News

ယခုလအတွင်း မိုဘိုင်းလ်ပေါ်ကို ရောက်လာတော့မယ့် Stardew Valley

အေးအေး ချမ်းချမ်း နဲ့ ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေကိုမှ ကစားချင်တဲ့ သူတွေအတွက် Stardew Valley မိုလ်ဘိုင်းပေါ်ကို ရောက်လာပါတော့မယ်။ သူ့ကို အခုအောက်တိုဘာလ နှောင်းပိုင်းမှာ ထွက်ရှိဖို့အတွက် ရာထားတယ်လို့သိရတဲ့အတွက် စောင့်ရမှာတော့ သိပ်ပြီး မကြာတော့ပါဘူး။

Stardw Village ကို Microsoft Windows, OS X, Linux, PlayStation 4, Xbox One, Nintendo Switch, PlayStation Vita တို့နဲ့ ကစားလို့ရခဲ့တာပါ။ အခု အချိန်မှာ Android နဲ့ iOS အတွက်ကိုပါ ရရှိလာတော့မယ်ဆိုတော့ Stardew Valley က platform မျိုးစုံနဲ့ ကစားလို့ ရတော့မယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်။ Stardew Valley က Harvest Moon ကို Pixel makeover ပုံစံနဲ့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ iOS အတွက် လာမယ့် အောက်တိုဘာ၂၄ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပြီး Android ထွက်ရှိမယ့် ရက်အတွက်ကိုတော့ အခုချိန် သတင်းမထွက်ရှိလာသေးပါဘူး။

Pre-orders လုပ်တာကို အောက်တိုဘာလ ၁ဝ ရက် နေ့မှာ စတင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲ့တာကြောင့် pre-order လုပ်ဖို့ အတွက် App Store နဲ့ Play Store ထဲကို ဝင်ပြီး ကြည့်ပေးကြပါနော်။ စျေးနှုန်းလေးကတော့ 7.99 ဒေါ်လာကျသင့်ပါတယ်။ နောက်ထပ်ငွေပေးပြီး ဝယ်ယူရမယ့် app-purchase တွေတော့ မပါတော့ပါဘူး။ နမူနာ ဗီဒီယိုဖိုင်လေးကိုတော့ အောက်မှာ ကြည့်လို့ရနိုင်ပါတယ်။

ရပါတယ်နော်…

ဗီဒီယိုလေးကြည့်ပြီး ဂိမ်းလေးကို ကစားချင်သွားပြီ ဆိုရင် အခုချက်ချင်းပဲ ပြေး pre – register လုပ်လိုက်တော့နော်… 😉)

Ref: Droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: