News

Square Enix ရဲ့ “Life Is Strange” – ဒီဇင်ဘာ ၁၄ ရက်နေ့ App Store ပေါ်ရောက်လာမည်

နောက်ထပ်အပျံစားဂိမ်းတစ်ခု Mobile Platform ပေါ်ကိုရောက်ရှိလာပြန်ပါပြီ။ Dontnod Entertainment နဲ့ Square Enix တို့ရဲ့လက်ရာတစ်ခုဖြစ်တဲ့ PC နဲ့ Console ပေါ်က နာမည်ကြီး Life is Strange ကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ iOS user တွေ ဆော့ကစားလို့ရတော့မှာဖြစ်ပါတယ်။ ဒီဂိမ်းမှာကစားသူတွေဟာ ဓာတ်ပုံကျောင်းသူတစ်ဦးဖြစ်တဲ့ Max Caulfield နေရာကနေဆော့ကစားရမှာပါ။ တစ်ရက်မှာတော့ သူမဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းရှိကြောင်းသိရှိသွားပြီး သူ့ပတ်ဝန်းကျင်က mystery တွေကိုလိုက်လံဖြေရှင်းတဲ့ပုံစံနဲ့ ဆော့ကစားရမယ့် adventure ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကစားသူတွေရွှေးချယ်လိုက်တဲ့ action တိုင်းဟာ ဇာတ်လမ်းအပေါ်သက်ရောက်မှုရှိမှာဖြစ်လို့ ကစားရတာအင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆုပေါင်းများစွာရရှိထားပြီး critic တွေချီးမွမ်းတာခံရတဲ့ဂိမ်းတစ်ခုဖြစ်တာမို့ ဂိမ်းကောင်းကောင်းရှာဖွေနေသူတွေအတွက် ကွက်တိဖြစ်စေမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာ episode စုစုပေါင်း ၅ ခုပါဝင်တာဖြစ်ပြီး ဂိမ်းထွက်ရှိရှိချင်းမှာတော့ episode 1, 2 နဲ့ 3 တို့တစ်ခါတည်းပါဝင်လာမှာဖြစ်ပါတယ်။ ဂိမ်းကိုဝယ်ယူလိုက်တာနဲ့ episode 1 ကိုဆော့ကစားလို့ရမှာဖြစ်ပြီး episode 2 နဲ့ 3 တို့ကိုတော့ သပ်သပ်စီထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ episode 4 နဲ့ 5 တို့ကိုတော့ ၂၀၁၈ အစောပိုင်းမှာဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Episode 2-5 ကို bundle လိုက်ဝယ်ယူရင်တော့ 10% သက်သာမှာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: