Square Enix ရဲ့ အသစ်စက်စက် Mobile MOBA ဂိမ်း Flame Versus Blaze

Developer တွေကတော့ Mobile MOBA စျေးကွက်ကို သူ့ထက်ငါဦးအောင် အလုအယက် ဝင်ရောက်နေကြပါတယ်။ Vainglory နဲ့ Mobile Legend တို့ရဲ့ အောင်မြင်မှုတွေကြောင့် ဒီစျေးကွက်က သွားရေကျစရာဖြစ်နေတာပါ။ ဒီ Hype-Train ထဲမှာ Square Enix လို တကယ့် Developer အကြီးစားတွေတောင် ပါဝင်လာပါတယ်။

Square Enix က ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဖြန့်ဝေလိုက်တဲ့ Flame Versus Blaze ဆိုတဲ့ဂိမ်းနဲ့ MOBA စျေးကွက်ကို ခြေလှမ်းချလိုက်ပါတယ်။ ဒီဂိမ်းဟာ 3vs3 Action MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့ ချစ်စရာ Character လေးတွေကို ထိန်းချုပ်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ မိမိဖက်နဲ့ ရန်သူ့ဖက်မှာ Reactor တစ်ခုစီရှိမှာဖြစ်ပြီး ပွဲတစ်ဝက်လောက်ရောက်ရင် အကောင်ကြီးတွေထွက်လာပြီး တိုက်ပွဲထဲဝင်ရောက်ဆင်နွှဲမှာ ဖြစ်ပါတယ်။ ကစားသူရဲ့တာဝန်က မိမိဖက်က Reactor ကနေ အကောင်မြန်မြန်ထွက်လာအောင် Mana တွေကို လိုက်လံစုဆောင်းရမှာ ဖြစ်ပါတယ်။ Mana ကို ရန်သူတွေကို နှိမ်နှင်းပြီးဖြစ်စေ၊ Field အတွင်းကနေလိုက်ကောက်ပြီးဖြစ်စေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Battle Field အတွင်းမှာရှိတဲ့ အကောင်တွေကို လိုက်သတ်ပြီး အဲဒီအကောင်တွေကို Ally အနေနဲ့ ရယူဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။

Flame Versus Blaze ကို Square Enix က ဝါရင့်ဂိမ်းရေးဆွဲသူတွေက ပါဝင်ရေးဆွဲထားတာမို့ Quality အပိုင်းကတော့ တော်တော်ကောင်းတာကို မြင်ရပါတယ်။ ဒါပေမယ့် လူတကာဝင်တိုးနေတဲ့ MOBA စျေးကွက်ကို ထိုးဖောက်နိုင်ခြင်း ရှိမရှိကတော့ စောင့်ကြည့်ရမှာပါ။ ဘယ်လိုပဲဆိုပါစေ Square Enix လို့ခေါင်းစဉ်တပ်ပြီးထွက်လာတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အတွက် စမ်းဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ရေးနေတဲ့အချိန်မှာတော့ iOS အတွက်ပဲထွက်ရှိသေးပြီး Android အတွက်ကတော့ အနည်းငယ်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password