News

App Store နဲ့ Google Play တို့ပေါ်ကို ရောက်နေပြီဖြစ်တဲ့ ‘Star Ocean: Anamnesis’

ဒီဂိမ်းလေးကို ဂျပန်မှာ ဒီဇင်ဘာ ၂၀၁၆ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တာပါ။ Action-RPG ဂိမ်းပုံစံဖြစ်ပြီး ဂိမ်းထဲမှာ Player ၄ ယောက် ပူးပေါင်း ကစားလို့ရပါတယ်။ Star Ocean က franchise ထဲမှာ ကစားသူလေးယောက် option နဲ့ ပထမဦးဆုံး ဂိမ်းဖြစ်ပါတယ်။ Star Ocean ဗီဒီယို ဂိမ်းစီးရီးတွေက က ၂၀၀၁ ခုနှစ်တုန်းက မြောက်အမေရိက မှာ ထုတ်လွှင့်ခဲ့တဲ့ anime Star Ocean EX.Geneon ရဲ့ Mayumi Azuma’s Star Ocean: The Second Story manga ကို ပြန်လည်ထုတ်လုပ်ထားတဲ့ဂိမ်းတွေ ဖြစ်ကြပါတယ်။ အဲ့တာကြောင့် မိုလ်ဘိုင်းဗားရှင်း Star Ocean : Anamnesis ထဲမှာ Star Ocean က ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်တွေကိုစိတ်ကြိုက်ရွေးချယ်လို့ရသလို စုဆောင်သွားလိုလည်းရပါတယ်။ ဇာတ်ကောင်တွေကတော့ စုံနေတာပါပဲ။ တကယ့်ကို အလန်းတွေနော်… 😎)

Super Famicom အတွက် ပထမဦးဆုံး Star Ocean game ကို tri-Ace နဲ့ Enix တို့က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Franchise ရဲ့ နောက်ဆုံး ထွက်တဲ့ဂိမ်း Star Ocean 5: Integrity and Faithlessness ကို ၂၀၁၆ မတ်လ ၃၁ ရက်နေ့မှာ the Playstation 4 အတွက်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဧပြီ ၂၈ ရက်နေ့မှာ PlayStation 3 အတွက် စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၈ရက်နေ့မှာ U.S store ပေါ်ကို PS4 တစ်ခုတည်းအတွက် ရောက်ရှိခဲ့ပါတယ်။ မိုလ်ဘိုင်း ဗားရှင်း ဖြစ်တဲ့ Anime Star Ocean: Anamnesis က တော့ မကြာသေးခင်ကပဲ App Store နဲ့ Google Play တို့မှာ free to play အနေနဲ့ ရောက် ရှိခဲ့တာဖြစ်ပါတယ်။

Anime, Manga အချစ်တော်လေးတွေ အကြိုက်တွေ့မယ့် ဂိမ်းပုံစံလေးတွေပါ။ အရင်ဆုံး အောက်က Trailler လေးကို ကြည့်ကြည့်လိုက်ပါဦး။ 😃)

Trailer ထဲကလို လန်ထွက်နေတဲ့ ဇာတ်ကောင်တွေနဲ့ Star Ocean က မိုလ်ဘိုင်း ဗားရှင်းမထွက်ခင် ကတည်းက အနောက်နိုင်ငံတွေကအမျိုးအစားစုံတဲ့ ဂိမ်းတွေနဲ့ multi platform ဂိမ်းတွေကြားမှာလူစိတ်ဝင်စားမှုရရှိခဲ့ တာပါ။ နာမည်ကြီး ဂိမ်းတစ်ခု ကို အခုလိုမိုလ်ဘိုင်း platform တွေဆီကိုယူဆောင်လာပေးတာဆိုတော့ Square Enix ကို တောင် ကျေးဇူးတင်ရမလိုပါပဲ။

iOS နဲ့ Android ပေါ်မှာရှိနေတဲ့ ဂိမ်းမှာ သီးခြားနာမည်ခွဲမရှိပါဘူး။ PS4 ကနာမည် Star Ocean : Integrity and Faithlessness လိုပဲ Star Ocean နာမည်နဲ့ထွက်လာတာပါ။ Star Ocean: Anamnesis မှာ real time 3D combat ပါဝင်ပါတယ်။ ဂိမ်းထဲမှာ Player ဆောင်ရွက်ရမယ့် အဓိက တာဝန်က ကိုယ့်ရဲ့ အဖွဲ့ကို Galaxy တစ်လျှောက် ဦးဆောင်ရမှာဖြစ်ပါတယ်။ ပြီးရင် စွမ်းအား အဆင့် အမျိုးမျိုးရှိတဲ့ ဇာတ်ကောင်တွေနဲ့ တိုက်ပွဲတွေမှာရင်ဆိုင်ရမှာပါ။ အားကောင်းတဲ့ ရန်သူတွေ နဲ့ ဆန့်ကျင် တိုက်ခိုက်လို့ ရသလို weak ဖြစ်တဲ့ ဇာတ်ကောင်တွေနဲ့ ဖိုက်လည်းရပါတယ်။

Square Enix က Final Fantasy စီးရီးတွေကို ထုတ်လုပ်ခဲ့တဲ့ video game company ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း free to play RPG ဂိမ်းတွေကို ချပြ ပေးလေ့ရှိပါတယ်။ သူ့ရဲ့ ဂိမ်းတွေတော်တော်များများကလည်း အခြေခိုင်ခိုင်နဲ့ စွဲဆောင်မှုရှိတဲ့ ဂိမ်းတွေပါ။ အကယ် ၍ သင်က Star Ocean Anime/ Manga ရဲ့ ပရိသတ်တစ်ယောက်ဆိုရင် Android နဲ့ iOSမှာထွက်ရှိနေတဲ့ Star Ocean ကို သေချာပေါက် စမ်းပြီးဆော့ကစားကြည့်သင့်ပါတယ်။

Download link – Android/ IOS

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password