နိုဝင်ဘာ ၉ ရက်နေ့ထွက်မယ့် CCG ဂိမ်းအသစ် ‘South Park: Phone Destroyer’

ဒီတစ်ခါ Collectible Card Game (CCG) တိုက်ပွဲထဲကိုဝင်ရောက်လာမယ့် နောက်ဆုံး Player ကတော့ South Park: Phone Destroyer ပဲဖြစ်ပါတယ်။ နာမည်ကျော် South Park TV Series ရဲ့ Official Mobile ဂိမ်းဖြစ်တဲ့ဒီဂိမ်းဟာ Soft Launch အနေနဲ့အချိန်တော်တော်ကြာရှိခဲ့ပြီး နောက်ဆုံးတော့ နိုဝင်ဘာ ၉ ရက်နေ့မှာ Android နဲ့ iOS ၂ မျိုးလုံးအတွက် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Gameplay ပိုင်းကတော့ Clash Royale နဲ့ဆင်တူပါတယ်။ ကဒ်တွေကိုစုဆောင်း၊ Deck တွေဖန်တီးပြီး တိုက်ပွဲဝင်ရမှာပါ။ တိုက်ပွဲထဲမှာလည်း Energy စနစ်နဲ့ ကဒ်တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းရဲ့အနှစ်က South Park စတိုင်ဟာသတွေနဲ့ Animation တွေဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စကားပြောကြတဲ့ Dialogue တွေက သင့်ကိုတခွီခွီဖြစ်နေစေမှာပါ။ Dialogue တင်မကပါဘူး၊ Graphic Design ရော အသံသရုပ်ဆောင်ချက်တွေကပါ TV Series ကရတဲ့အရသာကို အပြည့်အဝပေးစွမ်းမှာဖြစ်ပါတယ်။

IAP နဲ့ ဂိမ်း Mechanic မျှတတာ၊ South Park TV Series ရဲ့ အနှစ်သာရကို ဂိမ်းထဲကို အပြည့်အဝ သယ်ဆောင်လာနိုင်တာတွေကြောင့် Soft Launch ကာလအတွင်းမှာ ဆော့ကစားခဲ့သူတွေက ဒီဂိမ်းကို အကြီးအကျယ်ချီးကျူးနေကြပါတယ်။ စိတ်ဝင်စားတဲ့ South Park ပရိသတ်တွေ ဒီဂိမ်းကိုကစားလို့ရဖို့ ရက်ပိုင်းလေးပဲ စောင့်ရတော့မှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password