
EA? Star Wars? ဒီ Combo က ဒီလတ်တလောရဲ့ Super Combo ပါပဲ။
သူ့ရဲ့ ရာဇဝင်တွင်မယ့် Battlefront II အရှုပ်တော်ပုံကြီးကြောင့် ခေါင်းအကြီးကြီးရှုပ်ခဲ့ရပေမယ့် EA က သူ့ရဲ့ခြေလှမ်းတွေကို အရှိန်မလျှော့လိုက်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူ့ရဲ့ Star Wars Project အသစ်ဖြစ်တဲ့ Star Wars: Rise to Power အတွက် Alpha-tester တွေခေါ်ယူနေတဲ့အကြောင်း ကြေညာခဲ့ပါတယ်။
ဒီဂိမ်းမှာ ကစားသူတွေဟာ Empire နဲ့ Republic တို့ကြားကတိုက်ပွဲအကြောင်းကို ဆော့ကစားရမှာဖြစ်ပါတယ်။ ဘယ်ဖက်က အသာစီးရမယ်ဆိုတာကတော့ ကစားသူတွေအပေါ်မူတည်မှာပဲဖြစ်ပါတယ်။ Faction ရွေးချယ်တာ၊ Base တည်ဆောက်တာ၊ Starships Fleet တွေတည်ဆောက်တာ စတာတွေကိုပြုလုပ်ရမှာဖြစ်ပြီး ရန်သူတွေကို နည်းဗျူဟာကျကျ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Pre-Register လုပ်တဲ့အချိန်မှာမေးတဲ့ Survey အရဆိုရင်တော့ ဒီဂိမ်းဟာ Mobile Strike ၊ Clash of Kings ၊ Clash of Clans ၊ Star Wars: Commander အစရှိတဲ့ဂိမ်းတွေနဲ့ဆင်တူမယ်လို့ ယူဆရမှာဖြစ်ပါတယ်။
နဂိုကတည်းကမှ Loot Boxes တွေထည့်ချင်နေတဲ့ EA ကတော့ Mobile Game ဖြစ်တဲ့ဒီဂိမ်းမှာ Loot Boxes တွေ ထည့်ကိုထည့်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Triple A ဂိမ်းတွေမှာထည့်တာထက်တော့ ဘယ်ဟာမှပိုပြီး ရုပ်မပေါက်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် Star Wars ဂိမ်းအသစ်ဖြစ်တဲ့အတွက် Star Wars ချစ်သူတွေ မသိလိုက်မရှိရလေအောင် တင်ဆက်ပေးလိုက်ပါတယ်။ လောလောဆယ်မှာတော့ Android Platform မှာပဲ စမ်းသပ်ဆော့ကစားလို့ရဦးမှာဖြစ်ပြီး စိတ်ဝင်စားသူတွေက ဒီနေရာမှာ Pre-Register သွားလုပ်လို့ရပါတယ်။
Fan of Star Wars? Interested in Mobile games? Sign up for the #StarWarsRiseToPower closed pre-alpha test here: https://t.co/PGwjhpe8oy pic.twitter.com/zamjPVtDFh
— Electronic Arts (@EA) November 16, 2017