မကြာမီလာမယ့် Star Wars ရုပ်ရှင်အတွက် ဒီဂိမ်းတွေကစားပြီး Mood ကြိုသွင်းကြမယ်

ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ရှိလာတဲ့ ‘Star Wars: The Last Jedi’ Trailer ကြောင့် Star Wars ချစ်သူတွေ လှုပ်လှုပ်ရွရွဖြစ်သွားကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်းတွေနဲ့ ရုပ်ရှင်လက်မှတ်ဝယ်လို့ရတာနဲ့ ပြေးဝယ်ဖို့ အစီအစဉ်ဆွဲထားပြီးပါပြီ။ ဒါပေမယ့် ဒီဇင်ဘာ ၁၅ ရောက်ဖို့က ၂ လနီးပါးလိုနေပါသေးတယ်။ ဒီကြားထဲမှာ The Last Jedi အတွက် အရမ်းစိတ်လှုပ်ရှားနေတဲ့ Star Wars ချစ်သူတွေ အာသာပြေအနေနဲ့ ဆော့ကစားလို့ရအောင် Mobile Platform ပေါ်က Star Wars ဂိမ်းအချို့ကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ဒါလေးတွေဆော့ပြီး Star Wars Mood လေး ကြိုသွင်းထားလိုက်ကြရအောင်လား…

 

Star Wars: Galaxy of Heroes

Publisher     : Electronic Arts

Platform       : Android, iOS

Price             : Free

EA ရဲ့ Star Wars: Galaxy of Heroes ကတော့ Turn-Based Battle တွေကို နှစ်သက်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ Star Wars Universe ထဲက Character ပေါင်းစုံနဲ့ Spaceship တွေကိုစုဆောင်း၊ ပြီးရင် Upgrade လုပ်ပြီး သင့်စိတ်ကြိုက် Ultimate Team နဲ့ Fleet တွေကို ဖန်တီးနိုင်မယ့်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Animation ခပ်လန်းလန်းနဲ့ Galaxy of Heroes ဟာ လက်ရှိ App Store ပေါ်က အကောင်းဆုံး Star Wars ဂိမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

 .         

 

Star Wars: Knights of the Old Republic

Publisher     : Aspyr Media, Inc.

Platform       : Android, iOS

Price             : $9.99

KOTOR လို့အတိုကောက်ခေါ်ကြတဲ့ဒီဂိမ်းဟာ PC နဲ့ Console ပေါ်ကနာမည်ကြီး Star Wars: Knights of the Old Republic ကို Mobile Platform တွေပေါ် Port လုပ်ထားတဲ့ဂိမ်း ဖြစ်ပါတယ်။ Star War Universe ကို အခြေခံထားတဲ့ဂိမ်းတွေထဲက နာမည်အကြီးဆုံး ဂိမ်းတစ်ခုဖြစ်ပြီး Review တွေကိုစုစည်းဖော်ပြတဲ့ Metacritic Website မှာ ရမှတ် 94% တောင်ရရှိထားပါတယ်။ ဒီဂိမ်းမှာ ကစားသူဟာ Jedi တစ်ယောက်အနေနဲ့ စတင်ကစားရမှာဖြစ်ပြီး မိမိရဲ့ဆုံးဖြတ်ချက်တွေပေါ်မူတည်ကာ Light Side အတိုင်းဆက်သွားမလား၊ Dark Side ဖက်ကူးပြောင်းပြီး Sith Lord လုပ်မလားဆိုတာကို ရွေးချယ်သွားလို့ရမှာဖြစ်ပါတယ်။ RPG ဖြစ်တဲ့အတွက် The Last Jedi မလာခင် Mood ကြိုသွင်းထားဖို့ အသင့်တော်ဆုံးဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 .         

 

Star Wars: Force Arena

Publisher     : Netmarble Games Corp

Platform       : Android, iOS

Price             : Free

Star Wars: Force Arena ဟာ Clash Royale နဲ့ MOBA တွေကို ပေါင်းစပ်ထားတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Clash Royale လိုမျိုးပဲ Deck တွေပြင်ဆင်ပြီး Lane ၂ ခုပါဝင်တဲ့မြေပုံမှာ ဆော့ကစားရမှာပါ။ Unit တွေကို Energy စနစ်နဲ့ အသုံးပြုရမှာဖြစ်ပြီး ရန်သူ့စခန်းကိုဖျက်ဆီးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Clash Royale နဲ့လုံးဝကြီးတူတာတော့ မဟုတ်ပါဘူး။ ဒီဂိမ်းမှာ MOBA တွေထဲကလို Hero တစ်ကောင်ကိုထိန်းချုပ်ပြီး လိုက်လံတိုက်ခိုက်လို့ရဦးမှာ ဖြစ်ပါတယ်။ လှပတဲ့ Animation တွေနဲ့ဖန်တီးထားတဲ့ Star Wars: Force Arena ဟာ PvP ချချင်တဲ့ Star Wars ချစ်သူတွေအတွက် ကွက်တိဖြစ်စေမယ့်ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 .         

 

Star Wars: Commander

Publisher     : Disney

Platform       : Android, iOS

Price             : Free

Star Wars: Commander ဟာ Clash of Clans ကို Clone လုပ်ထားတဲ့ဂိမ်းတစ်ခုပါပဲ။ Base ဆောက်တာတွေ၊ သူများ Base ကိုတိုက်ခိုက်တာတွေ စတဲ့ Basic Gameplay ကတော့ အတူတူပါပဲ။ ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင်အသံသရုပ်ဆောင်ထားတဲ့ Dialogue တွေနဲ့ John Williams ရဲ့ Star Wars တီးလုံးတွေက Star Wars ချစ်သူတွေကို စိတ်ကျေနပ်မှုပေးမှာပါ။ အားနည်းချက်တွေ ဟိုနားဒီနားရှိပေမယ့် ဒီ ၂ လ အတွင်းမှာ ခဏတာဆော့ကစားဖို့ကတော့ ကောင်းကောင်းကြီး အဆင်ပြေတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။

          

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password