News

Star Wars: The Last Jedi ကို Discount တွေ Event တွေနဲ့ကြိုဆိုနေကြတဲ့ Star Wars ဂိမ်းများ

တစ်နှစ်တာရဲ့ Star Wars ရာသီကိုရောက်ရှိလာပြန်ပါပြီ။ ဒီဇင်ဘာ ၁၅ ရက်နေ့စတင်ပြသမယ့် Star Wars: The Last Jedi ကို ကြိုဆိုတဲ့အနေနဲ့ Star Wars ဂိမ်းတော်တော်များများက Discount တွေ၊ Event တွေ၊ Content Update တွေ စတာတွေကို အလျှိုလျှိုထည့်သွင်းပေးလာကြပါတယ်။ ဒီဆောင်းပါးမှာ အဲဒီလိုဂိမ်းတွေကို လက်လှမ်းမီသလောက် စုစည်းဖော်ပြပေးသွားမှာပါ။ တစ်ချို့ discount ချတဲ့ဂိမ်းတွေဆိုရင် အရမ်းကိုတန်တာမို့လို့ နဂိုကတည်းက ရည်ရွယ်ထားတယ်ဆိုရင် အမိအရ ရယူလိုက်ဖို့ အကြံပေးလိုက်ရပါတယ်။

Content Update လုပ်ပေးထားတဲ့ဂိမ်းများ

Star Wars: Force Arena

လက်ရှိ App Store ပေါ်မှာရှိတဲ့ free-to-play Star Wars ဂိမ်းတွေထဲက တော်တော်ဆော့လို့ကောင်းတဲ့ဂိမ်းတစ်ခုလို့ဆိုရမယ့် Star Wars: Force Arena မှာ The Last Jedi ကိုကြိုဆိုတဲ့အနေနဲ့ ဇာတ်လမ်းထဲက Character တွေ၊ Map တွေပါဝင်တဲ့ update ကိုထုတ်ပေးခဲ့ပါတယ်။ ဒီ Update ထဲမှာ Rey ၊ Kylo Ren ၊ Finn နဲ့ BB-8 တို့အပါအဝင် စုစုပေါင်း card အသစ် ၁၄ ခုထည့်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် First Order ရဲ့အခြေစိုက်ရာဖြစ်တဲ့ Starkiller Base ကိုလည်း ကစားလို့ရတဲ့မြေပုံအဖြစ်ထည့်သွင်းပေးထားပါတယ်။

Star Wars: Galaxy of Heroes

EA ကလည်းအားကျမခံ သူ့ရဲ့ Star Wars ဂိမ်းအတွက် event အသစ်တစ်ခုထည့်သွင်းပေးခဲ့ပါတယ်။ Hero’s Journey လို့အမည်ရတဲ့အဆိုပါ event ကိုအောင်မြင်ခဲ့ရင်တော့ Jedi Training ဝတ်စုံနဲ့ Rey ကိုရရှိနိုင်မှာဖြစ်ပါတယ်။

Star Wars Commander

Disney ရဲ့ကိုယ်ပိုင် Star Wars ဂိမ်းဖြစ်တဲ့ Star Wars Commander ကမှ The Last Jedi update မထွက်ရင် ဘယ်ဂိမ်းကထွက်ဦးမှာလဲပဲပြောရမှာပါ။ ဒီ update မှာ The Last Jedi ကိုကြိုဆိုတဲ့အနေနဲ့ event အသစ်တွေပါဝင်လာသလို The Last Jedi ရုပ်ရှင်ထဲမှာပါဝင်တဲ့ unit အသစ်တွေကိုပါထည့်သွင်းပေးထားပါတယ်။

 

Discount ချပေးနေတဲ့ဂိမ်းများ

Star Wars Pinball 5

ZEN Studios ကတော့ ပုံမှန်စျေး $1.99 ရှိတဲ့သူတို့ရဲ့ဂိမ်းကို The Last Jedi ကိုကြိုဆိုတဲ့အနေနဲ့ ဒီကာလအတွင်းမှာ Free ပေးနေပါတယ်။ App ကို free ပေးနေတဲ့အပြင် ဂိမ်းထဲက IAP တွေကိုလည်း 50% discount ပေးထားပါသေးတယ်။ ဂိမ်းက Free ဖြစ်တဲ့အတွက် ကောင်းလားမကောင်းလားသိပ်တောင်စဉ်းစားနေစရာမလိုပါဘူး။ တစ်ခါတည်းတန်းဒေါင်းပြီးသာ အရယူထားလိုက်ပါ။

Star Wars: Knights of the Old Republic

ဒါကတော့ ဒီ The Last Jedi deal တွေထဲမှာ အတန်ဆုံးလို့ပြောရမှာပါ။ ထွက်ရှိပြီးတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမယ့် အခုအချိန်အထိ အကောင်းဆုံး Star Wars ဂိမ်းတွေထဲကတစ်ခုလို့ သတ်မှတ်ခြင်းခံရတဲ့ဒီဂိမ်းကို နဂိုစျေး $9.99 ကို 50% လျှော့ပြီး $4.99 နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူဖို့ချိန်ရွယ်ထားတာကြာပြီဆိုရင်တော့ ဒီအချိန်ထက်ပိုကောင်းတဲ့အခွင့်အလမ်းမရှိတော့ပါဘူး။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password