Reviews

သံစဉ်လေးတွေဖန်တီးပြီး ကစားရမယ့် Stairs

ဘောလုံးလေးကို ထောက်ပြီး လှေကားပေါ်တက်ရမယ့် ဂိမ်းလေးပါ။ တစ်ချက်ထောက် ရင် တီးလုံးသံတစ်သံထွက်မှာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ရှိတဲ့ စိန်တုံးလေးတွေကို ယူရမှာဖြစ်တယ်။ ကိုယ်သွားရင်သွားသလောက် သံစဉ် အမိုက်စားတွေကို ဖန်တီးပေးနေမှာပါ။

ဒါပေမယ့် လမ်းမှာထားထားတဲ့ ဆူးတွေကိုတော့ ထိလို့မရပါဘူး။ တစ်ချက်ထိမိတာနဲ့ ဘောလုံးပေါက်သွားပြီး အစကနေပြန် ကစားရမှာပါ။ လှေကားရဲ့ အရောင်တွေလည်း ကစားရင်း အမျိုးမျိုးပြောင်းနေမှာဖြစ်တယ်။ စိန်တုံးတွေနဲ့ lock ကျနေတဲ့နေရာတွေကို unlock လုပ်ရမှာဖြစ်လို့ ဆော့ကစားရင်း စိန်တုံးလေးတွေကို သိမ်းဖို့လည်း မမေ့ပါနဲ့နော်။

ကစားရတာ မိုက်ပြီး ဂိမ်းကို သံစဉ်နဲ့ တွဲကစားချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ။ အချိန်ကြာလာတာနဲ့အမျှ ဘောလုံးရဲ့ အရှိန်ကလည်များလာမှာဖြစ်ပြီး ဘောလုံး မပေါက်အောင်သေသေချာချာ ထိန်းပြီး ဂရုစိုက်ရမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစေမယ့် ဂိမ်းလေးဖြစ်တယ်။

ပေါ့ပေါပါးပါး ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားလေးဖြစ်ပြီး internet (သို့)Wifi မရှိလည်း ကစားနိုင်မှာဖြစ်တယ်။ Internet ဖွင့်ပြီး Video ကြည့်ပေးရင်လည်း စိန်တုံး၂၀ free ရမှာနော်။ ကစားလို့အရမ်းကောင်းပြီး သင့်ကိုပျော်ရွှင်စေမယ့် ဂိမ်းဖြစ်လို့ ကစားကြည့်ဖို့
မိတ်ဆက်ပေးလိုက်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ဖြစ်တယ်။ Android version 4.2 နှင့်အထက် နှင့် iOS version 8.0 နှင့်အထက်တွင် ဆော့နိုင်ပါတယ်။ Rating ပိုင်းမှာတော့ Android မှာ 4.5 ရရှိထားပြီး iOS မှာ 4.6 ရရှိထားပါတယ်။

 

Image Source – Stairs

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password