News

PS4 spider-man မှာ အသစ်ထပ်ပါလာမယ့် New Game Plus Mode

ဒီလ ၇ ရက်နေ့ကမှ လောလောလတ်လတ်ထွက်ထားတဲ့ PS4 spider-man ဟာ ထွက်ထွက်ချင်းမှာပဲ အောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Gameplay တွေ၊ Graphic တွေ၊ Flexible dialogue နဲ့ Photo Mode စတဲ့ feature တွေနဲ့ လူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာကြောင့် ဆော့တဲ့သူတွေအမြောက်အများရှိခဲ့ပြီး ရက်ပိုင်းပဲရှိသေးပေမယ့် game အစအဆုံးအားလုံးအောင်သွားပြီးတဲ့သူတွေလည်း အများကြီးပါပဲ။

ဒီလို game ကိုခဏလေးနဲ့အောင်သွားကြလို့ စိတ်မကောင်းဖြစ်နေရတဲ့သူတွေအတွက် သတင်းကောင်းကတော့ ဒီ game မှာ new game plus ဆိုတဲ့ mode အသစ်ထပ်ထည့်တော့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဒါကို ဖန်တီးသူဖြစ်တဲ့ Insomniac Games က twitter ပေါ်မှာ fan တစ်ယောက်မေးလာတဲ့မေးခွန်းကို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ သူ့အဖြေအရဆိုရင်တော့ New Game Plus Mode ဟာအကြမ်းထည်ပြီးသွားပြီဖြစ်ပြီး အခုအချောသတ်နေဖြစ်ပါတယ်။

ဒီ mode ဟာ တခြား new game plus mode တွေလိုမျိုးဆိုရင်တော့ content အသစ်တွေထပ်ပါလာဖို့သိပ်မရှိနိုင်လောက်ပါဘူး။ ဒါပေမယ့် ဂိမ်းအစအဆုံးအောင်ပြီးသွားရင်တော့ အရင်ဝယ်ထားတဲ့ skin တွေ၊ upgrade တွေနဲ့ ဂိမ်းအသစ်ပြန်စလို့ရမှာပါ။ ဒီ Spider-Man ဂိမ်းကတော့ စက်တင်ဘာ ၇ ရက်နေ့ကထွက်ရှိထားတဲ့ PS4 ဂိမ်းဖြစ်ပြီး Insomniac Games နဲ့ Sony Interactive Entertainment တို့ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ Peter Parker ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ Spider-Man အဖြစ်ပြည်သူတွေကိုကာကွယ်ပုံကို ကိုယ်တိုင်ခံစားလို့ရမှာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ dialogue တွေကို fixed လုပ်ထားတာမဟုတ်ပဲ flexible ပုံစံနဲ့သွားထားတာမို့ ကိုယ့်ရဲ့ကစားပုံအခြေအနေနဲ့လိုက်ပြီး ပြောတဲ့ dialogue တွေကကွာခြားသွားမှာဖြစ်ပါတယ်။ ဒီဂိမ်းကလောလောဆယ်မှာ အရမ်း hype နေပြီး feature တွေကလည်း အလွင့်ဆိုတော့ gamer တွေလည်းဆော့ကြည့်ဖို့တော့ မမေ့ပါနဲ့နော်။

Ref: Polygon 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: