုင်သွားလာရမယ့် Auto Theft Gangsters

သင်ရောက်ရှိလာတဲ့ Liberty မြို့ရဲ့ လမ်းများဟာ ဝရုန်းသုန်းကားနဲ့ ဒုစရိုက်မှုများဟာ ပြည့်နှက်နေမှာဖြစ်ပါတယ်။ သင်အနေနဲ့ ဒီဂိမ်းမှာ ဆောင်ရွက်ရမှာကတော့ မကြာမှီ ဖြစ်ပေါ်မယ့် The Gang War လို့ဆိုရတဲ့  ဂိုဏ်းအဖွဲ့များကြား တိုက်ပွဲများ၊ ရန်ပွဲများ မဖြစ်ပွားခင် မိမိကိုယ်ကို ကြံ့ခိုင်မှုရှိအောင် ထို့ထက်သာမက အတွေ့အကြုံများ ရယူကာ ဒုစရိုက်လောကမှာ နေရာတစ်နေရာ ရအောင် ဆောင်ရွက်ရမှာဘဲ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေအနေနဲ့ ပေးထားတဲ့ Characters ၃ယောက်ကနေ မိမိကြိုက်နှစ်သက်တဲ့ တစ်ယောက်ကို ရွှေးချယ်ပြီး လမ်းသရဲ ပေါက်စ အနေနဲ့ ပေးထားတဲ့ Missions များကို ဆောင်ရွက်ပြီး ပိုက်ဆံရှာခြင်း၊ မိမိအတွက် လိုအပ်တဲ့ လက်နက် ကိရိယာများကို ဝယ်ယူ အသုံးပြုရမှာဘဲ ဖြစ်ပါတယ်။ အကယ်လို့ မိတ်ဆွေအနေနဲ့ Level 4 ကိုရောက်ရှိပြီဆိုရင် ဖုန်း screen ပေါ်မှာ တွေ့ရမယ့် auto ကိုတစ်ချက်နှိပ်လိုက်ခြင်းအားဖြင့် မိတ်ဆွေအနေနဲ့ လုပ်ဆောင်စရာမလိုဘဲ အလိုလိုလုပ်ဆောင်နေမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ဒီဂိမ်းလေးကို သဘောကျနှစ်သက်နေမိပါတယ်။

                    

Missions ပေါင်း တစ်ရာကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဒီဂိမ်းဟာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းရုပ်ထွက်မှု အပိုင်းမှာလည်း ပြောစရာမရှိသလို ဂိမ်းထဲမှာပါဝင်တဲ့ ကားများဟာလည်း လုံးဝ လန်ထွက်နေမယ်ဆိုတာ အာမခံပါတယ်။

 

Free to Play အနေနဲ့ Google Play Store ပေါ်မှာ ရယူနိုင်ပြီ ဖြစ်လို့ Playon မိတ်ဆွေများအတွက် ဂိမ်းကောင်းလေးတစ်ခုယူဆောင်လာခဲ့ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: