MOBA နဲ့ Clash Royale တို့ကို ရောသမမွှေထားတဲ့ Star Wars: Force Arena

Star Wars: Force Arena ဆိုတာကတော့ MOBA နဲ့ Clash Royale စတိုင် Card တွေစုဆောင်းပြီး Deck တွေဖန်တီးရတဲ့ Gameplay တွေကို ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Mobile Gaming မှာ အရမ်းအောင်မြင်တဲ့ Genre ၂ မျိုးကိုပေါင်းစပ်ထားတာလို့ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အဲဒီလို Winning Formula တွေအများကြီးကို ပေါင်းစပ်စမ်းသပ်ရင်း ချာသွားတဲ့ဂိမ်းတွေလည်းရှိတဲ့အတွက် ဒီဂိမ်းကအိုကေပါ့မလားဆိုပြီး သံသယအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် မိနစ်အနည်းငယ် ဆော့ကြည့်ပြီးတဲ့နောက်မှာတော့ အဲဒီသံသယတွေအားလုံး ကင်းစင်သွားပါတယ်။ Developer Netmarble က ပညာသားပါပါနဲ့ ကစားလို့အင်မတန်ကောင်းတဲ့ဂိမ်းတစ်ခုကို ဖန်တီးပြသွားပါတယ်။

ဒီဂိမ်းမှာ Clash Royale လိုမျိုးပဲ Lane ၂ ခုပါဝင်မှာဖြစ်ပြီး Energy စနစ်နဲ့ Unit တွေကို Strategy ကျကျအသုံးပြုကာ ရန်သူ့စခန်းကို ဖျက်ဆီးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hero တစ်ကောင်ကိုထိန်းချုပ်ပြီး မြေပုံထဲမှာ လိုက်လံတိုက်ခိုက်ရဦးမှာပါ။ MOBA ဂိမ်းတွေထဲမှာ ကိုယ့် Hero ကိုထိန်းပြီး Tower လိုက်ချိုးရသလိုပါပဲ။ သင့်ရဲ့ Tower တွေကိုချိုးဖို့ကြိုးစားမယ့် ရန်သူ့ Hero နဲ့ သူ့ရဲ့ Unit တွေကိုတားဆီးပြီး သူ့ရဲ့ Tower တွေကို ချိုးနိုင်သမျှချိုးရမှာဖြစ်ပါတယ်။ ၃ မိနစ်အတွင်းမှာ Tower အများဆုံးချိုးနိုင်တဲ့ဖက်၊ ဒါမှမဟုတ် Shield Generator ကို အရင်ဆုံးဖျက်ဆီးနိုင်တဲ့ဖက်က အနိင်ရရှိမှာဖြစ်ပါတယ်။ 1v1 Mode အပြင် 2v2 Mode လည်းပါဝင်ပါသေးတယ်။ 2v2 Mode မှာဆိုရင် Lane ၃ ခုပါဝင်လာမှာ ဖြစ်ပါတယ်။

 .         

Hero တွေကလည်း အားလုံးရဲ့အချစ်တော် Luke Skywalker ၊ Anakin Skywalker နဲ့ Han Solo တို့ကနေ Super Villain တွေဖြစ်တဲ့ Darth Vader ၊ Emperor Palpatine နဲ့ Grand Moff Tarkin တို့အထိ အထင်ကရ Character တွေ အစုံအလင်ပါဝင်ပါတယ်။ Hero တစ်ယောက်ချင်းစီမှာ Unique Passive နဲ့ Active Ability တွေပါဝင်သေးတဲ့အတွက် Hero တစ်ယောက်ချင်းစီကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ဖို့ အလေ့အကျင့်လိုအပ်မှာ ဖြစ်ပါတယ်။

ဥပမာ Anakin Skywalker မှာဆိုရင် Enrage လုပ်လို့ရတဲ့ Ability ပါဝင်ပြီး အဲဒီ Ability ကိုအသုံးပြုလိုက်တာနဲ့ သူ့ဘေးမှာရှိတဲ့ Organic Unit တွေအားလုံးကို Attack Speed ပိုမြန်လာစေပါတယ်။ Grand Moff Tarkin ဆိုရင် AOE Attack ဖြစ်တဲ့ Orbital Strike ကိုအသုံးပြုလို့ရမှာဖြစ်ပြီး သူ့ရဲ့ Passive ကတော့ Card တစ်ခုအသုံးပြုလိုက်တိုင်း Energy တစ်ခုပြန်ရဖို့ 50% Chance ရှိတာပဲဖြစ်ပါတယ်။ အဲဒီလို Hero တစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြတဲ့အတွက် ကိုယ်အသုံးပြုတဲ့ Hero ပေါ်မူတည်ပြီး Deck ကိုလိုက်လံတည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

Gameplay နဲ့ Character တွေက စိတ်ဝင်စားဖို့ကောင်းသလို Graphic နဲ့ Sound Effect တွေကလည်း အပျံစားပါပဲ။ Star Wars နာမည်ကပ်ထားတာနဲ့တန်အောင် ဂိမ်းရဲ့ Quality ကလည်း ကောင်းရှာပါတယ်။ Free-to-Play ဖြစ်တာရယ်၊ ပွဲတွေကတိုတောင်းလို့ Short Burst ဆော့ကစားလို့ရတာရယ် တွေကြောင့် ငွေရောအချိန်ပါ အများကြီးရင်းနှီးစရာမလိုပဲ လွယ်လွယ်ကူကူဆော့ကစားလို့ရပါတယ်။ တကယ်လို့သင်ဟာ Mobile Platform ပေါ်မှာဆော့ဖို့ Star Wars ဂိမ်းရှာဖွေနေတယ်ဆိုရင်တော့ အလွယ်တကူပဲ Star Wars: Force Arena ကို Recommend လုပ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password