Reviews

သရဲတွေလိုက်ရှာရမယ့် Ghost hunter ဂိမ်း SpecTrek

Playon ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ နည်းနည်း အထူးအဆန်းလေးဖြစ်သွားအောင်း သရဲရှာတဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ သရဲရှာရတဲ့ဂိမ်းဆိုလို့ တကယ့်သရဲလို့တော့ မထင်လိုက်ပါနဲ့နော်။ သရဲအတုလေးတွေပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် လမ်းတစ်လျှောက်မှာရှိတဲ့ သရဲတွေကို camera နဲ့ လိုက်ဖမ်းပြီး ပျော်ရွှင်မှုတွေ ဖန်တီးလိုက်ကြရအောင်…

SpecTrek က GPS ဖွင့်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သရဲတွေ လိုက်ရှာရမှာပါ။ ကစားပုံက Pokemon GO နဲ့ပုံစံချင်း ဆင်ပါတယ်။ Camera ကိုသုံးပြီး လမ်းတစ်လျှောက်မှာရှိတဲ့ သရဲတွေကို မြင်နိုင်ပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာတော့ သူတို့ကို တွေ့ရမှာမဟုတ်ပါဘူး။ အရင်က Pokemon GO ကစားဖူးတဲ့သူဆိုရင်တော့ SpecTrek ကို ကောင်းကောင်းကစားတတ်မှာပါ။

စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားတဲ့ဂိမ်း ဖြစ်ပေမယ့် GPS နဲ့ ချိတ်ဆက်ဖို့အတွက် loading ဆွဲတဲ့အချိန်က နည်းနည်းကြာလို့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့တော့ လိုပါတယ်။ ကစားတဲ့အချိန်ကို ၁၅မိနစ်၊ ၄၅မိနစ် နဲ့ ၂နာရီ ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ Loading ဆွဲပြီးတာနဲ့ သရဲရှိတဲ့နေရာကို GPS မြေပုံကနေညွှန်ပြတော့မှာပါ။ လမ်းလျှောက်ပြီးတော့ပဲဖြစ်ဖြစ် ပြေးပြီးပဲဖြစ်ဖြစ်
သရဲလိုက်ရှာနိုင်ပါတယ်။ ဒါပေမယ့် စက်ဘီးစီးနေတဲ့အချိန်တို့ ကားမောင်းနေတဲ့အချိန်တို့ ကားလမ်းတွေရှုပ်နေတဲ့ အချိန်တို့မှာတော့ အန္တရာယ်များလို့ လုံးဝကို မကစားသင့်ပါဘူး။ အခြားသရဲရှာတဲ့ ဂိမ်းတွေလည်းရှိပေမယ့် SpecTrek က ကစားရတာရိုးရှင်းပြီး အရမ်းကြီးကြောက်ဖို့မကောင်းလို့ ရွေးချယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ရုတ်တရက် သရဲပေါ်လာရင်တော့ မကြောက်ကြနဲ့နော်။ ဂိမ်းကစားနေတယ်လို့ပဲ စိတ်ထဲမှတ်ပြီး ကစားကြပါ။

Android တစ်မျိုးတည်းအတွက်ပဲ ကစားလို့ရပါသေးတယ်။ Play store မှာ မြန်မာငွေ ၃၂၅၉ကျပ် ပေးဝယ်ပြီး download လုပ်ယူနိုင်ပါတယ်။ Rating ကတော့ 4.6 ရှိပါတယ်။ Video ဖိုင်ကိုတော့ အောက်မှာကြည့်လို့ရပါတယ်။

 

Image Source – SpecTrek

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: