News

GO Mobile game တွေ ထပ်ထုတ်တော့မှာ မဟုတ်တော့တဲ့ Square Enix Montreal

Go မိုလ်ဘိုင်းဂိမ်းတွေ ထမ်မံထုတ်လုပ်တော့မှာ မဟုတ်ဘူးဆိုတဲ့ သတင်းနဲ့ Square Enix ကတော့ mobile gamer တွေကို အံ့အားသင့်အောင်လုပ်လိုက်ပြန်ပါပြီ။ Square Enix ရဲ့ GO mobile ဂိမ်းတွေဆိုတော့ Hitman GO, Lara Croft GO, နဲ့ Deus EX GO တို့လိုဂိမ်းတွေကို ပြောတာဖြစ်ပါလိမ့်မယ်။ ဘာကြောင့် ထပ်မထုတ်တော့တာလဲဆိုတာကို တော့ အောက်မှာ စုံစမ်းပေးထားပါတယ်။

အခုအကြောင်းအရာနဲ့ ပတ်သက်ပြီး Square Enix ရဲ့ publisher က premium ဂိမ်း (ငွေပေးဝယ်ယူရတဲ့ဂိမ်း) တွေအတွက် mobile ပေါ်မှာ နေရာမရှိတော့တာကြောင့်လို့ ဆိုထားပါတယ်။ အခုနောက်ပိုင်းမှာ premium ဂိမ်းတွေထက်စာရင် free-to-play တွေက အမြတ်ပိုရလာတာကြောင့်လို့လည်းထင်ပါတယ်။ အဲ့တာကြောင့် premium ဂိမ်းတွေ ဆက်ပြီး မထုတ်တော့ပဲ free-to-play ဂိမ်းတွေပြောင်းထုတ်ဖို့ စီစဉ်နေတာပါ။ အကယ်၍ သင်က Square Enix Montreal ရဲ့ “free to play” Go game အသစ်တွေကို မျှော်လင့်နေတာဆိုရင်တော့ အခုသတင်းက ဝမ်းသာစရာကြီးပါ။

Square Enix ရဲ့ mobile GO game တွေရဲ့ နှုန်းထားဟာ တစ်ခုကို ဒေါ်လာ 4.99 အထိ ပေးဝယ်ကစားရမယ့်ဂိမ်းတွေဖြစ်တာကြောင့် gamer တော်တော်များများဟာ ငွေပေးပြီး ဝယ်ယူမကစားကြပါဘူး။ အဲ့တာကြောင့် premium ဂိမ်းတွေအစား အမြတ်ပိုရမယ့် free to play ဂိမ်း ပုံစံ ပြောင်းထုတ်ဖို့ စီစဉ်လိုက်တာလို ထင်ပါတယ်။ (ခုနောက်ပိုင်းဂိမ်းတွေလို free-to-play လုပ်ပြီး app-purchase တွေထည့်မယ်လို့ထင်ပါတယ်။) ဒါပေမယ့် သူ့ရဲ့ premium GO ဂိမ်းတွေကလည်း တကယ်ကို rating နှုန်းထားကောင်းကောင်းနဲ့ ပေါက်နေတဲ့ဂိမ်းတွေပါ။

Square Enix Montreal ကို traditional studio တစ်ခုအနေနဲ့ ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နာမည်ကြီး franchise တွေဖြစ်တဲ့ Hitman, Deus Ex, နဲ့ Lara Croft တို့ကို mobile ဂိမ်းတွေအဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ Hitman GO က အံ့အားသင့်ဖွယ် အောင်မြင်မှုတွေရလာပြီးနောက်မှာတော့ ၂၀၁၅ ခုနှစ်မှာ Lara Croft Go နဲ့ ၂၀၁၆ ခုနှစ်မှာ Deus Ex Go တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ Hitman GO ရဲ့ sequel အဖြစ် Hitman: Sniper ကိုထုတ်လုပ်ခဲ့ပါတယ်။ GO ဂိမ်းတွေရဲ့ လှပပြီး ပျော်စရာကောင်းတဲ့ puzzle ဆန်ဆန် ပုံစံတွေကြောင့် မျက်နှာပြင်သေးငယ်တဲ့ mobile တွေနဲ့ ကစားရတာ အဆင်ပြေပါတယ်။ Square Enix Montreal ရဲ့ နောက်လာမယ့် free-to-play ဂိမ်းသစ်တွေရဲ့ ပုံစံကိုလည်း စိတ်ဝင်စားမိပါတယ်။ Download ဆွဲခ free ဖြစ်နေပြီး ဂိမ်းတစ်ခုလုံးမှာ App-purchase တွေနဲ့ချည်း ပြည့်နေရင်လည်း ဘယ်ကောင်းပါ့မလဲနော်။ စောင့်ကြည့်ဖို့တော့လိုပါတယ်။ ဆက်လက်ထွက်ရှိလာမယ့် သတင်းတွေကိုလည်း Playon ကနေတဆင့် ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

Ref: Verge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: