Fidget လေးတွေလှည့်ပြီးဆော့ရတာဝါသနာပါတဲ့ Mobile Player တွေအတွက် Spinning.io : Fidget Spinner War!

Fidget လေးတွေဟိုတလောတုန်းကတောင်ခေတ်စားသွားပါသေးတယ်။ အဲ့တုန်းကကျွန်တော်လည်းတစ်ခုဝယ်ပြီးအားရင်ထိုင်လှည့်နေပါ သေးတယ်။ ခံစားမှုကတော့တစ်မျိုးလေးပါပဲ၊ဘာခံစားမှုမျိုးလဲဆိုတာသေချာမပြောပြတတ်ပေမဲ့တော်တော်ကောင်းပါတယ်။ ခဏခဏလှည့်နေတော့လက်ကအကျင့်ပါသွားတာလည်းပါမှာပါ။ဒါပေမယ့်ကျွန်တော့် Fidget လေးကတော့ပျောက်သွားပါပြီ။ နောက်အားရင်ပြန်ဝယ်ပြီး ထပ်လှည့်ဖို့တော့အစီအစဥ်ရှိပါတယ်။Fidget က Anime အနေနဲ့လည်းထွက်ထားပါတယ်။ အဲ့ဒီ Anime ကိုအဖြူကောင်တွေ Short Film လေး ပြန်ရိုက်ထားတာရှိပါတယ်။ကြာချိန်က ၃ မိနစ် နဲ့ ၃၆ စက္ကန့်ပါ။မိတ်ဆွေကြည့်ချင်တယ်ဆိုရင်အောက်က Link ကနေဝင်ကြည့်နိုင်ပါတယ်။

https://www.facebook.com/AdvenWatchog/videos/vb.537555746369475/743253715799676/?type=2&theater

ဂိမ်းဘက်ကိုပြန်လှည့်ပါရစေ။ ဒီဂိမ်းမှာ Fidget ကိုကျွန်တော့်လိုအားနေရင်ထိုင်လှည့်နေရမှာမဟုတ်ပါဘူး။ မိတ်ဆွေကိုယ်တိုင်က Fidget နေရာကဆော့ရမှာပါ။ မိတ်ဆွေ Character က Fidget ဖြစ်သလိုရန်သူတွေကလည်း Fidget တွေပါ။ Fidget  အချင်းချင်းတိုက်ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ ဒီဂိမ်းက online ဂိမ်းဖြစ်ပြီး မိတ်ဆွေတွေ့ရမဲ့အခြား Fidget တွေက Online ကလူတွေပါ။ AI တွေမဟုတ်တဲ့အတွက်ဆော့တဲ့နေရာမှာအရမ်းကြီးတော့လွယ်နေမှာမဟုတ်ပါဘူး။ သွားရမဲ့ပတ်ဝန်းကျင်ပတ်ပတ်လည်မှာ Cells သေးသေးလေးတွေကိုအစက်အနေနဲ့ပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေကအဲ့ဒီ အစက်သေးသေးတွေကိုလိုက်စားခြင်းဖြင့် မိမိ Fidget ပိုမိုမြန်ဆန်လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနည်းနဲ့မိမိ Fidget ကိုမြန်ဆန်အောင်လုပ်နိုင်ပါတယ်။ မိတ်ဆွေကဒီဂိမ်းမှာအခြား Fidget တွေနဲ့ တွေ့ရင်ချင်းချင်းတိုက်နေရမှာပါ။ လည်နေတဲ့Fidget အချင်းချင်းတိုက်ရတာဖြစ်တာကြောင့် Damage ကနှစ်ဖက်လုံးကိုသက်ရောက်မှာပါ။ နှစ်ဖက်လုံးက စားထားတဲ့ Cells တော်တော်များများပြန်ထွက်လာမှာပါ။ Cell တွေလျော့သွားတာကြောင့်နှစ်ဖက်လုံးရဲ့ Fidget ကနှေးသွားမှာဖြစ်ပါတယ်။

                                   

အဲ့တော့ Cells တွေအများကြီးစားထားတဲ့ကောင်ကနစ်နာပါတယ်။အဲ့ဒါကြောင့်ဖြစ်နိုင်ရင်မတိုက်တာအကောင်းဆုံးပါ။ ဒါပေမယ့် Fidget အချင်းချင်းမတိုက်မိအောင်ရှောင်ရတာတော့မဖြစ်နိုင်ပါဘူး။ တချို့ Player တွေဆိုCells အများဆုံးစားထားပြီး Rank ထိပ်ရောက်နေတဲ့ Fidget တွေကိုတမင်လိုက်တိုက်တာပါ။ Cells တွေဘယ်သူအများဆုံးစားထားလည်းဆိုတာကညာဘက်အပေါ်ဆုံးမှာ Leaderboard နဲ့ Rank တွေပြထားပေးပါတယ်။ မိတ်ဆွေ Rank အများဆုံးရောက်ခဲ့ရင်သတိထားနေရမှာပါ။မိတ်ဆွေ Fidget ကိုလိုက်တိုက်ကြမှာမို့ပါ။ ဒီဂိမ်းမှာ Fidget အမျိုးအစားဒါဇင်လောက်ရှိနေတာကိုလည်းတွေ့ဦးမှာပါ။အမျိုးအစားနဲ့အရောင်လည်းတော်တော်စုံပါတယ်။

Free To Play ပါ။ Android ဂိမ်းအမျိုးအစားဖြစ်ပြီးဆော့ရတာပျော်ဖို့ကောင်းတဲ့ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.jointsoft.spinningiofidgetspinnerwars&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password